0

Byမောင်နံ့သာ

နုပ်-ဘကြီးမှုံ၊ ဘကြီးမှုံ။ ဗျို့ဘကြီးမှုံ။
မှုံ - ဟေ့ကောင် အလန့်တကြား နဲ့ မင်းဘာဖြစ်လာရပြန်တာတုံး။
နုပ် - ဘကြီးကလည်း အသံလေး ဘာလေး ပေးမှပေါ့။ ကျွန်တော်က ဘကြီးမရှိဘူးထင်ပြီး စွတ်ခေါ် နေတာ။
မှုံ - ဟ -ဘာအသံပေးစရာရှိလို့ လဲ။ အခုချိန်မှာ လွှတ်တော်အမတ်တွေက လျှောက်ပြန်သံပေးလုပ် နေတော့ ငါတို့က ငြိမ်နေရတာ။ ခု ဟာက အိမ်ထဲလာပြီး မဲဆွယ်နေ ကြတာကွ။ မင်းဟာက မဲလာ ဆွယ်မှန်းမသိ။ အလည်လာမှန်း မသိနဲ့။
နုပ် - မဲလာဆွယ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဘကြီး ဘယ်ပါတီကို မဲထည့်မှာလဲ သိချင်လို့။
မှုံ - အောင်မာ ..၊ မင်းကငါ့ကို ဆီ တွေ၊ ဆန်တွေမရတော့အောင် လာပြဿနာရှာနေပြန်ပြီ။ ဟေ့ ကောင် မင်းတို့ဒီမိုကရေစီဆိုတာ ဆန်တစ်အိတ်၊ ဆီတစ်ဘူး၊ ပိုက် ဆံနှစ်ထောင် လောက်တန်လို့ လား။ ဒီမှာ ငါ့ဘာသာငါ ဟန်ကျ နေတာ။ မင်းလာမနှောင့်ယှက်နဲ့။
နုပ် - ဒါဆိုဘကြီး ဒီမိုကရေစီက ဆီယူသည်၊ ဆန်ယူသည်ဒီမိုကရေစီပေါ့။
မှုံ - ဟေ့ကောင် ဘာပဲပြောပြော လောလောဆယ် ဖူလုံဖို့ပဲ အရေး ကြီးတယ်။
နုပ် - ထားပါ၊ ဘကြီး ဘာသာဆန်ရလို့ပဲထည့်ထည့်၊ ဆီရလို့ပဲ ထည့်ထည့် ဘကြီးနာမည် မဲစာရင်းမှာပါလို့လား။
မှုံ - ဟုတ်ပါ့။ မင်းပြောမှ ငါ တောင် မဲစာရင်းသွားကြည့်ရဦး မယ်။ ပထမတစ်ခါတုန်းကတော့ ပြင်ခဲ့ပြီးပြီ။ ခုတစ်ခေါက်ပါ၊ မပါ သွားကြည့်ဦးမှ။
နုပ် - ဘကြီး ကျွန်တော်တကယ် မေးတာ ဘယ်ပါတီကို မဲထည့်မှာလဲ။
မှုံ - ဒီကောင်ပြောနေရင်းနဲ့ မင်း တော့ကွာ ဆီပေး၊ ဆန်ပေးထား တဲ့ အမတ်တွေကြားကုန်မှဖြင့် ကဲ ကွာ ငါပြောမယ်။ ပြည်ခိုင်ဖြိုး အမတ်တစ်ယောက်ထည့်မယ့် လူကို မဲထည့်မယ်ကွာ။
နုပ် - ဟာ ဦးလေးကလည်း ပြည်ခိုင်ဖြိုး အမတ်ပါဆိုမှ ပြည်ခိုင်ဖြိုးပါ တီကိုပဲ ထည့်မှာပေါ့။
မှုံ - ဒါဆို မင်းဇေကမ္ဘာဦးခင်ရွှေကို သွားမေးလေ။ ဟိုနေ့က ဂျာနယ် ထဲမှာ သူကကော့မှူးမှာဒေါ်အောင်ဆန်းစုကြည်ကို မဲပေးမှာတဲ့ဗျာ။
နုပ် - ဟာ ဟုတ်လို့လား ဦးလေး ရာ။
မှုံ - မသိဘူးလေ ဂျာနယ်ထဲမှာ ဒီ တိုင်းပါတာပဲ။
