0

စိုးမြင့်နိုင် ၊ ရန်ကုန်၊ စက်တင်ဘာ ၂၆
ရွေးကောက်ပွဲ နေ့တွင် တစ်နိုင်ငံလုံးအဆင့်ဖြင့် မဲရုံတိုင်း ကို စောင့်ကြည့်လေ့လာရေး ပြုလုပ်ရန်အ တွက် စေတနာ့ဝန်ထမ်းပေါင်း ၁၃ဝဝ ခန့် အထိ ဖိတ်ခေါ်လျက်ရှိနေကြောင်း အမျိုး သားလူငယ်ကွန်ရက်မှ သိရသည်။
ရွေးကောက်ပွဲကျင်းပမည့် နိုဝင် ဘာ ၈ ရက် တစ်နိုင်ငံလုံးအဆင့် မြို့နယ် ပေါင်း ၃၂ဝ တွင် တစ်မြို့နယ်လျှင် လေးဦး နှုန်းဖြင့် စောင့်ကြည့်လေ့လာနိုင်ရန် အတွက် သက်ဆိုင်ရာမြို့နယ်များမှ စေတနာ့ဝန်ထမ်း များ ခေါ်ဆောင်လျက်ရှိရာ လက်ရှိအချိန် တွင် လူဦးရေ ရှစ်ရာကျော်ရှိသွားပြီ ဖြစ် ကြောင်း သိရသည်။
အမျိုးသားလူငယ်ကွန်ရက်မှ ကိုမိုးသွေးက ''လူစခေါ်တာကတော့ စက် တင်ဘာ ဒုတိယပတ်လောက်ကစပြီး ခေါ် တယ်။ တစ်မြို့နယ်မှာ မဲရုံနှစ်ရုံဆိုတော့ မဲရုံတစ်ရုံကို နှစ်ယောက်နှုန်းနဲ့ သက်ဆိုင် ရာ မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းတွေ ခေါ်ထားပါတယ်။ ရွေးကောက်ပွဲပြီးရင်လဲ တွေ့ရှိချက်တွေကို ထုတ်ပြန်ဖို့တော့ ရှိပါ တယ်''ဟု ပြောသည်။
ရွေးကောက်ပွဲစောင့်ကြည့် လေ့ လာရေးအတွက် စေတနာ့ဝန်ထမ်း ခေါ်ယူ ခြင်းကို စက်တင်ဘာ ၂၈ ရက် နောက်ဆုံး သတ်မှတ်ထားပြီး ဝန်ထမ်းပေါင်း ၁၃ဝဝ ဝန်းကျင် ခေါ်ယူသွားမည် ဖြစ်ကြောင်းသိ ရသည်။ စေတနာ့ဝန်ထမ်းများ၏ အသက် ကို ၁၈ နှစ်မှ ၃၅ နှစ်အတွင်းဟု သတ်မှတ် ထားပြီး စေတနာ့ဝန်ထမ်းအားလုံးကို အောက် တိုဘာလကုန်ပိုင်းတွင် သင်တန်းပေးသွား မည်ဟု သိရသည်။ စေတနာ့ဝန်ထမ်းသည် နိုင်ငံရေးပါတီဝင် မဖြစ်ရ၊ ရွေးကောက်ပွဲ ဝင် ကိုယ်စားလှယ်လောင်းနှင့် ဆွေမျိုးတော် စပ်သူ မဖြစ်ရ၊ မြန်မာစာ ကောင်းမွန်စွာ ရေးနိုင်၊ ဖတ်နိုင်သူ ဖြစ်ရမည်ဟုလည်း သတ် မှတ်ထားသည်။

Yangon Media Group

Post a Comment

 
Top