တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းလိုက်သည်။မိမိခင်ပွန်းကို အပိုင်ကိုင်လို သော အမျိုးသမီးအများစုက ဤ ဥပဒေကို သဘောကျကျေနပ်နေ ကြသည်။
တစ်လင်တစ်မယားစနစ်ကို အပေါ်ယံကြည့်ရုံမျှဖြင့် အဖြေမ ထွက်နိုင်ပါ။
ဥပဒေ၏ အနှစ်သာရကို ကြည့်မှ သီးခြားအဖြေများတွေ့ နေရသည်။
ဤဥပဒေနှင့်အတူ ကိုးကွယ် ရာ ဘာသာကူးပြောင်းခြင်းဆိုင် ရာဥပဒေနှင့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာဥပဒေတို့လည်း တစ်ပြိုင် တည်းထွက်ပေါ်လာသည်။
တစ်လင်တစ်မယားစနစ် ဥပဒေသည် မြန်မာနိုင်ငံတွင် နေ ထိုင်သူအားလုံးနှင့် သက်ဆိုင် သည်ဟု ပါရှိသောကြောင့် မယား လေးယောက်အထိ ယူခွင့်ရှိသော အစ္စလာမ်ဥပဒေကို လွှမ်းမိုးပယ် ဖျက်လိုက်သကဲ့သို့ တွေ့ရသည်။
အစ္စလာမ်ဘာသာဝင်များ ကို ဤဥပဒေဖြင့် ထိန်းချုပ်၍ ရနိုင်ပါမည်လော၊ အခြားဘာသာဝင် များ၏ ဥပဒေကို တစ်လင်တစ် မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေက ၀င်ရောက်စွက်ဖက် လွှမ်းမိုးခွင့်ရှိပါ၏ လော။
မြန်မာနိုင်ငံပြင်ပတွင် နေ ထိုင်သော နိုင်ငံသားများနှင့် သက် ဆိုင်သည်ဟု ပြဋ္ဌာန်းထားသော ကြောင့် ပြည်ပနိုင်ငံတွင် နေထိုင် သူများ တိတ်တိတ်ပုန်းပေါင်းသင်း နေထိုင်ခြင်းကို မည်သည့်သက် သေခေါ်ယူပြသအရေးယူ၍ ရနိုင် ပါမည်လော။

မမြင်ကွယ်ရာတွင် ကျူးလွန်သည့်ကိစ္စဖြစ်၍ ပြည်ပက ကျူး လွန်မှုအတွက် ပြည်တွင်း၌ မည် သူက တရားလိုပြုလုပ်ကြမည် နည်း။
မြန်မာနိုင်ငံတွင် နေထိုင်စဉ် နိုင်ငံသားနှင့် ထိမ်းမြားသော နိုင်ငံခြားသားနှင့် သက်ဆိုင်သည်ဟု ပြဋ္ဌာန်းထားပြန်သည်။
ဥပဒေပုဒ်မ (၂) နှင့် မည်သို့ အဓိပ္ပာယ်ကောက်ယူကြရမည် နည်း။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြောင့် မြန်မာနိုင်ငံတွင် လာရောက်နေ ထိုင်အလုပ်လုပ်ကိုင်သော နိုင်ငံ ခြားသားများသည် တရားဝင်ထိမ်း မြားခြင်းမပြုတော့ဘဲ မြန်မာအမျိုးသမီးများကို Living Together လက်မထပ်ဘဲ အတူပေါင်းသင်း နေထိုင်တော့မည်ဖြစ်၍ မြန်မာ မိန်းကလေးများ၏ အခွင့်အရေး ဆုံးရှုံးနေသည်ကိုလည်း သတိပြု ရန် လိုပါသည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၏ ရည် ရွယ်ချက်မှာ တရားဝင်ထိမ်းမြား သော လင်နှင့်မယားတို့ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိစွာဖြင့် သာယာချမ်းမြေ့သည့် အိမ်ထောင်တည် ဆောက်နိုင်စေရန် ဖြစ်သော် လည်း ချစ်ခြင်းမေတ္တာတရားနှင့် သစ္စာတရားတို့သည် ကိုယ်ကျင့် တရားများသာ ဖြစ်ပါသည်။
ကိုယ်ကျင့်တရားပျက်ယွင်း မှုကို ဥပဒေဖြင့် ထိန်းချုပ်ရန် မ လွယ်ကူပါ။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ တရားမ၀င်မယားအဖြစ် ရောက်ရှိခြင်းမှ ကာကွယ်ရန်ဟု ဆိုသော် လည်း တရားမ၀င်ပေါင်းသင်းခြင်း ကိုခံကြရမည့်အရေး ထည့်သွင်း တွက်ဆသင့်ပါသည်။
အိမ်ထောင်ဖက်တစ်ဦးထက် ပို၍ ယူခြင်းကြောင့် ဖြစ်ပွားနိုင် သည့် အိမ်ထောင်ရေးပြဿနာနှင့် အိမ်ထောင်ရေးမှုခင်းများကို တား ဆီးနိုင်ရန်ဟု ရည်ရွယ်ပြဋ္ဌာန်း ထားသော်လည်း ဥပဒေ၏ နောက်ဆက်တွဲဆိုးကျိုးများ တွေ့ကြုံနိုင် ပါသည်။

