ရန်ကုန်၊ စက်တင်ဘာ ၂၂-
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုံခြုံရေးအရ ကျည်ကာ ဝတ်ရန် အ ကြံပေးသည်ကို ငြင်းပယ်လိုက်ပြီး လုံခြုံရေးအတွက် ဘတ်ဂျက်သီးသန့် ထားရှိခြင်း၊ လုပ်ဆောင်ထားခြင်းမရှိ ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် များသို့ မဲအသိ ပညာပေးဟောပြော ပွဲများနှင့် ပါတီစည်းရုံးရေးလုပ်ငန်း များအတွက် သွားရောက်မည်ဖြစ်ရာ ၎င်း၏လုံခြုံရေးအတွက် အကြံပေး သည်ကို ငြင်းလိုက်ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ဦးဝင်း ထိန်က ပြောသည်။
''ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကျည်ကာဝတ်ဖို့ လုံးဝ သဘောမတူဘူး။ လုံခြုံရေးအတွက် ဘတ်ဂျက်လုံးဝမရှိဘူး။ လုံခြုံရေး တာဝန်ယူတဲ့သူတွေကလဲ လက်နက် လဲမရှိဘူး။ သူတို့က ပရော်ဖက်ရှင် နယ်တွေမဟုတ်ဘူး။ ဘာနဲ့ကာ ကွယ်လဲ ဆိုတော့ သူတို့ခန္ဓာကိုယ်နဲ့ အကာအကွယ်ပေးပြီး လုံခြုံရေးယူ ကြတာ။ ဒေါ်အောင်ဆန်းစုကြည် လုံ ခြုံရေးကို သူတို့ခန္ခာကိုယ်နဲ့ပဲ အကာ အကွယ်ပေးကြမှာ''ဟု ဦးဝင်းထိန် က ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ခရီး စဉ်ကို သွားရောက်မည့်အပေါ် ကန့် ကွက်မှုတချို့ရှိနေကြောင်း သိရ သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ပါတီစည်းရုံးရေး ခရီးစဉ်များ အဖြစ် စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ခန္တီးမြို့နယ်များသို့ လည်းကောင်း၊ အောက်တိုဘာလ ဆန်းတွင် ကချင်ပြည်နယ် မြစ်ကြီး နား၊ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော် မြို့များသို့လည်းကောင်း၊ အောက်တို ဘာလလယ်တွင် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များသို့ လည်းကောင်း သွားရောက်မည်ဖြစ် ကြောင်း ပါတီဗဟိုအောင်နိုင်ရေး အဖွဲ့မှ သိရသည်။
AMA(MMK)
Democracy today သတင်းစာ
Democracy today သတင်းစာ
Post a Comment