0

ယူရို-၂၀၁၆ ပြိုင်ပွဲဝင်ခွင့်ရထားခဲ့သည့် အင်္ဂလန်အသင်းသည် ဆွစ်ဇာလန်အသင်းကို ဟာရီကိန်း၊ ရွန်နီ(ပယ်နယ်တီ)တို့၏ဒုတိယပိုင်းသွင်းဂိုးများဖြင့် နှစ်ဂိုး
ပြတ်အနိုင်ရပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ရယူနိုင်ခဲ့ကာ အုပ်စု ပထမနေရာပါ သေချာသွားခဲ့သည်။ ရွန်နီအနေဖြင့် ယခုတစ်ပတ်ခြေစစ်ပွဲနှစ်ပွဲတွင် ပယ်နယ်တီနှစ်ဂိုးရရှိခဲ့ပြီးနောက် ဂန္ထ၀င် ဘော်ဘီချာလ်တန်၏နိုင်ငံ တကာသွင်းဂိုးစံချိန်ကို ကျော်ဖြတ်ခဲ့ပြီး သွင်းဂိုးပေါင်း ၅၀ပြည့်သွားခဲ့သည်။ အုပ်စု(ဆ)တွင် ဆွီဒင်ကို သရေကစားနိုင်လျှင်ပင် ယူရိုခြေစစ်ပွဲအောင်မြင်မည့် သြစ တြီးယားအသင်းမှာ အဝေးကွင်းတွင်ဂိုးပြတ်သွင်းကာ အုပ်စုပထမနေရာကိုပါ အရယူနိုင်ခဲ့သည်။ လက်ရှိချန်ပီယံ စပိန်အသင်းမှာလည်း မာတာ၏ဂိုးဖြင့် မက်ဆီဒိုးနီးယားကို အနိုင်ရခဲ့ပြီး လက်ကျန်နှစ်ပွဲတွင် တစ်ပွဲအနိုင်ရရုံဖြင့် ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
အုပ်စု(ဂ) ဘီလာရုစ် ၂-၀ လူဇင်ဘတ်
မက်ဆီဒိုးနီးယား ၀-၁ စပိန်
ဆလိုဗက်ကီးယား ၀-၀ ယူကရိန်း
အုပ်စု(င) အင်္ဂလန် ၂-၀ ဆွစ်ဇာလန်
လစ်သူယေးနီးယား ၂-၁ ဆန်မာရီနို
ဆလိုဗေးနီးယား ၁-၀ အက်စ်တိုးနီးယား
အုပ်စု(ဆ) လက်ချင်စတိန်း ၀-၇ ရုရှား
မော်လ်ဒိုဗာ ၀-၂ မွန်တီနီဂရိုး
ဆွီဒင် ၁-၄ သြစတြီးယား
နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကိုရရှိပြီးနောက် ရွန်နီ အောင်ပွဲခံနေစဉ် (Photo:AFP

Eleven Media Group

Post a Comment

 
Top