0

အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ် ပြည်နယ်ရှိ တိရိစ္ဆာန်ရုံတစ်ရုံတွင် ဂေါ်ရီလာ မျောက်ဝံမကြီးသည် သားတစ်ဦး မွေးဖွားခဲ့သည်။ ယင်းတိရိစ္ဆာန်ရုံတွင် မျိုးဆက် (၄) ခုမြောက် မျောက်ဝံကို မွေးခဲ့ခြင်းဖြစ်သည်။ အသက် (၁၁)နှစ်အရွယ်ရှိ ကမ်ဘာ အမည်ရ မျောက်ဝံမကြီးက ကိုယ်အလေးချိန် (၅) ပေါင်ရှိသည့် သားဖြစ်သူကို ပြီးခဲ့သည့် ဗုဒ္ဓဟူးတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ထူးခြားသည်မှာ မျောက်ဝံမကြီးသည် သူ၏ ရင်သွေးကို လက်ပေါ်မှ မချခြင်းဖြစ်သည်။ မွေးဖွားစ ရင်သွေးကို ပြုစုနေသည့် မြင်ကွင်းက မယုံနိုင်စရာ ဖြစ်ခဲ့သည်။ နို့တိုက်ခြင်း၊ ချော့သိပ်ခြင်းတို့ကို ပြုလုပ်ခဲ့သောကြောင့်  စိတ်ဝင်တစား လာရောက် ကြည့်ရူခဲ့ကြသည်။ လူသားများသည် မျောက်မှ ဆင်းသက်လာသည်ဟု ချားစ်ဒါဝင်က ဆိုခဲ့ရာ ယင်းအဆိုကို လက်ခံမရလို ဖြစ်နေသည်။ မျောက်ဝံကြီး၏ အပြုအမူသည် လူသားတစ်ဦးနှင့် ဆင်တူနေသည်။ မိခင်တစ်ဦးက သားဖြစ်သူကို စောင့်ရှောက်သလိုမျိုး ပြုလုပ်နေခြင်း ဖြစ်သည်။ ဘယ်ကိုသွားသွား သားဖြစ်သူကို ခေါ်ဆောင်သွားလေ့ ရှိသည်။ မျောက်ဝံပေါက်လေးကို ဇာချီရီဟု အမည်ပေးထားသည်။
      ဇာချီရီ၏ ဖခင်ဖြစ်သူသည် အသက် (၃၃) နှစ် ရှိသွားပြီဖြစ်ပြီး မျိုးဆက် (၄) ဆက်မြောက်ကို ယင်းတိရစ္ဆာန်ရုံတွင် မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မျောက်ဝံများကို တရားမ၀င် ရောင်းဝယ်မှုများ ပြုလုပ်နေခြင်းကြောင့် တဖြည်းဖြည်း ရှားပါးလာကြောင်း သတင်းတွင် ဖော်ပြထားသည်။
http://messengernewsjournal.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top