ပုဒ်မ-၅ တွင် မည်သည့် ယောက်ျားနှင့် မိန်းမမဆို ဤဥပ ဒေနှင့် မဆန့်ကျင်ပါက တရားဝင်ထိမ်းမြားခြင်းပြုနိုင်သည်ဟု ပါရှိ လေရာ ဓလေ့ထုံးတမ်းဥပဒေတွင် မိန်းမသည် တစ်ခုလပ်၊ တစ်လင် ကွာ၊ မုဆိုးမမဟုတ်ပါက အသက် (၂၀) မပြည့်လျှင် မိဘအုပ်ထိန်း သူ၏ သဘောတူညီချက်အရ ထိမ်းမြားနိုင်သည်ဟု ရှင်းလင်းတိ ကျစွာ သတ်မှတ်ထားသည်ကို ဖျက်ဆီးရာရောက်ပါသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၄၉၇ တွင် အိမ်ထောင်ရှိသူ ဇနီး မယားသည် အခြားယောက်ျား တစ်ဦးနှင့် ပေါင်းသင်းသည့် ကိစ္စ ၌ ထိုမိန်းမကို အရေးမယူရဟု ပြ ဋ္ဌာန်းထားသည်ကို တစ်လင်တစ် မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေက ဆန့်ကျင်ကွဲလွဲပြဋ္ဌာန်း ထားပြန်သည်။

ဥပဒေများရှုပ်ထွေးလျှင် လုပ်စားသူများစားပေါက်ချောင် မည်။ အခွင့်အရေးရလာမည်။
တစ်လင်တစ်မယားစနစ် ဥပဒေပုဒ်မ- ၁၃ တွင် ထောင်ဒဏ် (၇) နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါ သည်။
ပုဒ်မ-၁၈ တွင် တရားမ ကြောင်းအရ တရားစွဲဆိုပိုင်ခွင့်ရှိ ကြောင်း ပြဋ္ဌာန်းထားပြန်ရာ အ ငြင်းပွားစရာများ ပါဝင်နေပါ သည်။
တစ်လင်တစ်မယားစနစ်ဥပ ဒေသည် ရဲအရေးပိုင်ခွင့်ရှိ၊ မရှိ ပြဋ္ဌာန်းမထားသောကြောင့် ရဲစ ခန်းတွင် အမှုဖွင့်ရမည်လော၊ တ ရားရုံးတွင် ဦးတိုက်လျှောက်ထား ရမည်လော ထပ်မံအငြင်းပွားစရာ များ တွေ့ရပြန်ပါသည်။
တစ်လင်တစ်မယားစနစ် ဥပဒေပါ ပြစ်ဒဏ်များသည် ရှင်း လင်းမှုမရှိသဖြင့် ပြဿနာများ ရှုပ်ထွေးလာနိုင်ပါသည်။

