0

စတီဗင်ဂျာရတ် ဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့တံခါး ဖွင့်ချိန်မှာ လီဗာပူးလ် အသင်း သို့ ပြန်လိမ့်မည် မဟုတ်ကြောင်း MLS အရာရှိ ဒွန် ဂါဘာ က ပြောကြားခဲ့ပါတယ်။
အင်္ဂလန် အသင်းခေါင်းတောင်ဟောင်း ဟာ ပြီးခဲ့တဲ့ နွေရာသီက သူငယ်စဉ်ကတည်း က ၁၇ နှစ်တိုင် ကစားခဲ့တဲ့ လီဗာပူးလ် အသင်း နဲ့ ကစားသမားသမား ဘဝ ပြီးဆုံးခဲ့ပြီး အယ်လ်အေ ဂလက်ဆီ အသင်း ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဂျာရတ် လီဗာပူးလ် ကနေထွက်ခွာစဉ်ကတည်း က ဆောင်းရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ် အသင်း သို့ ပြန်လာမည်လို့ ကေလဟာလ သတင်းများထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ MLS အရာရှိချုပ် ဂါဘာ က ၃၅ နှစ်သားရဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
"""ဂျာရတ် လီဗာပူးလ် အသင်း ကို ပြန်သွားမှာလား၊ ကျွန်တော်မထင်ပါဘူး၊ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး ဘာမှ မကြားရပါဘူး၊ ဒါဟာ စိတ်ကူးနဲ့ မှန်းဆနေကြတာပါ၊
ရာသီရပ်နားထားတဲ့ အချိန်မှာ ထိပ်တန်းကစားသမားတွေ အငှားနဲ့ သွားရောက်ကစားကြမယ်လို့ ကျွန်တော် မယုံပါဘူး၊
ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ခဲ့တာပါ၊ ကျွန်တော် နောက်ဆုံး ဖြစ်ခဲ့တာ ကို သေချာမမှတ်မိပါဘူး၊ ရော်ဘီကိန်း က အက်စွန်ဗီလာ နဲ့ အွန်နရီ က အာဆင်နယ် ကို သွားကစားခဲ့တာပါ (နှစ်ယောက်စလုံး ၂၀၁၂ ကပါ)""" လို့ ဂါဘာ က ပြောကြားခဲ့ပါတယ်။
ဂျာရတ် ထွက်ခွာပြီးနောက် ဘရန်ဒန်ရော့ဒ်ဂျာ ရဲ့ အသင်း ဟာ ရရှိနိုင်တဲ့ ၁၂ မှတ် မှ ၇ မှတ် ပိုင်ဆိုင်ထားပြီး ကြိုးကြာနီ တို့ ဟာ စနေနေ့ ညနေ မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Football Café

Post a Comment

 
Top