0


ကြည့်မြင်တိုင် ဘူတာစင်္ကြံ မှာထိုင်။ အရှေ့မှာမြင်နေရတဲ့ ဘူတာရုံကြီးကို တစိမ့်စိမ့်ကြည့်ရင်း ကျွန်မတို့နိုင်ငံကို နှစ်တစ်ရာကျော်ကျွန်ပြုသွားခဲ့တဲ့ ကိုလိုနီနယ်ချဲ့တွေရဲ့ ကျေးဇူးကို အောက်မေ့ဆင်ခြင်မိနေပါတယ်ဆိုရင် သေချာတယ် . . . အနောက် မျှော်မ၊ကျွန်စိတ်မကုန်သေးတဲ့ ကျွန်သပေါက်မ၊  ပြည်ပအားကိုးပုဆိန်ရိုးမ။အဲဒီလို အမျိုးမျိုးထောမနာပြုကြမှာ သေချာပါတယ်။
ပြောချင်တဲ့သူပြော။ ပြော ချင်ရာပြော။ ဒီနေ့ကျွန်မ တောင် ဒဂုံက အစ်မဆီသွားမလို့။ ရုံးပိတ် ရက်ကလေးသွားရတာ ကားစီး ရင် အသွားအပြန်နေ့တစ်ဝက် အချိန်ကုန်မယ့်ခရီး။ ကားပေါ်မှာ ကျပ်။ နေကပူ၊ ရာသီဥတုကပူ။ ကားလမ်းတွေကပိတ်၊ ဟိုလည်း ရောက်ရော လူကအရုပ်ကြိုးပြတ်။ခဏနေတော့ ပြန်ဖို့လုပ် အိမ် လည်းပြန်ရောက်ရော လူလည်း မလှုပ်နိုင်တော့ဘူး။ အဲဒါ ရန်ကုန် မြို့ လမ်းမပေါ်မှာ ယာဉ်ကြော တွေပိတ်ဆို့မှုကြောင့် ခံစားရတဲ့ ဒုက္ခ။ အဲဒီဒုက္ခတွေ သက်သာလို ခြင်းအလို့ငှာ ရထားစီးကြည့် တယ်။ အဆင်ပြေတယ်။ အရင်က တော့ မြန်မာ့မီးရထားက ပျောက် တတ်တယ်။ အချိန်မမှန်ဘူးဆိုတဲ့ နာမည်ပျက်ရှိထားတော့ မရဲတရဲ စမ်းစီးကြည့်ရာက ကောင်းမှန်း သိလာတယ်။ ခေါက်ရေတွေတိုး ဆွဲလာသလို အဲကွန်းရထားတွေ ကြောင့် တွဲပေါ်မှာ လူသန့်လာ တယ်။ အချိန်မရွေး လက်မှတ်စစ် တွေ စစ်တဲ့အတွက် ခိုးစီးတဲ့အပေ အတေတွေ ကင်းစင်လာတယ်။ လေကောင်းလေသန့်ရပြီး မီးပွိုင့် တွေ၊ ယာဉ်ကြောပိတ်ဆို့ခြင်းတွေ ကိုယ်နဲ့မပတ်သက်တော့။ တောင် ဒဂုံကို ကြည့်မြင်တိုင်ကနေ တိုး ကြောင်ကလေးဘူတာအထိစီးလိုက်တယ်။ ပြီးမှ ဒဂုံထဲဝင်တဲ့ကား တစ်စီးစီးကိုစီးလိုက်၊ လေးငါးမှတ်တိုင်ဆိုရောက်။ အချိန်ကုန်သက်သာ။ လူလည်းသက်သာ ကျေးဇူးပါမမ။