ပုဒ်မ-၁၆ တွင် နောက်မိန်းမ ယူသည့် ယောက်ျားသည် ပထမ မိန်းမနှင့် နောက်မိန်းမတို့၏ အမွေကို ဆက်ခံခွင့်မရှိစေရဟု ဆိုပြန် သဖြင့် နောက်မိန်းမယူခြင်းကို အသိအမှတ်ပြုသည့် သဘော တွေ့နေရပြန်ပါသည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေသည် ဘိုးစဉ်ဘောင်ဆက်မြန်မာလူမျိုး တို့ အစဉ်တစိုက်ကျင့်သုံးလိုက်နာ ခဲ့သည့် မြန်မာဓလေ့ထုံးတမ်းဥပ ဒေကို ဖျက်သိမ်းပစ်ရာလည်း ကျ ရောက်နေသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ တွင် ထိမ်းမြားလက်ထပ်ရေး၊ လင်နှင့် မယားတို့ပစ္စည်းခန်းအခွင့်အ ရေး၊ ကွာရှင်းရေး၊ အမွေဆက်ခံ ရေး၊ လင်ပါမယားပါသားသမီး နှင့် မြေးများအမွေဆက်ခံရေး၊ ပေးကမ်းခြင်းစသည့် အစဉ်တစိုက် ကျင့်သုံးလာမှုကို ပျောက်ပျက် သွားစေသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ တွင် မယားပြိုင်စနစ်ကို လက်ခံ သည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေက မ ယားပြိုင်ကို ခွင့်မပြုတော့ပါ။
နောက်ထပ် အိမ်ထောင်ပြု ခြင်းသည် တရားမ၀င်ကြောင်း လည်း တွေ့ရသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ တွင် မယားပြိုင်အပါအ၀င် မယား ပြိုင်နှင့် ပေါင်းသင်းရာမှ မွေးဖွား လာသော သားသမီးများအတွက် လည်း အမွေဆက်ခံရေးမှာ ဆုံးရှုံး လက်လွတ်ကြရပေတော့မည်။
နောက်အိမ်ထောင်ပြုလို လျှင် ပထမအိမ်ထောင်ကို ကွာရှင်းရမည်ဟု ဥပဒေက ဆိုလိုသည်။
ပထမအိမ်ထောင်နှင့် မောင် တစ်ထမ်း၊ မယ်တစ်ရွက်ရှာဖွေထူ ထောင်ထားသော စီးပွားရေးလုပ် ငန်းများ ဆွေမျိုးဉာတိဆက်ဆံ ရေးများကအစ ပျက်စီးဆုံးရှုံးကြ ရမည် ဖြစ်သည်။
နောက်ထပ် အိမ်ထောင်ပြု ချင်သူက ပထမအိမ်ထောင်နှင့် တရားဝင်ကွာရှင်းပြီးမှ လက်ထပ် ခွင့်ရှိသည်ဖြစ်၍ ရှာဖွေရရှိသည့် စီးပွားဝင်ငွေကို ဇနီးဖြစ်သူအား အကုန်မအပ်တော့ဘဲ နောက်အိမ် ထောင်အတွက် သိုဝှက်သိမ်းဆည်းလာကြပေတော့မည်။

မရိုးသားမှုများ စိတ်ကူးလာ ကြပေတော့မည်။
မြန်မာ့ဓလေ့ထုံးစံအရ ခင် ပွန်းရှာဖွေသည့် စီးပွားကို ဇနီးအားအပ်နှံကြသည့် ချစ်စရာကောင်း သော ဓလေ့ပျက်စီးရပေတော့ မည်။
မြတ်နိုးစရာကောင်းသော ထုံးတမ်းများပျောက်ကွယ်၍ လူမှု ရေးပြဿနာများ ပိုမိုရှုပ်ထွေးဖို့ သာ ဖြစ်လာနိုင်သည်။
အကယ်၍ မိမိခင်ပွန်းက အမျိုးသမီးတစ်ယောက်နှင့် တည်း ခိုခန်း၊ ဟိုတယ်အစရှိသည့် နေရာ တွင် ပေါင်းသင်းခဲ့ပါလျှင် မယား ကြီးက မိမိခင်ပွန်းကို ခွင့်လွှတ်မည် ဆိုလျှင် ခွင့်လွှတ်၍ ရပါသည်။
တစ်လင်တစ်မယားစနစ် ကြောင့် မယားကြီးက မိမိခင်ပွန်း ကို အမှုဖွင့်တိုင်ကြားပြီး ထောင်ထဲကို ထည့်နိုင်ပါမည်လား။
မိမိခင်ပွန်းကို မညှာမတာ တိုင်ကြားပြီးလျှင် ထိုမိန်းမသည် နှစ်ဖက်ဆွေမျိုးအကြား မည်သို့ သောအနေအထားနှင့် နေရဲတော့ မည်နည်း။
ဇနီးမယားက မတိုင်ကြားလို့ အခြားလူက တိုင်တန်းတာမျိုးဖြစ်လာခဲ့လျှင် မယားကြီးက လက်ခံ နိုင်မည်မဟုတ်ပါ။
မိမိခင်ပွန်းကို မိမိကိုယ်တိုင် ထောင်ထဲသို့ ထည့်နိုင်ပါမည် လား။

