0


စက်တင်ဘာ ၂၅ ရုံးချိန်းတွင် တွေ့ရသော မြန်မာသံရုံးအထူးအဖွဲ့နှင့် မြန်မာလုပ်သားနှစ်ဦး၏ မိခင်များအား ကော့စမွီတရားရုံးရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ − ထူးချစ်)
 လိပ်ကျွန်းလူသတ်မှုတွင် တရားခံပြသက်သေများဘက်မှ ခုခံလျှောက်လဲချက်များပေးရန် ထိုင်းတရားသူကြီးက ရုံးချိန်းနှစ်ခု ထပ်မံတိုးပေးလိုက်ပြီး အောက်တိုဘာ ၁၁ ရက်တွင် အပြီးသတ်အ မိန့်ချမည့်ရက်ကို ကြေညာဖွယ်ရှိကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ဖမ်းဆီးခံထားရသော ၀င်း ဇော်ထွန်းနှင့် ဇော်လင်းတို့က ခုခံ လျှောက်လဲချက်များပေးရန် ထိုင်း တရားသူကြီးက အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရုံးချိန်းတိုးပေးလိုက်ခြင်း ဖြစ်သည်။ ၀င်း ဇော်ထွန်းကို အောက်တိုဘာ ၁၀ ရက်တွင် စစ်ဆေးမည်ဖြစ်ပြီး ဇော်လင်းကို အောက်တိုဘာ ၁၁ ရက်တွင် စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြော သည်။
‘‘ဇော်လင်းကို စစ်နေတာ တစ်ဝက်လောက် ပြီးနေပါပြီ။ နောက်လ ၁၀ ရက်မှာ သူ့ကို ထပ်စစ်ဦးမှာပါ။ ၁၁ ရက်မှာ ၀င်းဇော်ထွန်းကို စစ်မှာပေါ့။ အဲဒီရုံးချိန်းပြီး ရင်တော့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ပါ။ ထပ်တိုးနှစ်ရက်စစ်ပြီးရင် တော့ တရားသူကြီးက ဒီအမှုက စစ်ဆေးပြီးသွားပြီ။ ဘယ်နေ့နောက်ဆုံးအမိန့်ချမယ်ဆိုတာ ပြောမှာပါ’’ဟု ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ စုစုပေါင်းရုံးချိန်း (၁၉) ကြိမ် ရုံးထုတ်စစ်ဆေးရာတွင် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် မြန်မာလုပ်သားနှစ်ဦးသည် လူသတ်မှုကျူးလွန်သည်ဟု သက်သေပြနိုင်ခြင်းမရှိသေးဘဲ အမှုကွဲလွဲချက်များသာ ထွက်ပေါ်လာခဲ့သည်။
စက်တင်ဘာ ၂၅ ရက်က ရုံး ထုတ်စစ်ဆေးရာတွင် တရားခံပြ သက်သေအဖြစ် ထိုင်းနိုင်ငံ Ram-Khamin University မှ ဆရာမ ဒေါ်သူဇာနွယ်၊ မြန်မာသံ ရုံးမှ ဒုတိယအတွင်းဝန် ဦးထွန်း အေးနှင့် မြန်မာသံရုံးစကားပြန် ကိုအောင်စိုးတို့က တရားရုံး၌ ထွက်ဆိုပေးခဲ့သည်။
‘‘အမှုအခြေအနေကတော့ ကိုယ်တွေဘက်က ထွက်ဆိုခဲ့သမျှသက်သေတွေအားလုံး တိတိကျ ကျ မှန်မှန်ကန်ကန် ရှင်းရှင်းလင်း လင်းထွက်ဆိုခဲ့ပါတယ်။ သေချာ တာကတော့ ကလေးတွေအပြစ် ကျူးလွန်တယ်လို့ ထိုင်းအစိုးရအ နေနဲ့ သက်သေပြလို့ လုံးဝမရဘူး ဖြစ်နေတယ်။ ကလေးတွေကို မ ဖြစ်မနေလွှတ်ပေးရမှာပါ’’ဟု မြန် မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်ကပြောသည်။
စက်တင်ဘာ ၂၅ ရက်တွင် နောက်ဆုံးရုံးချိန်းအဖြစ် ထိုင်းတရားသူကြီးက သတ်မှတ်ထား သော်လည်း မြန်မာဘက်မှ ရှေ့နေများက တရားခံပြသက်သေများ တင်ပြရန် ကျန်ရှိနေသေး၍ ရုံးချိန်းရက်များ ထပ်မံတိုးပေးရန် စက်တင်ဘာ ၂၄ ရက် ရုံးချိန်း၌ တရားသူကြီးထံ တင်ပြခဲ့ခြင်း ဖြစ်သည်။
http://www.7daydaily.com/story/47193

Post a Comment

 
Top