0

ဧရာဝတီ
ဒီနေ့မနက် ဘန်ကောက်မြို့ ကောင်းကင်ပေါ် တောက်ပစူးရှတဲ့ မီးလုံးကြီးတခုကို လူအတော်များများ မြင်ခဲ့ကြတယ်။ တွေ့လိုက်ရသူတွေနဲ့ တီဗီမှတ်တမ်းတင်ထားသူ တက္ကဆီဒရိုင်ဘာတွေက ချက်ခြင်း လူမှုကွန်ရက်တွေမှာ ဖြန့်တယ်။ အဲဒီမီးလုံးကြီးက ဘာကြီးလဲပေါ့။ ဥက္ကာပျံ ကြွေတာလားဆိုတော့ ကျလာတဲ့ အစိုင်အခဲဟာ ကမ္ဘာမြေကြီးကို မရောက်ခင် မီးလောင်ကျွမ်းသွားတတ်တာမို့ ဒီဟာက ဘာလဲ၊ ဘယ်နေရာကို ကျတာလဲလို့ မေးခွန်းတွေက ရှိနေပြန်ရော။ satview.org ဝက်ဘ်ဆိုက်ကတော့ အဲဒီဟာက အာကာသထဲမှာ လွင့်မျောနေတဲ့ ဂြိုလ်တုပျက် Flock 1B-11 object number 40459U ဟာ အဲဒီအချိန်လောက်က ကမ္ဘာမြေကြီးဘက် ပြန်ပြုတ်ကျပြီး ဝင်လာတယ်လို့ သတင်းထုတ်ပြန်တယ်။ ထိုင်း အမျိုးသားအာကသဆိုင်ရာ သုတေသန ဌာနက အာကာသဆိုင်ရာ တာဝန်ရှိသူတွေက ဘာတခုမှ ကမ္ဘာပေါ်ကို မကျလာပါဘူးတဲ့။

Post a Comment

 
Top