ခင်ပွန်းဖြစ်သူ နောက်အမျိုး သမီးတစ်ယောက်နှင့် ပြင်ပ၌ ပေါင်းသင်းနေထိုင်ခြင်းသည် လူမှုရေးကိစ္စသာဖြစ်ပါသည်။
ဤနေရာတွင် ပြစ်မှုဆိုင်ရာ အမှုနှင့် တရားမမှုတို့ကို ခွဲခြားရှင်း ပြလိုပါသည်။
နိုင်ငံတော်နှင့် ပြည်သူအ ကြား ဖြစ်ပွားလျှင် ပြစ်မှုဖြစ်သည်။လူပုဂ္ဂိုလ်အချင်းချင်းအကြားဖြစ်ပွားသည့် ကိစ္စသည် တရားမ ကြောင်းဆိုင်ရာကိစ္စ ဖြစ်ပါသည်။
လင်မယားနှစ်ဦးအကြား ခိုက်ရန်ဒေါသဖြစ်ပွားလျှင် နိုင်ငံ သားတစ်ဦးကို နာကျင်အောင် ပြုမှုအတွက် ပြစ်မှုကြောင်းအရ တရားစွဲဆိုရပါသည်။
ပထမမယား၊ ဒုတိယမယား ပေါင်းသင်းသည့် ကိစ္စသည် လူမှု ရေးကိစ္စဖြစ်၍ ပြစ်မှုဖြင့် အရေးယူ ရန် ပြဋ္ဌာန်းခြင်းသည် မသင့်လျော်ဟု ထင်မြင်မိပါသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အရ အထူးဥပဒေတွင် ထောင် ဒဏ် (၇)နှစ်အထိ ပြစ်ဒဏ်သတ် မှတ်ထားပါက အာမခံပေးခွင့်မရ သဖြင့် အိမ်ထောင်တစ်ခုအတွက် ကြေကွဲဖွယ်ရာ၊ နာကြည်းဖွယ်ရာ ပြဿနာများပေါ်ပေါက်လာနိုင်ပါ သည်။

အကယ်၍ ပြစ်ဒဏ်မှာ ထောင်ဒဏ် (၃)နှစ်အောက်ပြဋ္ဌာန်းခဲ့ပါ က လင်မယားအကြား အချစ်သစ်ရှာသည့်ကိစ္စကို တရားရုံးများတွင် အာမခံရယူပြီး ထုချေရှင်းလင်းခွင့် ရှိမည် ဖြစ်ပါသည်။
အာမခံမပေးနိုင်သည့် ပြစ်မှု ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့်အ တွက် တစ်ဦးပေါ်တစ်ဦးအနိုင် ကျင့်မှု၊ ခြိမ်းခြောက်မှု၊ ငွေညှစ်မှု၊ ဂုဏ်သိက္ခာ ထိခိုက်စေမှုတို့ နည်း အမျိုးမျိုးဖြင့် ပေါ်လာမည်လည်း ဖြစ်ပါသည်။
ခင်ပွန်းဖြစ်သူက အခြားအ မျိုးသမီးတစ်ဦးနှင့် နှစ်ဦးသဘော တူ ပြင်ပတွင် ပေါင်းသင်းမိရုံမျှ ဖြင့် ပြင်ပသူစိမ်းက ငွေညှစ်အနိုင်ကျင့်ထောင်ချောက်ဆင်မှု များလည်း မရှုမလှခံကြရပေတော့ မည်။
ခင်ပွန်းဖြစ်သူက အိမ်ထောင် ရှိပါလျက် နောက်ထပ်အမျိုးသမီး တစ်ယောက်နှင့် ပေါင်းသင်းမိရာ က ပြဿနာဖြစ်လာပြီဆိုလျှင် ပထမအိမ်ထောင်ကို လင်မယား ကွဲဟန်ဆောင်သော နောက် ကြောင်းပြန်ဖန်တီးထားသည့် စာ ချုပ်များ အသုံးချလာနိုင်ပါသည်။

