0

ပဲခူးတိုင်း၊အင်းတကော်မြို့ရှိ Hung Kiu အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် တစ်ရက်လုပ်အားခ ၃၆၀၀ ကျပ် မရရှိသောကြောင့် ယနေ့နံနက်ပိုင်းတွင် ဆန္ဒပြတောင်းဆိုနေကြကြောင်း သတင်းရရှိသည်။
Hung Kiu စက်ရုံပိုင်ရှင်ဖြစ်သူက အလုပ်စဝင်သောသူများကို (စီ)အဆင့်သတ် မှတ်ပြီး တစ်ရက် ၁၈၀၀ကျပ်၊အလုပ် (၃)ပြည့်သောသူများကို (ဘီ)အဆင့်သတ်မှတ်ပြီး တစ်ရက် ၂၇၀၀ကျပ်ပေးကာ၊အလုပ်(၆)လပြည့်ပြီး (အေ)အဆင့်သတ်မှတ်ခံရသောသူများသာ တစ်ရက်လုပ်အားခ ၃၆၀၀ကျပ်ရရှိမည်ဟု သတ်မှတ်ပေးသောကြောင့် ဆန္ဒပြတောင်းဆိုရခြင်း ဖြစ်ကြောင်း ယင်းအထည်ချုပ်စက်ရုံအလုပ်သမား တစ်ဦးဖြစ်သူ မရွှေစင်က ပြောသည်။
စက်ရုံအလုပ်သမားများသည် စက်တင်ဘာ၂၄ရက်မှစတင်ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ၂၅ရက်တွင် အလုပ်ပိတ်ရက်ဖြစ်သောကြောင့် ဆန္ဒပြခြင်းမရှိဘဲ ယနေ့နံနက်ပိုင်းမှသာ ပြန်လည်ဆန္ဒပြခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ပဲခူးတိုင်းအလုပ်သမားဦးစီးဌာမှတာဝန်ရှိသူများ၊ အလုပ်သမားခေါင်းဆောင်(၁၂)ဦးနှင့် အလုပ်ရှင်တို့ ဆွေးနွေးလျှက်ရှိကြောင်း မရွှေစင်က ပြောသည်။ယင်းစက်ရုံတွင် အလုပ်သမားဦးရေ ၂၆၀၀ကျော်ရှိကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - သန့်ဇင်

7Day News Journal

Post a Comment

 
Top