0

တန်ယွန်မက် ခရိုင်တွင် ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အဆောက်အအုံ တစ်ခုကို စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်( Photos:The Nation )
ထိုင်းနိုင်ငံ နာရာသီဝပ်ပြည်နယ် ရန်ဂေးခရိုင်တွင် မွတ်စလင် သူပုန်များက စက်တင်ဘာ ၁၇ ရက် ညတွင် ဗုံးခွဲတိုက်ခိုက်မှု လေးခုပြုလုပ်ခဲ့ရာ လူနှစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယရဲချုပ် ပရာဝတ်သာဗွန်းသီရိက ပြောကြားခဲ့သည်။
ပရာဝတ်က ဗုံးနှစ်လုံးသည် ဆန်ခါဆစ် ကျောင်းတော်ဘေး၌ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပထမဗုံးသည် ဗုံးပေါက်ကွဲရာ နေရာသို့ လူများ ရောက်လာအောင် ဆွဲဆောင်ခြင်းဖြစ်ပြီး ယင်းနောက် ဒုတိယမြောက် ဗုံးပေါက်ကွဲခဲ့ရာ လာရောက်ဝိုင်းအုံသော ရွာသားများ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
တတိယမြောက်ဗုံးသည် တန်ယွန်မက် ကော်ပိုရေးတစ် အဆောက်အအုံ ရှေ့အနီးတွင် ပေါက်ကွဲခဲ့ပြီး စတုတ္ထမြောက်ပေါက်ကွဲမှုသည် TOT Plc. ၏ ရုံးခွဲတစ်ခုရှေ့၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းနေရာ အားလုံးသည် တန်ယွန်မက် ခရိုင်အတွင်း၌ ရှိကြောင်း သိရသည်။
တတိယမြောက်ဗုံး ပေါက်ကွဲမှုအဖြစ် ပထမ ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားရာသို့ အထူး ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ လမ်းလျှောက်လာစဉ် မော်တော်ဆိုင်ကယ် တစ်စီးတွင် ၀ှက်ထားသည့် ဗုံးက ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မော်တော်ဆိုင် ကယ်ဗုံးကြောင့် ပြည်သူ့စစ် အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာသားတစ်ဦး သေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့သည်။
ဗုံးပေါက်ကွဲမှု လေးခုသည် ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၂၀ နှင့် ၈ နာရီ အကြား ဖြစ်ပွားခြင်း ဖြစ်သည်။ ဗုံးပေါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိသူ ၁၄ ဦးရှိရာ ယင်းတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် လေးဦးပါဝင်သည်။ ည ၉ နာရီ မိနစ် ၂၀ တွင် တန်ယွန်မက်ခရိုင်၌ နောက်ထပ်ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ သေးသော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။                                         
Ref:The Nation
http://news-eleven.com/

Post a Comment

 
Top