ပထမမယားသည် ခင်ပွန်း ဖြစ်သူ နောက်မိန်းမနှင့် ပေါင်း သင်းမိခဲ့သည်ကို ခွင့်လွှတ်နိုင် သော်လည်း ဥပဒေက ခွင့်မလွှတ် ဟု ဆိုသဖြင့် ပထမမယားကြီး သည် ကွာရှင်းစာချုပ်တွင် ကျေ ကျေနပ်နပ်လက်မှတ်ရေးထိုးကွာ ရှင်းပေးရန် မလွယ်ကူပါ။
အဘယ်ကြောင့်နည်း။
ပထမအိမ်ထောင်နှင့် အနှစ် နှစ်အလလပေါင်းသင်းလာခဲ့ပြီး သားတွေ၊ သမီးတွေအရွယ် ရောက်ပြီးခါမှ တစ်ကြိမ်တစ်ခါ မှားမိသော လင်ယောက်ျားကို ကွာရှင်းနိုင်မည်လား၊ ထောင်ထဲသို့ ထည့်နိုင်ပါမည်လား။
မိဘနှစ်ပါးကွဲကွာကြလျှင် သားသမီးများအရေး ရင်လေးဖွယ် ရာ ထည့်သွင်းစဉ်းစားသင့်ပါ သည်။
အချို့မယားကို အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနိုင်သော ယောက်ျား များသည် ပထမမယားကိုလည်း လက်မလွှတ်ဘဲ ဟန်ဆောင်ကွာ ရှင်းစာချုပ်လက်ထဲတွင်ကိုင်ကာ နောက်ထပ်မိန်းမတစ်ယောက်နှင့် ခြေရှုပ်လို့ရနိုင်ပါသည်။
နောက်အမျိုးသမီးကလည်း ပြဿနာမဖြစ်လို၍ ဟန်ဆောင် လက်ထပ်ထားပြီး စာချုပ်ကို အမျိုးသားက သိမ်းဆည်းကာ တိုးတိုး တိတ်တိတ်ပေါင်းသင်းနေမှုများ လည်း ဖြစ်လာနိုင်ပါသည်။
နောက်ထပ် လူမှုရေးအရှုပ် အထွေးများကို ဖြေရှင်းနိုင်ဖို့ ဥပ ဒေကို လက်တစ်လုံးခြားလုပ်ပြီး စာချုပ်စာတမ်းအတုပြုလုပ်မှုများ လိမ်လည်ပေါင်းသင်းမှုများ၊ ငွေ ညှစ်ခံရမှုများ၊ အနိုင်ကျင့်ပိုင်းလုံး လုပ်မှုများ ပြဿနာများစွာ ဖြစ်လာနိုင်ပါသည်။

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် မြန်မာဓလေ့ထုံးတမ်းအရ ယော က်ျားကောင်း မောင်းမတစ် ထောင်ဆိုသကဲ့သို့ မယားအများ ယူခွင့်ရှိသော လူမျိုးကိုထိန်းချုပ် ရန် လွယ်ကူလှမည်မဟုတ်ပါ။
တရားမ၀င်ပျော်ပါးလုပ် ကိုင်ကြမည့် ငွေရှင်ကြေးရှင်ယော က်ျားများအတွက် တိုးတိုးတိတ် တိတ်ဇိမ်ခန်းများ ပေါ်လာနိုင်ပါ သည်။
ယောက်ျားတစ်ယောက် သည် အိမ်ထောင်ရှိလျက် နောက် တစ်ယောက်နှင့်အတူနေ ပေါင်း သင်းမိခြင်းသည် အပြစ်ကြီးသ ဖွယ်ခံရမည်ဖြစ်သောကြောင့် တရားဝင်အိမ်ထောင်ပြုခြင်းကို ရှောင်ရှားကြပေတော့မည်။
အိမ်ထောင်မပြုဘဲ တိုးတိုး တိတ်တိတ်ပေါင်းသင်းနေခြင်းက အန္တရာယ်ကင်းသကဲ့သို့ ဖြစ်နေပါ သည်။
မိမိဇနီးမယားကျန်းမာရေး မကောင်း၍ပဲဖြစ်စေ၊ ကိုယ်ဝန် ဆောင်နေချိန်ဖြစ်စေ ခင်ပွန်းဖြစ် သူသည် မိမိ၏ လိုအင်ဆန္ဒကို ဇနီး မယားက မဖြည့်စွမ်းနိုင်လျှင် အာ သာဖြေသည့်အနေဖြင့် အခြားအ မျိုးသမီးတစ်ဦးနှင့် ဆန္ဒဖြည့် ဆည်းမိတတ်ကြပါသည်။

