0


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရွေးကောက်ပွဲတွင် မဲပေးရ မည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံ့ဝန် ထမ်းများသည် အထက်လူကြီး များ၏ ခြိမ်းခြောက်မှုများခံနေရ သည်ဟု ကြားသိနေရ၍ အထက် လူကြီးကြောက်ရသည့် စနစ်ကို အပြောင်းအလဲလုပ်နိုင်ရန် မိမိယုံ ကြည်သည့် ပါတီကို သတ္တိရှိရှိ မဲ ပေးရန်လိုကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်သည်။

‘‘သတ္တိရှိရှိ လုပ်ကြပါ။ ကြောက်နေရတဲ့ဘ၀မှာ ဆက်ပြီး နေချင်ကြလား။ ကိုယ့်ရဲ့ဌာနအ ကြီးအကဲဆိုတာ ကိုယ့်ကိုခြိမ်း ခြောက်ပိုင်ခွင့်မရှိဘူး။ သူ့ရဲ့ တာဝန်ဝတ္တရားတွေထဲမှာ လက် အောက်ငယ်သားတွေကို ခြိမ်း ခြောက်ရမယ်ဆိုတာ လုံးဝမပါ ဘူး။ အဲဒီတော့ ဒါတွေကို မခံပါ နဲ့။ ဒီလိုစနစ်ကို ပြောင်းဖို့အတွက် ကျွန်မတို့ဟာ ရွေးကောက်ပွဲမှာ ၀င်ပြီးတော့ ယှဉ်ပြိုင်နေတာဖြစ် ပါတယ်။ ဒီစနစ်ကိုပြောင်းချင်ရင် ကိုယ်ကလည်းပါရမယ်။ ကိုယ်က လည်း နည်းနည်းလေးတော့ သတ္တိရှိရမယ်။ ဒီတစ်ရက်မှာ သတ္တိရှိရှိလုပ်ခြင်းအားဖြင့် ကိုယ့် ရဲ့ဝန်ထမ်းဘ၀တစ်သက်တာမှာ အပြောင်းအလဲအတွက် အများ ကြီးအကျိုးပြုနိုင်တယ်ဆိုတာ နှလုံးသွင်းပြီးတော့ သတ္တိရှိရှိနဲ့ မဲ ပေးကြပါလို့ တိုက်တွန်းပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
စက်တင်ဘာ ၂၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ ဟောပြောပွဲ၌ အထက်ပါတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအစိုးရက လိုလား နှစ်သက်ခြင်းမရှိသည့် ပါတီအား မဲထည့်ပါက ရာထူးတိုးဆိုင်းငံ့ ခြင်း၊ အခြားဒေသများသို့ ပြောင်း ရွှေ့ခြင်းများ ပြုလုပ်မည်ဟု ကြား သိနေရပြီး ထိုကဲ့သို့ ပြောဆိုမှုများ သည် တမင်ခြိမ်းခြောက်ခြင်းပင် ဖြစ်ကာ လက်ရှိမဲပေးစနစ်သည် လျှို့ဝှက် မဲပေးစနစ်ဖြစ်သော ကြောင့် မည်သူ့ကို မဲပေးသည်ဆို ခြင်းကို မိမိမှလွဲ၍ မည်သူတစ်ဦး တစ်ယောက်မျှ မသိရှိနိုင်သဖြင့် သတ္တိရှိရှိမဲပေးရန် လိုကြောင်း လည်း ၎င်းက ပြောသည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ သည် ဒေသအသီးသီးသို့ ပြောင်း ရွှေ့နေရသူများဖြစ်သဖြင့် လက် ရှိတာဝန်ကျနေသော နေရာတွင် မဲပေးမည်ဆိုပါက မူလသန်းခေါင် စာရင်း၌ပါရှိသည့် မိမိ၏ မဲစာရင်း ကို ထုတ်ပယ်ရန်လိုအပ်ပြီး ထုတ် ပယ်ခြင်းမပြုပါက ယင်းမဲများ သည် သံသယဖြစ်ဖွယ်ကောင်း သည့် မဲများဖြစ်သွားနိုင်သည်ကို သတိပြုရန်လိုကြောင်း NLDပါတီ ဥက္ကဋ္ဌက ထည့်သွင်းပြောကြား သည်။
‘‘ကျွန်မတို့ကိုတော့ အဲဒီလို ကန့်သတ်ချုပ်ချယ်ထားတာတော့ မရှိပါဘူး။ ကျွန်မကတော့ NLD ပဲ မဲပေးမှာပါ။ ဒီပါတီကအပြောင်း အလဲကို လုပ်နိုင်မယ်လို့ ယုံကြည် လို့ပေးမှာပါ။ ဒီအတွက်လည်း သိပ်ပြဿနာရှိမယ်မထင်ပါဘူး။ ခြိမ်းခြောက်တယ်ဆိုတာကလည်းဌာနအလိုက်ဖြစ်နိုင်ပါတယ်’’ဟု ခန္တီးမြို့တွင် တာဝန်ကျနေသည့် ၀န်ထမ်းတစ်ဦးက ပြောသည်။
နာဂတိုင်းရင်းသားများနှင့် တိုင်းလိုင်(ရှမ်းနီ) လူမျိုးအများစု နေထိုင်သည့် စစ်ကိုင်းတိုင်းဒေသ ကြီး အနောက်မြောက်ဘက်ရှိ ခန္တီးနှင့် ဟုမ္မလင်းမြို့များသို့ သွား ရောက်ခဲ့သည့် သုံးရက်တာ ခရီးစဉ်နောက်ဆုံးနေ့အဖြစ် ဟုမ္မလင်းမြို့တွင် ဟောပြောမှုပြုလုပ်ခဲ့ရာ ဒေသခံ ၆,၀၀၀ ခန့် တက်ရောက်နားထောင်ခဲ့သည်။ စက်တင်ဘာ ၂၇ ရက်မွန်းလွဲပိုင်း၌ဟုမ္မလင်းမြို့မှ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲ ၃ နာရီ ၃၀ ၌ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
http://www.7daydaily.com/story/47345

Post a Comment

 
Top