 တကယ်တော့ ‘‘မမ’’လို့ အလွယ်ခေါ်လိုက်တဲ့ မြန်မာ့မီးရ ထား မြန်မာ့မြေမှာကြီးပြင်းခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပါပြီ။ အတိအကျပြောရရင် ၁၃၈ နှစ် ပြည့်ခဲ့တာ ပြီးခဲ့တဲ့မေလ ၁ ရက် နေ့ကပါ။ ကျွန်မတို့ မြန်မာ့သမိုင်း မှာသင်ခဲ့ရတဲ့အတိုင်း အင်္ဂလိပ် နယ်ချဲ့ဟာ မြန်မာတစ်နိုင်ငံလုံး ကို သိမ်းပိုက်နိုင်ဖို့ စစ်သုံးကြိမ် တိုက်ခဲ့ရပါတယ်။ ၁၈၂၄ မှာ ပထမအကြိမ်စစ်ပွဲဖြစ်ပြီး ရခိုင်နဲ့ တနင်္သာရီကိုသိမ်းခဲ့တယ်။ ၁၈၅၂ မှာ ဒုတိယအကြိမ်တိုက်ပြီး အောက်မြန်မာပြည် ရန်ကုန်အပါ အဝင် ရန္တပိုရွာအထိ သိမ်းခဲ့တယ်။ ၁၈၈၅ မှာ နောက်ဆုံးအကြိမ် စစ်ဖြစ်ရင်း သီပေါဘုရင်နဲ့ မိဖု ရားကိုပါ ဖမ်းသွားခဲ့တယ်။ တစ် နိုင်ငံလုံးကို သိမ်းခဲ့တာ အဲဒီ တတိယအင်္ဂလိပ်-မြန်မာစစ်ပြီးမှ ပါ။
 အင်္ဂလိပ်လက်အောက် မရောက်ခင် မြန်မာတွေရဲ့ ကူးသန်းရောင်းဝယ်ရေးကတော့ မိရိုးဖလာလှေ၊ လှည်းတွေနဲ့ပဲရှိ နေတုန်းပါ။ နွားလှည်း၊ မြင်းလှည်း၊လှေ၊ သမ္ဗန်တွေနဲ့ ရွက်တိုက် သွားလာနေကြတာပဲရှိပါသေး တယ်။ လူထုသယ်ယူပို့ဆောင် ရေးလုပ်ငန်းဆိုတာ မရှိသေးပါ ဘူး။ ရန်ကုန်ကနေ တောင်ငူကို လှေနဲ့သွားရင် ရက်ပေါင်း၂၀ ကြာပါတယ်။ ကမ္ဘာပေါ်မှာတော့ အရှေ့နဲ့အနောက် ကူးသန်းသွား လာရေးအတွက် အရေးပါတဲ့ စူး အက်တူးမြောင်းကြီးကို ၁၈၆၉ မှာ ဖွင့်လှစ်နိုင်လိုက်တဲ့အတွက် အရှေ့နဲ့အနောက် ကူးသန်း ရောင်းဝယ်ရေးတွေ တစ်ရှိန်ထိုး တိုးတက်သွားပါတော့တယ်။
 ကမ္ဘာ့ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားဖို့အတွက် တောင့်တင်းခေတ်မီတဲ့ ရေတပ် အားကိုးနဲ့ နေမဝင်အင်ပါယာကြီး ထူထောင်ထားတဲ့ အင်္ဂလိပ်အစိုးရ ဟာ ရန်ကုန်နဲ့မြန်မာဘုရင်ပိုင် နယ်စပ်အနီးဆုံးကို အမြန်ဆုံး ရောက်နိုင်မယ့် ရထားလမ်း ဖောက်ဖို့ အစီအစဉ်ချပါတော့ တယ်။ အထက်မြန်မာပြည်ကို လုံးဝသိမ်းပိုက်မယ့်ရည်မှန်းချက် ရှိသလို မြန်မာဘုရင်က ပြန်ပြီးစစ် ပြုလာခဲ့ရင် လက်နက်နဲ့ စစ်သား တွေ အမြန်ဆုံးပို့လွှတ်နိုင်ဖို့အတွက် မြန်မာ့မြေပေါ်မှာ ပထမဆုံးရထားလမ်းဖောက်ပါတော့တယ်။
 ရန်ကုန် - ပြည် မီးရထား လမ်းပါ။ ၁၈၇၄ စက်တင်ဘာမှ စဖောက်ခဲ့တာ သုံးနှစ်အကြာ ၁၈၇၇ မေလ ၁ ရက် နံနက် ၆ နာရီမှာ ပထမဆုံးအခေါက် ရန်ကုန်ကစထွက်ပြီး ဖွင့်ခဲ့တာပါ။ မီတာဂိတ်ခ်ျလို့ခေါ်တဲ့ တစ်မီတာ အကျယ်ရှိတဲ့ သံလမ်းခင်းထား တာဖြစ်ပါတယ်။