နုပ် - ဒါဆိုဘကြီးက အင်န် အယ်လ်ဒီပေါ့။
မှုံ - ဟေ့ကောင် သူများတွေကြား ကုန်လိမ့်မယ်။ ငါက နာရေးကူညီ မှုက ကိုကျော်သူကြီးလို သတ္တိရှိ တာ မဟုတ်ဘူး။
နုပ် - ကျွန်တော့်သူငယ်ချင်းတွေ က ဘကြီးကိုပြောတယ်။ မင်း ဘကြီးက အစိုးရတွေ၊ စစ်တပ် တွေသာ ဝေဖန်တာတဲ့၊ ဒီချုပ်ကျရင်မျက်လုံးစုံမှိတ်တဲ့။
မှုံ - ဟုတ်တယ်။ ငါက ရန်သူ အားရ မလုပ်နိုင်ဘူး။ မင်းစဉ်းစား ကြည့် ၂၀၀၈ ဖွဲ့စည်းပုံမှာ မဲများ သူ အနိုင်ယူစနစ်ဆိုပေမယ့် ဒီမို ကရက်တစ်အင်အားစုက ဘယ် လိုပဲဖြစ်ဖြစ် ၆၇ ရာခိုင်နှုန်း အ ပြတ်အသတ်နိုင်မှ အစိုးရဖွဲ့နိုင် မယ့် ညစ်ပတ်တဲ့ ပြဋ္ဌာန်းချက်ကြီး ရှိနေလျက်သားနဲ့ ဒီချုပ်ကို လူအ ကြည်ညိုပျက်အောင် ငါမရေးနိုင် ဘူး။
ဒီချုပ်လုပ်သမျှကို ကြိုက် တာတော့ မဟုတ်ဘူး။ ဟိုတစ် လောက ဖြစ်သွားတဲ့ ကိုယ်စား လှယ်လောင်းရွေးချယ်ရေး ကိစ္စ တွေမှာဆို ဒေါ်စုပြောတဲ့ စကား ကို ငါလုံးဝမကြိုက်ဘူး။ ပါတီကို ပဲ မဲပေးပါ။ လူမကောင်းရင် ပြင် ယူပါမယ်တဲ့။ ပါတီကိုပဲ မဲပေးပါ ဆိုတာတော့ ထားပါတော့။ လူ မကောင်းရင် ပြင်ယူပါမယ်ဆို တော့ နဂိုကတည်းက လူကောင်း ကို ရွေးပါလား။ ပြောရရင် ကိုယ် စားလှယ်လောင်းရွေးတာတောင် တော်တော် နောက်ကျနေပြီ၊ ကြိုက်သလို စစ်ထုတ်လို့ရတဲ့ဥစ္စာ။
နုပ် - အဲဒါဘကြီးတို့က ဘာဖြစ်လို့ မပြောတာလဲ။
မှုံ - ဟေ့ကောင် ဒီချုပ်ရယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်က လွဲရင် ငါတို့မှာ အားကိုးစရာ ဘယ်မှာရှိလဲ။ ၂၀၁၀ တုန်းက ဒီချုပ်မပါလို့ ကျန်တဲ့ဒီမိုကရက်တစ်တွေကို မဲပေးလိုက်ပါတယ်။ လွှတ်တော်ထဲလည်း ရောက်ရော ပီအာရ်တို့၊ မျိုးစောင့်တို့ကို သူတို့ပဲ ထလုပ်တာ မဟုတ်လား။ ခုလည်း ဒေါ်စုက အစိုးရမဖွဲ့နိုင်တဲ့ တစ်သီးပုဂ္ဂလတွေကို မဲမပေးပါနဲ့ ပြောတော့ ၀ိုင်းအော်ကြတယ်။ ငါ ပြောမယ် ၂၀၀၈ ဖွဲ့စည်းပုံအရကို တစ်ယောက်တည်း မိုးပျံအောင်တော်နေ၊ နောက်ဆုံးသိကြားမင်းကြီး ဆင်းလာတာ တောင်မင်းလွှတ်တော်ထဲရောက်ရင် မြုပ်သွားမှာပဲ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အော်ဖို့၊ အသံထွက်ဖို့ မလိုဘူး။ ပြင်နိုင်ဖို့ပဲ လို့တယ်။ ဒီစနစ်ကိုပြင်ဖို့လွှတ်တော်ထဲမှာ လူအများကြီးလိုတယ်။ မင်းဟိုက အစိတ်သားရယ်၊ အာဏာရှင်လက်စွဲတွေရယ် ပေါင်းထားတာကို မင်းဘယ်လိုရုန်းမလဲ။ တစ်ယောက်တည်း ထအော်နေလို့ကတော့ အော်ပြီးမော၊ မောပြီးအော်နဲ့ နောက်ဆုံး မင်းပဲ အသံဝင်သွားမှာပေါ့။ ငါတို့လိုချင်တာက လွှတ်တော်ထဲမှာဘာလုပ်ပေးပါ၊
ဘာတော့မလုပ် ပေးဘူးဆိုပြီး ထအော်နေတာမျိုး မဟုတ်ဘူး။ စနစ်ကိုပြောင်းချင်တာ။ ဒါကြောင့်ဒီစနစ်ကို ပြောင်းဖို့တစ်ခုတည်းသော အင်အားကြီး အုပ်စုဟာ ဒီချုပ်ပဲ၊ ဒီချုပ်ကိုမဲပေးမှ ပြောင်းလဲမှာ။
နုပ် - ဒါဆို ဘကြီးက ဒီချုပ်ဘာ လုပ်လုပ် မဝေဖန်တော့ဘူးပေါ့။
မှုံ - အရင်တုန်းက မဝေဖန်ဘူး။ ခု ရွေးကောက်ပွဲနီးလာတော့ ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ဒီချုပ်အဖွဲ့ဝင်တွေ၊ အထူးသဖြင့် အောက်ခြေရပ်ကွက်၊ မြို့နယ်အ ဖွဲ့ဝင်တွေကို ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် မျက်နှာ ကို အိုးမဲမသုတ်ပါနဲ့လို့။
နုပ် - ဘာဖြစ်လို့လဲ ဘကြီးရဲ့။
မှုံ - ဒီချုပ်အဖွဲ့ဝင် ဦးဟံသာမြင့်က ကျွန်တော်တို့နိုင်ဖဲက The Lady လို့ ပြောတယ်လို့ အင်တာဗျူးတစ် ခုမှာ ဖတ်ရတယ်။ အမှန်ပဲ။ ပြည် သူလူထုက ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ဉာဏ်ပညာ၊ မေတ္တာ တရား၊ စွန့်လွှတ်မှုကို ချစ်ကြလို့ ဒီချုပ်ကို ၀န်းရံကြမှာ။ ဒီချုပ်ကို မဲပေးတယ်ဆိုတာထက် ဒေါ်စုကို မဲပေးကြမှာ။ အဲဒါကို သိထားဖို့လိုတယ်။ ဒီချုပ်အဖွဲ့ဝင်တွေ အောက်ခြေ မလွတ်ကြပါနဲ့။ မရောင်ရာ ဆီမလူးပါနဲ့။ သရုပ် မပျက်ပါနဲ့။ အသံသိပ်မကျယ်ပါ နဲ့။ အလွန်အကျွံအောင်ပွဲ မခံပါ နဲ့။
မဲနိုင်ရေးလှုပ်ရှားပါ။ လတ် လျား လတ်လျား မလုပ်ပါနဲ့။ ပြည်သူကို ငါတို့လောက် မသိမတတ်ဘူးမထင်ပါနဲ့။ လူအမြင်ကတ်အောင် မလုပ်ပါနဲ့။
နုပ် - ဟာ ဘကြီးက ပြောတော့ လည်း အများကြီးပဲ။