စိတ်ဆန္ဒအလိုကို ဖြည့် ဆည်းမိရုံမျှဖြင့် ထောင်ဒဏ် (၇) နှစ်ကျခံရမည်ဆိုလျှင် တရားမျှတမည်ဟု သုံးသပ်ပါမည်လော။
ဇနီးမယားက ခင်ပွန်းသည် ၏ ဆန္ဒကို မလိုက်လျောနိုင်ရုံမျှ ဖြင့် အိမ်ထောင်ကြီးကွာရှင်းဖြို ဖျက်ပစ်ရမည်လော၊ ခင်ပွန်းကို ထောင်ထဲသို့ ထည့်ပစ်ရမည် လော။
မိမိတို့ လင်မယားနှစ်ဦးနှင့် သားသမီးအပါအ၀င် မိသားစုအ ခြေအနေကို အဆင်ပြေသလို ဇနီး မယားများက မသိကျိုးကျွန်နေ ပေးရသည်များလည်း ရှိတတ်ပါ သည်။
ကိုယ့်ဘ၀ကိုယ့်အကြောင်း မိသားစုအခြေအနေကို ရေလိုက် ငါးလိုက်ဖြေရှင်းနေကြသည့် လူမှု ရေးကိစ္စကို တစ်လင်တစ်မယား စနစ်က ၀င်ရောက်ချုပ်ကိုင်၍ လွယ်လွယ်ကူကူ ရနိုင်ပါမည် လော။
ဥပဒေမပြဋ္ဌာန်းမီ မိမိဘ၀၊ မိမိတိုင်းပြည်၊ မိမိလူမျိုးတို့၏ အခြေအနေအကျင့်စရိုက်များကို အပြန်အလှန်သုံးသပ်ပြီးမှ ဥပဒေ တစ်ခုပြဋ္ဌာန်းပေးသင့်ပါသည်။
အခြားနိုင်ငံများတွင် တစ် လင်တစ်မယားစနစ်ကို ပြဋ္ဌာန်း သည်များရှိပါသည်။
သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့အ ကျင့်စရိုက်နှင့် လူဦးရေပေါက်ကွဲ နှုန်းမြင့်မားမှု၊ လူဦးရေသိပ်သည်း မှုတို့ကြောင့် တစ်လင်တစ်မယား စနစ်ကို ပြဋ္ဌာန်းရသည်များရှိပါ သည်။
မြန်မာနိုင်ငံတွင် ဤသို့သော ပြဿနာများမပေါ်ပေါက်ဘဲ တစ် လင်တစ်မယားစနစ်ကို ဇွတ်အ တင်းပြဋ္ဌာန်းလိုက်ခြင်းကြောင့် ကောင်းကျိုးအချို့ရှိသည်မှာ မှန် သော်လည်း ကြုံတွေ့လာနိုင်သည့်ဆိုးကျိုးများမှာ မတွေးဝံ့စရာဖြစ် ပါသည်။

လင်မယားအချင်းချင်း နိုင် လိုမင်းထက် အနိုင်ကျင့်မှု၊ ငွေညှစ်ခံရမှု၊ မတရားနှိပ်စက်ခံနေရသော် လည်း လင်ယောက်ျားကကွာရှင်း မပေး၍ ပူဆွေးသောက ဗျာပါဒကိုရင်မှာပိုက်ပြီး ခေါင်းငုံ့ခံကြရတော့မည့် အားနည်းချက်ရှိသူများ၊ ကွာ ရှင်းပေးစေလိုလျှင် ဘယ်၍ ဘယ် မျှပေးရမည်ဟု ငွေညှစ်မှုများ၊ ညစ်ပတ်သော ထောင်ချောက် ဆင်မှုများ၊ ဒုက္ခနွံတွင်းသို့ တွန်းချ မည့် မာယာများ၊ အိမ်ထောင်ရှိ သူများအပေါ် နည်းမျိုးစုံဖြင့် အ တင်းပူးကပ်ခြောက်လှန့်အနိုင် ကျင့်မည့်သူများ ပေါ်လာနိုင်သည့် အရေးကို မမေ့မလျော့ထည့်သွင်း စဉ်းစားဆင်ခြင်ကြဖို့ လိုပါသည်။
ဥပဒေဟူသည် ပြဋ္ဌာန်းပြီး လျှင် တာဝန်ကျေပွန်ပြီဟု မမှတ် ယူသင့်ပါ။
ဥပဒေဟူသည့် နိုင်ငံသား များအပေါ် ကာကွယ်စောင့် ရှောက်အကျိုးပြုရန် အရေးကြီး ပါသည်။
နိုင်ငံသားများကို ထိတ်လန့် စေသော၊ ကြောက်ရွံ့စေသော၊ ဒုက္ခရောက်စေသော၊ ဖြေရှင်းရ ခက်ခဲပြီး ပုဂံရာဇ၀င်လို တုတ် ထမ်း၊ ဓားထမ်းငြင်းခုံရမည့်အ ရေး ထည့်သွင်းစဉ်းစားသင့်ပါ သည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြောင့်တည်းခိုခန်းနှင့် ဟိုတယ်များတွင် တရားမ၀င်လာရောက်တည်းခို ရာမှ ပြဿနာဖြစ်လာလျှင် မန်နေဂျာများ၊ ၀န်ထမ်းများသည် အား ပေးကူညီသူအဖြစ် အမှုအခင်း တွင် ပါဝင်လာနိုင်သည်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ထည့်သွင်း စဉ်းစားသင့်ပါသည်။

