0




မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ရန် ပြည်သူများ ကြိုးစားနေရ ခြင်းမှာ အစိုးရမှ တာဝန်မယူ၍ ဖြစ်ကြောင်းဟု စက်တင်ဘာ၂၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာတွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ဟောပြောပွဲ အခမ်းအနား မိန့်ခွန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
"အခုကျွန်မတို့ရဲ့ရွေးကောက်ပွဲ။ ရွေးကောက်ပွဲမှာ မဲထည့်ပိုင်ခွင့်ဆိုတာ ၁၈နှစ်ကျော်တဲ့နိုင်ငံသူ၊နိုင်ငံသားအားလုံးရဲ့ အခွင့်အရေး ရရမယ့် အခွင့်အရေး။ ဒါပေမယ့် ကျွန်မတို့ ရဲ့ ပြည်သူ၊ ပြည်သားတွေဟာ ရွေး ကောက်ပွဲ မဲဆန္ဒရှင်စာရင်းထဲမှာ ပါနိုင်အောင်လို့ကို အများကြီး ကြိုးစားနေရတယ်။ ရွေးကောက်ပွဲ မဲစာရင်းထဲမှာ ပါနိုင်အောင်လို့ ကိုယ်တိုင် ပြည်သူပြည်သားတွေ တစ်ယောက်ချင်းစီက ကြိုးစားနေရတယ်။ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် ကိုယ့်နာမည် မဲစာရင်းမှာ ပါပါ့မလားလို့ ဘယ်နိုင်ငံသားမှ ပူစရာမလိုဘူး။ ဒီဟာကို အားလုံး အဆင်သင့်ပြင်ထားပေးရမှာ အစိုးရရဲ့တာဝန်ပဲ။ အဲဒီလို တာဝန်ယူတဲ့ အစိုးရမျိုး ကျွန်မတို့ လိုချင်တာပါလို့ ကျွန်မပြောပါရစေ။ အခုဒီမှာတော့ အစိုးရက တာဝန်မယူတော့ ကျွန်မတို့ ပြည်သူတွေ တာဝန်ယူနေရတယ်။ မဲဆန္ဒရှင် စာရင်းထဲမှာ ကိုယ့်နာမည်ပါအောင်လို့ မှန် မှန်ကန်ကန်ပါအောင်လို့ ပြည်သူ များဟာ ကိုယ့်ဘာသာကို ကြိုးစား ရတယ်" ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။
(ဓာတ်ပုံ- မျိုးမင်းထက်)

Eleven Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top