0

ရန်ကုန်၊ စက်တင်ဘာ ၄-ထိုင်းနိုင်ငံ သို့ တရားမဝင်တင်ပို့ရန်ခိုးယူ သယ် ဆောင်လာစဉ် နွားခိုးဂိုဏ်းများလက် မှ ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည့် ကျွဲ၊ နွားအကောင်၅ဝကို ဖျာပုံတရားရုံး ထံမှ လေလံဖြင့် ပြန်လည်ဝယ်ယူ ၍ ရေဘေးသင့်ဒေသများသို့ လှူဒါန်း နိုင်ရန် စီစဉ်နေကြောင်း မင်္ဂလာ ဝိစိတ္တာရာမကျောင်းတိုက် (မွန်ကျောင်း) ဆရာတော် အရှင်ပညာသီရိက ဒီမိုကရေစီတူဒေးသို့ မိန့်ကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ မြို့နယ်တရားရုံးမှ အဆိုပါနွားများ ကို ထိန်းသိမ်းရန်ခက်ခဲသည့်အခြေ အနေကြောင့် လေလံတင်ရောင်းချ ရန်စီစဉ်နေပြီး ယင်းကျွဲနွားအကောင် ၅ဝကို လေလံဆွဲကြေးပေးသွင်း၍ ဝယ်ယူခွင့်ရရှိရန် တရားရုံးတွင်တင် ပြထားခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော် အရှင်ပညာသီရိ က ''နွားတွေကိုလှူတဲ့အခါမှာ အဲ့ဒီ မြို့နယ်တွေမှာရှိတဲ့ ဘုန်းကြီးကျောင်း တွေမှာအပ်ခဲ့မယ်။ နွားလိုတဲ့ဒေ သခံ တွေက လာယူသုံးစွဲပြီးရင်ပြန်ထား၊ နွားတွေကို အစာလေးပဲကျွေးပေး ရင်လုံလောက်ပါပြီ။ ဘာလို့အဲ့ဒီလို ဘုန်းကြီးကျောင်းတွေမှာ ပေးခဲ့မှာ လဲဆိုတော့ လူတွေက နွားတွေအသက်ကြီးလာရင် သတ်ဖို့ရောင်းစား မှာစိုးလို့ဖြစ်ပါတယ်''ဟု မိန့်ကြားသည်။
အဆိုပါ ကျွဲ၊ နွား အကောင် ၅ဝကို လေလံကြေးပေးသွင်း၍ ဝယ် ယူနိုင်ပါက ရေဘေးသင့်ဒေသများ ဖြစ်သည့် ရခိုင်ပြည်နယ်သို့အကောင် ၂၀၊ ကလေးမြို့နယ်သို့အကောင် ၃၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ရေဘေးသင့်ဒေသများသို့ နွား များကို ပြန်လည်လှူဒါန်းနိုင်ရန်အ တွက် လေလံကြေး၊ အစာစရိတ် နှင့် သယ်ယူပို့ဆောင်ခတို့ကို ဆက် သွယ်လှူဒါန်းနိုင်ကြောင်း နွားအသက် ကယ်ဇီဝိတဒါန ဆောင်ရွက်နေ သည့် ဦးသိန်းဆွေကပြောသည်။
''နွားတွေကိုရဲစခန်းထဲမှာ သိမ်း ထားတယ်ဆိုတော့ အစားလဲမစား ရတော့ ပိန်လှီနေကြတယ်။ နွားစာ အထုံးတွေဝယ်ပြီး ကျွေးနေတယ်။ ခရိုင်တရားသူကြီးရုံးက တာဝန်ရှိ သူတွေကလဲ ကူညီကြပါတယ်။ ဒီကျွဲ၊ နွားအကောင် ၅ဝအပြင်ထပ်ပြီး လေလံတင်ရောင်းဖို့ကျန်တဲ့ အခိုး ခံရတဲ့ကျွဲနွားတွေရှိသေးတယ်။ အဲ့ဒီ ကျွဲနွားတွေကိုလဲ လေလံထပ်ဆွဲယူ ပြီး ထပ်လှူဒါန်းဖို့ စီစဉ်နေပါတယ်'' ဟု ၎င်းကပြောသည်။
ယခုနှစ် ဩဂုတ် ၂၃ရက် နံနက် ၆နာရီခွဲအချိန်ခန့်က ဖျာပုံ ခရိုင်အမာမြို့နယ် ဘဝသစ်ကျေး ရွာအုပ်စု၊ ခတ္တာကျွန်းကျေးရွာအ နီးရှိသောင်ပြင်တွင် တရားမဝင် သယ်ဆောင်ခြင်းခံလာရသည့် နွား ထီးအကောင် ၂၀၊ နွားမ ၂၅ကောင် နှင့် ကျွဲငါးကောင်ကို သက်ဆိုင်ရာရဲ စခန်းမှ သိမ်းဆည်းရမိ ခဲ့ခြင်းဖြစ်ပြီး နွားနှစ်ကောင်မှာ အစာအာဟာရ ပြတ်လပ်မှုကြောင့် သေဆုံး သွား ကြောင်း သိရသည်။
Photo Caption: လေလံဆွဲထားသည့်နွားများကို ဆရာတော်မှ အစာကျွေးမွေးနေစဉ်။
Photo: TTMT

Democracy today

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top