မှုံ- သြော် ငါမြင်နေတာ ဒီထက် ဆိုးတာတွေတောင် ရှိသေးတယ်။ အပေါ်ပင်နီ ယောလုံချည်ဝတ်ပြီး မှ ခေါင်းမှာ အနီပတ်တွေ ပတ် ပြီး စည်းပျက်ကမ်းပျက်ဖြစ်နေ တာမျိုးတွေ တွေ့ဖူးတယ်။ ပြည်သူလူထုတိုင်း NLD ပါတီဝင်ချည်း မဟုတ်ဘူး။ သူတို့က သည်အ ချိန်မှာ ရွေးချယ်နေကြတာလေ။ ဘယ်ပါတီကို မဲပေးရမလဲ။ ခု မဲ စာရင်းကိစ္စကြည့်။ ဒီချုပ်က မနေ့ တစ်နေ့ကမှ စာထုတ်တယ်။ ငါ ပြောနေတာကြာပြီ။ ရပ်ကွက်ထဲ က အင်န်အယ်လ်ဒီတွေကို မင်းတို့ မဲ စာရင်းကိစ္စတစ်အိမ်တက်ဆင်း လုပ်ကြပါ။ မဲစာရင်း ပထမဦးဆုံး စကပ်ကတည်းက ပြောတယ်။ ဘယ်အင်န်အယ်လ်ဒီမှ လာမလုပ်ဘူး။ မရောင်ရာ ဆီမလူးနဲ့ဆိုတာ အဲဒါကိုပြောတာ။ မဲစာရင်းစစ်ဆေးပေးတာကော အောင်နိုင်ရေး လုပ်တာမဟုတ်ဘူးလား။ ခု တော့ သီချင်းတွေ အကျယ်ကြီး ဖွင့် ၀တ်စုံပြည့်နဲ့ လတ်လျား လတ် လျား အော်ကြီးဟစ်ကျယ် လျှောက်လုပ်နေရင် ဒေါ်စုကို ချစ်လို့ မဲ ပေးချင်တာတောင် သောက်မြင် ကတ်တယ် မထည့်တော့ဘူးကွာ ဆိုပြီး ဖြစ်သွားဦးမယ်။ ပြည်သူ လူထုက အဲဒီလို ၀တ်စုံတွေနဲ့ ဟို လုပ်ဒီလုပ် ဟိုလျှောက် ဒီလျှောက်ကို စစ်အစိုးရလက်ထက် အ၀ါ၊ အစိမ်း ဘာအ ဖွဲ့၊ ညာအဖွဲ့ဆိုတာတွေ လုပ်ကတည်းက သောက် မြင်ကတ် နေကြတာ။ နောက်တစ်ခုက ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲပြီးတုန်းက အင်န်အယ်လ်ဒီဗဟိုကတောင် စာထုတ် ရတယ်မဟုတ်လား။ အလွန်အ ကျွံအောင်ပွဲ မခံပါနဲ့ဆိုပြီး၊ ခု လည်း ဒီပွဲက ငါတို့အနိုင်ဆိုပြီး ခု ကတည်းက အောင်ပွဲခံတဲ့ ပုံစံ မျိုးတွေလုပ်ရင် ပြည်သူမျက်မုန်း ကျိုးလိမ့်မယ်လေ။ မဲဆွယ်တယ် ဆိုတာ အသံကျယ်ဖို့ မလိုဘူး။ အသံရောက်ဖို့ပဲ လိုတာ။
နုပ် - ဒါဆိုလည်း ဘကြီးပဲ ၀င် ရွေးလိုက်ပါလား။
မှုံ - ဟာ ဒီကောင်ကတော့ ဘာ လဲ ဟိုဝန်မင်းနှစ်ပါးလို ရင်မှာစွဲလမ်းတို့၊ ပြည်သူချစ်ကြည်တို့ဆိုတဲ့ ဆောင်ပုဒ်မျိုးနဲ့လား။
နုပ် - ဟုတ်တယ်လေ ဘကြီးရဲ့။ ပြည်သူ့အချစ်တုံ ဘကြီးမှုံပေါ့ ဟား ဟား ဟား ။
မှုံ - ဒီခွေးကောင် လူကြီးကို ကြီးမှ ပေါတောတော လာလုပ်ခိုင်းပြန်ပြီ။ ငါကောက်ပေါက်လိုက်ရ။

Post a Comment

 
Top