ဆရာကြီးလူထု(ဦး)စိန်ဝင်း ရေးခဲ့တဲ့ ‘‘သမိုင်းထဲက စီးပွားရေး၊ စီးပွားရေးထဲကသမိုင်း’’စာအုပ် ထဲမှာ ကျွန်မဖတ်ထားတာလေးကို ပြန်မျှဝေထားခြင်းပါ။ အဲဒီလို ၁၈၇၇ ကတည်းက မြန်မာ့မြေပေါ် ရောက်လာတဲ့ ရထားသံလမ်းတွေဟာ မြန်မာ့သမိုင်းကိုရယ်၍ တစ် မျိုး၊ ငို၍တစ်ဖုံ နတ်သံနှောလို့ ပြန်ပြော နေတတ်ပါတယ်။ အင်္ဂလိပ်လူမျိုးရဲ့ စည်းစနစ်ကျ ခြင်း၊ အချိန်ကိုတန်ဖိုးထားခြင်းကို လည်း သံလမ်းပေါ်မှာတွေ့ရ တယ်။ ဆရာကြီးက နမူနာရေးပြ ထားတယ်။
 ‘‘ကဲ . . . ကိုသိန်းမောင် ကွမ်းခြံဘူတာကြီးက ၁၂ နာရီ ၅ မိနစ် ထွက်တဲ့ သင်္ဃန်းကျွန်းလော် ကယ်နဲ့ သင်္ဃန်းကျွန်းကိုသွားပေ တော့။ ကိစ္စပြီးရင် ၃ နာရီ ၂၀ လော်ကယ်နဲ့ပြန်လာခဲ့။ ၃ နာရီ ၄၅ မိနစ်မှာ ကျုပ်တို့နှစ်ယောက် တစ်နေရာကိုသွားရမယ်’’။ အဲဒါ စုံထောက်ကြီးဦးစံရှားက သူ့မိတ် ဆွေဦးသိန်းမောင်ကို ပြောတဲ့ စကား။ အဲဒီခေတ် မြန်မာ့မီးရထားတွေပျောက်ဖို့ဝေးလို့ ရထားဆိုက် ရောက်ချိန် မိနစ်တောင်မလွဲခဲ့ ဘူး။ အခုခေတ် စင်ကာပူ၊ ကိုရီး ယား၊ ဂျပန်ကမီးရထားတွေ အချိန်မှန်သလို လွန်ခဲ့တဲ့ နှစ် ၁၀၀က ကျွန်မတို့ မမတွေလည်း အချိန်မှန်ခဲ့ပါတယ်။ လွမ်းမိပါရဲ့ အင်္ဂလိပ်ခေတ်က မီးရထား။
အချိန်မှန်ရုံမက ဘယ်လို အခက်အခဲတွေရှိရှိ မီးရထား မပျောက်ဘူး။ မီးရထားဝန်ထမ်း တွေ တာဝန်ကိုကျေပွန်စွာထမ်း ဆောင်ခဲ့တဲ့ သက်သေလေးလည်း ပြောပြချင်သေးတယ်။ ဘယ် ခေတ်မဆို ခေတ်နဲ့တစ်သား တည်းဖြစ်ပြီး ခေတ်ကိုထင်ဟပ် ထားတဲ့ ရသစာပေတွေဟာ နှစ် တွေဘယ်လောက်ကြာကြာ ဂန္ထ ဝင်စာပေတွေအဖြစ် အတုယူ ကိုးကားကြရစမြဲပဲ။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ‘‘တစ်ပြည် သူမရွှေထား’’ဟာ အခုထိနုပျို လတ်ဆတ်နေတာလည်း ခေတ်နဲ့ အဲဒီခေတ်လူငယ်တွေရဲ့ဘဝတွေ နဲ့ ကင်းလွတ်မသွားလို့ဖြစ်မှာပါ။