စာမတတ်သော၊ ရိုးသား သော၊ သည်းခံတတ်သော၊ ခွင့် လွှတ်တတ်သော ဇနီးမယားများ ကို လူလည်ပတ်ကားယောက်ျား များက လှည့်ပတ်လိမ်ညာပြီး ဥပဒေကို လက်တစ်လုံးခြား အ သုံးချနိုင်သည်ကိုလည်း ထည့် သွင်းစဉ်းစားသင့်ပါသည်။
လင်မယားကြား နှလုံးသား မှ ပေါက်ဖွားလာသော ချစ်ခြင်း မေတ္တာတရားကို ထောင်ဒဏ်ဖြင့် ထိန်းချုပ်၍ လွယ်ကူပါမည်လော။
လူမှုရေးကိစ္စကို အကြောက် တရားဖြင့် ထိန်းချုပ်ခြင်းထက် လူ မှုရေးစိတ်ဓာတ် အသိတရား၊ ကိုယ့်ကျင့်တရား၊ ဂုဏ်သိက္ခာတို့ ဖြင့် ထိန်းချုပ်ခြင်းသည် တရားမျှ တမှု ရှိပါမည်။
အမှားအယွင်းများဖြစ်လာ နိုင်သော တစ်လင်တစ်မယားစ နစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ သည် ပျော်ရွှင်စရာကောင်းသည့် အိမ်ထောင်ရေးကို ဒုက္ခပေးနိုင်ပါ သည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၅ တွင် အမျိုးသမီးတစ်ဦးအား ယခင်ထိမ်းမြားခဲ့သည်ဆိုခြင်းကို အသိမပေးဘဲ မယားမျှော်အဖြစ် သို့ ပို့ဆောင်သူကို အရေးယူရန် ရည်ရွယ်ပြဋ္ဌာန်းထားပြီးဖြစ်ပါ သည်။
ယခင်ထိမ်းမြားခဲ့ခြင်းကို အ သိပေးသော်လည်း ကွာရှင်းပြီးပြီ ဟုသော်လည်းကောင်း၊ ယခင် အိမ်ထောင်သေဆုံးပြီးသည်ဟု သော်လည်းကောင်း အကြောင်းပြ လျှင် ပြစ်မှုပုဒ်မ ၄၉၄ နှင့်သက် ဆိုင်မည်ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်ယောက်ျား သည် မယားကြီးရှိလျက်နှင့် နောက်ထပ်အိမ်ထောင်ပြုလျှင် ပြစ်မှုပုဒ်မ ၄၉၅ အရ ပြစ်မှုမ မြောက်ကြောင်း (မောင်ကျော်မြင့်နှင့် ပြည်ထောင်စု၊ ၁၉၇၉၊ မြန်မာပြည်စီရင်ထုံး၊စာ-၁၀) တွင် လမ်းညွှန်ထုံးပြုထားပါသည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ကြောင့် တရားဝင်ထိမ်းမြားလက် ထပ်မှုကို ရှောင်ရှားလာကြမည် ဖြစ်၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံး စံကို ထိခိုက်စေနိုင်ပါသည်။
ပြစ်မှုဆိုင်ရာဥပဒေတွင်ပြဋ္ဌာန်းထားသည်များလည်းရှိသည်။

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကိုလည်း ထပ်မံပြဋ္ဌာန်းသည်။
ပြဿနာဖြစ်လာလျှင် မည် သည့်ဥပဒေဖြင့် အရေးယူမည်ကို ဖော်ပြမထားပါ။
လိုအပ်သောနည်းဥပဒေ များ အမြန်ဆုံးဖြည့်စွက်ပြဋ္ဌာန်း ပေးသင့်ပါသည်။

