0
      ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် သံဃာတော်တစ်ပါး လည်ပင်းပြတ် သေဆုံးခြင်းသည် မိမိကိုယ်ကို အဆုံးစီရင် သွားခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး သစ်ဆန်းက The Messenger Media သို့ ပြောသည်။
      “အွန်လိုင်းမှာ ဖွနေသလို၊ လုပ်ကြံတာ မဟုတ်ပါဘူး။ သူ့ဘာသာသူ အဆုံးစီရင်သွားတာပါ။ သေဆုံးတဲ့ ဆရာတော်က စိတ်မူမမှန်တာတွေ ရှိတယ်လို့ သူနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပြီးပါပြီ”ဟု ၎င်းက ပြောသည်။
      ပြီးခဲ့သည့်ရက်အတွင်းက ရခိုင်ပြည် မြောက်ဦးမြို့ ၀သဲရပ်ကွက် တက္ကသီလ ဘုန်းကြီးကျောင်း ဆရာတော် ဦး....အား ဆွမ်းခံမကြွ၍ ဆရာတော်၏ မိသားစုဝင်များမှ သွားရောက်ကြည့်ရှုရာတွင် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရ ပါသည်။
      ပျံလွန်တော်မူသွားသည့် ဆရာတော် ဦး....သည် မြောက်ဦးမြို့ရှိ ဇိနမာန်အောင် ဆရာတော်ကြီး၏ တပည့်အရင်း ဖြစ်ပြီး၊ လွန်ခဲ့သည့် နှစ်ရက်အတွင်း ဆရာတော်ကြီးထံ လာရောက်၍ မူမမှန်သော စကားများ ပြောဆိုခဲ့ကြောင်း သိရသည်။
      ထိုသို့ပြောဆိုရာတွင် သူ၏ကျောင်းတွင် သရဲတစ္ဆေများ ရှိနေကြောင်း ပြောဆိုခဲ့ခြင်းကို ဆရာတော်ကြီးမှ ဆုံးမစကားပြော၍ ပြန်လွှတ်လိုက်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
      ဆရာတော် ဦး....သေဆုံးခြင်းသည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်း ဖြစ်ကြောင်းကို မိသားစုဝင်များမှလည်း လက်ခံခဲ့သောကြောင့် ရဲတပ်ဖွဲ့မှ အတည်ပြုလိုက်ကြောင်း သိရသည်။
      ဆရာတော် ခ္တီစာရ သေဆုံးရာတွင် ၎င်း၏ အိပ်ရာပေါ်တွင်သာ သေဆုံးနေခြင်း ဖြစ်ပြီး၊ ဆရာတော်၏ဘေးတွင် ဓားတစ်လက် တွေ့ရှိခဲ့သည်။ ပတ်ဝန်းကျင်ရှိ ပစ္စည်းများမှာလည်း ခြေရာလက်ရာ မပျက်ဘဲ တည်ရှိနေ၍ ဆရာတော်သည် မိမိကိုယ်ကို အဆုံးစီရင်ခြင်းသာ ဖြစ်ကြောင်း ရဲမှူးကြီး သစ်ဆန်းက ဆိုသည်။
      အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲမှူးကြီးကိုယ်တိုင် သေဆုံးသည့် နေရာသို့ သွားရောက်ပြီး၊ သံဃာတော်များနှင့် ပြည်သူများကို အဖြစ်မှန် ရှင်းပြခဲ့သည့်အပြင် အင်တာနက် စာမျက်နှာတွင်လည်း ရှင်းလင်း ရေးသားထားပြီး ဖြစ်ကြောင်း သိရသည်။

http://messengernewsjournal.com/News/Local/detail.php?id=45323

Post a Comment

 
Top