0

ရွှေရည်ဝင်းထက် ၊ ရန်ကုန်၊ စက်တင်ဘာ ၂၆
လာမည့်ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အာဏာ ရှင်စနစ်မှ တာဝန်ယူမှုစနစ်ဆီသို့ အဓိက ပြောင်းလဲလိုခြင်းဖြစ်ကြောင်း ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါသည်။
စက်တင်ဘာ ၂၅ ရက် ပြုလုပ် သော စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ရှိ လူ ထုစည်းရုံးဟောပြောပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ''ကျွန် မတို့ အဓိကလုပ်ချင်တဲ့ အပြောင်းအလဲဟာ အာဏာရှင်စနစ်ကနေ တာဝန်ယူမှု စနစ် ကို ပြောင်းလဲချင်တာပါလို့ ပြောချင်ပါတယ်။ အစိုးရတစ်ခုဟာ တာဝန်ကျေဖို့ဆိုရင် ပြည် သူတွေက ဒီအစိုးရကို ထိန်းချုပ်ထားနိုင်ဖို့ အခြေအနေ လိုအပ်ပါတယ်။ ပြည်သူတွေ က ထိန်းထားနိုင်မှ အစိုးရတွေဟာ ပြည်သူ့ အကျိုးအတွက်လုပ်မှာပါ''ဟု ဆိုသည်။
ယင်းသို့သော အပြောင်းအလဲ များ လုပ်ဆောင်ရန်အတွက် အဓိကလိုအပ် ချက်သည် လုပ်ပိုင်ခွင့်ရရှိရေး ဖြစ်သောကြောင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲ အပြတ်အသတ် ဖြင့် အနိုင်ရလိုကြောင်း ခန္တီးမြို့ ဒေသခံတွေ ကို ပြောဆိုသွားခဲ့ပါသည်။
''အဓိက လုပ်ပိုင်ခွင့်ရှိတာက တော့ အစိုးရပါပဲ။ အစိုးရမဖြစ်ပဲနဲ့ ဒီနိုင်ငံ ကို အနာဂတ် ဘယ်လိုပုံဖော်မယ်ဆိုတာ ကို ဆုံးဖြတ်ပိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါ ကြောင့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် တယ်။ ရွေးကောက်ပွဲမှာ ကျွန်မတို့ အပြတ် အသတ် နိုင်ချင်ပါတယ်လို့ ပြောပါရစေ။ ကျွန်မတို့ အပြတ်အသတ်နိုင်ဖို့ဆိုတာ ပြည် သူ့လက်ထဲမှာပါ''ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် လာမည့်ရွေးကောက်ပွဲတွင် လွှတ် တော်သုံးရပ်စလုံးအတွက် ၁၁ဝဝ ကျော် အထိ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေပြီး နာဂ၊ ရှမ်းနှင့် ချင်းလူမျိုးများ အဓိကနေထိုင်ရာ ခန္တီးမြို့နယ် မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါ တီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါ တီ၊ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်း မျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တို့နှင့် ယှဉ် ပြိုင်ရမည် ဖြစ်သည်။

Yangon Media Group

Post a Comment

 
Top