အိမ်ထောင်မပြုဘဲ တိတ် တိတ်ပုန်းခိုးစားကြရန် ကြံစည် လာကြမည်ဖြစ်ပါသည်။
ကိုယ်ကလက်ထပ်ချင်သော် လည်း ဥပဒေက နောက်ထပ်အိမ် ထောင်ပြု၍မရသည့်အတွက် ငွေဖြင့် ပေါက်ခံရသဖြင့် ဒူးနှင့်မျက်ရည်သုတ်ကြရမည့် မြန်မာမိန်းကလေးများ၏ ဘေးဒုက္ခကိုဥပေက္ခာပြုမထားသင့်ပါ။

အသေအချာ တွေးကြည့် လျှင် တစ်လင်တစ်မယားစနစ် ဥ ပဒေသည် Living togetherလက် မထပ်ဘဲ အတူနေပေါင်းသင်းနေ ထိုင်ခြင်းကို တားမြစ်နိုင်မည်မ ဟုတ်သည့်အပြင် လက်မထပ်ဘဲ အတူနေဖြစ်အောင် တိုက်တွန်း ထားသကဲ့သို့ဖြစ်နေပါသည်။
အိမ်ထောင်ရှိသူနှင့် အိမ် ထောင်မရှိသူတို့ တိတ်တိတ်ပုန်း ပေါင်းသင်းနေထိုင်လျှင် အိမ် ထောင်ရှိသူကိုသာ အရေးယူဖို့ပါ ရှိပြီး အိမ်ထောင်မရှိသူ လူလွတ် အတွက် အပြစ်ဒဏ်မပါဝင်သည် ကိုတွေ့ရသည်။
ယခင်မယားနှစ်ယောက်ယူ ထားပြီး ဒုတိယမယားနှင့်သားသ မီးများရပြီးသည့် အိမ်ထောင်တစ် ခုတွင် သားသမီးမရသော ပထမ မယားကြီးက တစ်လင်တစ်မယား စနစ်ဥပဒေကြောင့် ခင်ပွန်းအပေါ် ယခင်က နားလည်ခွင့်လွှတ်နိုင် သော်လည်း ယခုအခါ ထောင်ချ ပစ်မည်ဟု ကြိမ်းမောင်းလာကြ သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံ တော်တွင် အဓိကလိုအပ်နေသည့် နိုင်ငံရေး၊ စီးပွားရေးများနှင့် ပတ် သက်သည့် ဥပဒေများကို ပြဋ္ဌာန်း ပြင်ဆင်ပယ်ဖျက်ခြင်းအတွက် မ တင်ပြလိုသော်လည်း လင်နှင့်မ ယားအကြား ပြဿနာကြီးထွား လာနိုင်သည့် တစ်လင်တစ်မယား စနစ်ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်း ကြောင့် အငြင်းပွားစရာများ တစ် ပုံတစ်ပင်ရှိနေပါသည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် ပတ်သက်ပြီး ယခုထက်ပိုမို နား လည်သဘောပေါက်တင်ပြနိုင်သူ များ ရှိကြပေလိမ့်မည်။
စာရေးသူအနေဖြင့် လက် လှမ်းမီသရွေ့ တွေ့မြင်သမျှကို တင်ပြခြင်းကြောင့် အမုန်းလက် နက်ဖြင့် ၀ုန်းခနဲ နှက်သော်လည်း အပြုံးမပျက်ရှိနေပါမည်။

အနာပေါ်တုတ်ကျ၍ နာကြ မည်ဆိုလျှင်လည်း နာတတ်ကြပါ စေ။
အနာရှိသည့်လက် ဆားပက်လျှင်လည်း စပ်ကြပါလိမ့်မည်။
မှားလျှင်ပြင်ပါ။

အမှားကို ဆုပ်ကိုင်လျှင် နောင်တသာ အဖတ်တင်ပါလိမ့် မည်။
မိမိလင်ယောက်ျားကို ချစ် တတ်ကြစေချင်ပါသည်။
ရင်မှပေါက်ပွား ချစ်ခြင်း မေ တ္တာတရားဟူသည် ရယူပိုင်ဆိုင် ခြင်းထက် ပေးဆပ်ရခြင်းက ပို၍ အေးချမ်းပါလိမ့်မည်ဟု မဆိုဝံ့ပါ။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ကြောင့် သာယာချမ်းမြေ့သည့် အိမ်ထောင်ရှင်များ အတွေးအ ခေါ်အယူအဆမှစ၍ သတိတမံ ဉာဏ်မြေကတုတ် ပညာစွန်းချွန်း ဖြင့်အုပ်၍ အသိတရားလက်ကိုင် ထားနိုင်ကြပါစေ။

http://www.7daydaily.com/

Post a Comment