အဲဒီမရွှေထားဝတ္ထုဟာ စိတ် ရိပ် စစ်ငွေ့တွေလွှမ်းနေတဲ့ ပြည် မြို့တစ်ဝိုက်ကို ပုံဖော်ထားပါ တယ်။ အဲဒီမှာ ရန်ကုန်-ပြည် မီးရထားအကြောင်း နည်းနည်းသိ လိုက်ရတယ်။ မြန်မာ့မြေပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်နယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်တို့ရဲ့ နာမည်ကျော် ရွှေတောင်တိုက်ပွဲ။ အင်္ဂလိပ်ဗိုလ် ချုပ်ကြီးဖီးလ်မာရှယ်ဆာဝီလီယံ ဆလင်း ဂျပန်ကိုခုခံတိုက်ခိုက်ခဲ့ ပြီး အကျအဆုံးများစွာနဲ့ ဆုတ်ခွာ ပေးလိုက်ရတဲ့ ရွှေတောင်တိုက်ပွဲ။
အဲဒီတိုက်ပွဲမဖြစ်ခင် ဂျပန် ဟာ ရန်ကုန်မြို့ကိုဗုံးကြဲနေပြီ။ ၁၉၄၂ နွေဦးပေါ့။ အင်္ဂလိပ် မြန်မာပြည်ကို ဝင်လာစဉ်က ဘင်္ဂလားနယ်က ခေါ်လာခဲ့တဲ့ ကုလားတွေ စစ်ပြေးဒုက္ခသည်ဖြစ် ကုန်ကြတယ်။ ဘင်္ဂလားကုလား တွေ အုံနဲ့ကျင်းနဲ့ ပြည်မြို့ကိုထွက် ပြေးလာကြတယ်။ ဘင်္ဂလားနယ် ကိုပြန်ဖို့အတွက် ပြည်၊ ပြီးမှ ဧရာဝတီမြစ်ဟိုဘက်ကမ်း ဆင်တဲကိုကူး၊ အဲဒီကမှတစ်ဆင့် ပန်းတောင်းကိုသွား တောင်ကုတ် လမ်းကတစ်ဆင့် ရခိုင်ပြည်နယ် ကနေ ဘင်္ဂလားနယ်အရောက် ပြေးကြတယ်။ အဲဒီစစ်ပြေးခရီး အစ ပြည်မြို့ကိုရောက်ဖို့ ရန်ကုန် ကနေ ပြည်ကိုရထားနဲ့လာကြပုံကို ဝတ္ထုထဲမှာသရုပ်ဖော်ထားတယ်။ ‘‘ရထားတွဲတိုင်းတွင် ငါးပိသိပ်၊ ငါးချဉ်သိပ်၊ တွဲကြားအဆက်များ တွင် ကြံကြံဖန်ဖန်ရပ်၍လည်း ကောင်း၊ ခေါင်မိုးများပေါ်တွင် ထိုင်၍လည်းကောင်း၊ အိပ်၍ လည်းကောင်း လိုက်လာကြသည်။ပြည်ဘူတာရုံတစ်ဝိုက် ရထားလမ်းဘေး တစ်မျှော်တစ်ခေါ်တွင် လန်ကွတ်တီရောင်များဖွေးဖွေးလှုပ်နေသည်။ စစ်ပြေးဘင်္ဂလားကုလားဒုက္ခသည်များကို ပြည်မြို့ခံများက ထမင်းထုပ်ဝေ၊ ရေတိုက်ဖြင့် ကရုဏာသက်ခဲ့ကြလေသည်’’တဲ့။ အချိန်မရွေးဗုံးကြဲခံရနိုင်တဲ့ အနေအထားမှာတောင် ရထားခရီးစဉ်မဖျက်ခဲ့ဘူး။ ရထားမပျောက်ခဲ့ဘူး။ မြန်မာ့မြေပေါ်က မီးရထားဟာ အစကောင်းခဲ့တဲ့ ပို့ဆောင်ရေး စနစ်တစ်ခုပါ။
