0

ရန်ကုန် စက်တင်ဘာ ၉ 
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက လှိုင်သာယာ လက်ဖက်ရည်ဆိုင်တွင်း လူသတ်မှုကျူးလွန်ခဲ့တဲ့ ကိုသက်မောင်မောင်ကို ပုဒ်မ ၃၀၂(၂) နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ပုဒ်မ ၃၂၅ နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပြီးတော့ ပူးတွဲကျူးလွန်သူနှစ်ယောက်ကိုတော့ ပုဒ်မ ၃၀၂(၂)နဲ့ ထောင်ဒဏ်ဆယ်နှစ် ပုဒ်မ ၃၂၅ နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ နှစ် စီကို ဒီနေ့မှာ ချမှတ်လိုက်ပါတယ်။
ပြစ်မှုကျူးလွန်ရာပါဝင်ခဲ့တဲ့ အသက်မပြည့်သေးသူကလေးနှစ်ယောက်ကိုတော့ ဒီနေ့မှာ အင်းစိန်မြို့နယ်တရားရုံးက အပြီးသတ်လျောက်လွှဲချက်ခေါ်ယူခဲ့ပါတယ်။
၂၀၁၄ ဇွန်လထဲမှာ လှိုင်သာယာမြို့နယ်၊ ရွှေကောင်းကြွယ်လက်ဖက် ရည်ဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ခိုက် ရန်ဖြစ်ပွားမှုမှာ ကိုသန်းဇော်ဦး ဓားထိုးခံရသေဆုံးသွားခဲ့ပြီး
အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့တဲ့အတွက့် ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ ကိုသက်မောင်အပါအဝင်သုံးဦးနဲ့အသက်မပြည့်သေးတဲ့ကလေးနှစ်ဦးကို လှိုင်သာယာမြို့မရဲစခန်းက ပုဒ်မ ၃၀၂/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်အရေးယူခဲ့တာပါ။
New & Photo by လင်းဟိန်း(Popular News)



Popular News Journal

Post a Comment

 
Top