ခေတ်အဆက်ဆက် လူထုရဲ့အားကိုးမှုကိုခံခဲ့ရတယ်ဆိုတာ မမေ့သင့်တဲ့အနေအထား၊ သမိုင်းကြောင်းကောင်းခဲ့တဲ့သက်သေ ပါ။ ကိုလိုနီခေတ်၊ ဒီမိုကရေစီ ခေတ်၊ ဆိုရှယ်လစ်ခေတ်ဦး လောက်အထိ အများအကျိုး ဆောင်ခဲ့တဲ့ မမဟာ စစ်အာဏာ ရှင်တွေခေတ်မှာ စီမံခန့်ခွဲမှုတလွဲတွေနဲ့ နာမည်တွေပျက်၊ အစဉ် အလာတွေပျက်၊ အရှိန်အဝါတွေ ကျပြီး မဖြစ်မနေသုံးရသူတွေက လွဲလို့ ခရီးသွားအတော်များများရဲ့ ကျောခိုင်းစွန့်ခွာခြင်းကို ခံခဲ့ရပါ တယ်။
အခု မမတို့ခေတ်ပြန်ရောက် ပြီလို့ပြောပါရစေ။ မြို့ပြစီမံခန့်ခွဲမှု ကို နားမလည်သူတွေရဲ့ကျေးဇူး ဆိုပါတော့။ ရန်ကုန်လမ်းတွေကို အရင်ထည့်မစဉ်းစားဘဲ ကားတွေ ကို ဈေးပေါပေါနဲ့ဝယ်ခွင့်ရအောင် ဖြေလျှော့ပေးလိုက်တာ။ ရန်ကုန် မြို့ကြီးဟာ ကြောက်ခမန်းလိလိ ယာဉ်ကြောပိတ်တဲ့ ဒဏ်ခံစား လိုက်ရပါတော့တယ်။ နေ့စဉ် ရုံး တက်ရုံးဆင်း လုပ်ကြရသူတွေ အတွက် ကားလမ်းတွေပိတ်၊ ဘတ်စ်ကားတွေကျပ်၊ မီးပွိုင့်တွေ မှာ နှစ်ပြန်သုံးပြန်ပွိုင့်မိ၊ အဲဒီနေ့ စဉ်စိန်ခေါ်မှုတွေများနဲ့ ဝေးရာ လမ်းမပိတ်၊ မီးပွိုင့်မစောင့်ရတဲ့ ရထားတွေဆီရောက်လာကြပါ တော့တယ်။ ခရီးသွားလူထု မမ ဆီပြန်လာကြပြီဆိုပါတော့။
ကျွန်မ နေ့စဉ် ရထားနဲ့ ရုံး တက်ရုံးဆင်းလုပ်ပါတယ်။ ရထားဆိုက်ချိန်၊ ထွက်ချိန် အချိန်ဇယား ဝယ်ထားတယ်။ ရထားဘူတာရုံ တွေမှတ်ထားတယ်။ ဘယ်သွား ရင်  ဘယ်ဘူတာဆင်းပြီး ဘယ်လို သွားရယ်ဆိုတာ လေ့လာထား တယ်။ အရမ်းစိတ်ချမ်းသာပြီး အဆင်ပြေပါတယ်။ တစ်ခါစီး ၃၀၀ ပေးရတာမှန်ပေမယ့် အဲကွန်းရထားဖြစ်တဲ့အတွက် အပြင်မှာ ဘယ်လိုပူပူ ရထားတွဲထဲမှာ အေးပြီး လေကောင်းလေသန့် ရတယ်။ အချိန်မှန်ဖို့ နည်းနည်းလို နေသေးတာကလွဲရင် အဲကွန်းရထား ဟာ မပျောက်သလောက်ကို မှန်ပါ တယ်။
မီးရထားပေါ်မှာ ရထား ဝန်ထမ်းတွေ မခိုမကပ် အလုပ် လုပ်နေကြသလို လက်မှတ်စစ် တွေကလည်း လက်မှတ်ခိုးစီးသူ မရှိအောင် နေ့၊ ည စစ်နေတာ တွေ့ရတယ်။ မီးရထားရဲတွေ လည်း တွဲတိုင်းမှာရှိတယ်။ အဲ ကွန်းရထားဟာ CCTV တွေတပ် ထားတဲ့အတွက် ဘတ်စ်ကားပေါ် မှာလို ခါးပိုက်နှိုက်အန္တရာယ် နည်းပါတယ်။ တစ်ချိန်က နာမည် တွေပျက်ခဲ့ပေမယ့် အခုကောင်း အောင် မမတို့အဖွဲ့ ကြိုးစားနေ တယ်ဆိုတာ အသိအမှတ်ပြုပါ တယ်။ မသိသေးသူများ သိသွား အောင် ဒီဆောင်းပါးနဲ့ပြောပြနေ ခြင်းပါ။ လက်တွေ့လာစီးကြည့် လှည့်ပါ။ ပြီးမှယုံပါလို့ပြောချင် ပါတယ်။
ရုံးဖွင့်ရက်မနက်ဆို ကျွန်မ အိမ်ကနေ ၈ နာရီထွက်တယ်။ ကြည့်မြင်တိုင်ဘူတာကို လမ်းလျှောက်တာ ၁၀ မိနစ်၊ လက်မှတ်ဝယ်ပြီး စင်္ကြံထဲကခုံမှာထိုင် စောင့် ၈ နာရီ ၁၅-၈နာရီ ၂၀လောက်မှာရထားဆိုက်။ ကြိုက်တဲ့တွဲပေါ်တက်၊ နေရာတွေ့ရင်ထိုင်။ နေရာမလွတ်လို့ မတ်တတ်ရပ်ရတော့လည်း လက်ကိုင်ကွင်းလေးကိုင်ရပ်။ ချောင်ချောင်ချိချိ လေ ဝင်လေထွက်လည်းကောင်း။ ရန်ကုန်ဘူတာကြီးရောက်တော့ ၈ နာရီ ၄၅ စင်္ကြံပေါ်တက် နှစ် ဘလောက်လောက် လမ်း လျှောက်  ရုံးရောက်။ သာသာယာ ယာပဲ။
ဘတ်စကား စီးစဉ်တုန်း က တွန်းတင်၊ ဆွဲတင်၊ တွန်းချ၊ကားပေါ်မှာကျပ်ညပ်သပ်။ အိမ် ကဖီးလိမ်းပြင်ဆင်လာသမျှ ရုံး ရောက်တဲ့အချိန်မှာ ဘာမှမကျန် တော့။ ချွေးအလိမ်းလိမ်းနဲ့ စုတ် ဖွာဖြစ်။
အခုမှ အဲကွန်းရထားတွေ စီးမိတဲ့အချိန်ကစလို့ ဂုဏ်သိက္ခာ ရှိတဲ့ နိုင်ငံသားတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ မမ(မြန်မာ့မီးရထား)ကို ကျေးဇူး တင်တယ်။ ခရီးတစ်ခုကို ကျသင့် ငွေပေးစီးရတာချင်းအတူတူ ကား စပယ်ယာရိုင်းတာလည်းမခံစား ရဘူး။ ဒရိုင်ဘာမောင်းချင်သလို မောင်း ကိုယ့်အသက်ကိုယ်ဖက်နဲ့ ထုပ်ထားရတဲ့ ဘဝမျိုးလည်း မဟုတ်တော့ဘူး။ ယာဉ်ကြော ပိတ်ဆို့လို့ အချိန်မီရုံးရောက်ပါ့ မလားဆိုတဲ့ သောကတွေလည်း ကင်းခဲ့ရပြီ။
အဲဒါကြောင့် ရှေးဟောင်း လက်ရာအုတ်နီရောင် ဘူတာရုံ ကြီးကို တစိမ့်စိမ့်ကြည့်ပြီး ကျွန်မ သဘောတွေကျနေတာပေါ့။ မမ ကြောင့် လှလှပပ၊ ကြော့ကြော့ မော့မော့ ခရီးသွားနိုင်သလို ရထားတွဲထဲမှာလည်း သန့်ရှင်း၊ ဘူတာထဲမှာလည်း သပ်ရပ်၊ ဘူတာနဲ့အနီးတစ်ဝိုက် ကိုလည်း အန္တရာယ်ကင်းအောင် မီးအလင်း ရောင် အလုံအလောက် ထွန်း ထား။ ဘယ်လောက် လှပတဲ့ မမ လဲ။
ခရီးသွားပြည်သူလူထု အ တွက် မမ အချိန်တိုင်းအလှပြင် နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
http://www.7daydaily.com/story/47350

Post a Comment

 
Top