0

အခုချိန်ထိ အရွယ်တင်နုပျိုခံ့ ညားလှပတဲ့ အလှ တရားကို ပိုင်ဆိုင် ထားပြီး အနုပညာမောင်နှမတွေရဲ့ စံပြအတုယူမှုတွေရော၊ ပရိ သတ်တွေ ရဲ့ ချစ်ခင်အားပေးမှု ကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ အကယ်ဒမီစိုးမြတ် သူဇာက သြဂုတ်လ ၃၁ရက်နေ့မှာ ၄၄ နှစ်အရွယ်ပိုင်း ကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။ မွေးနေ့မှာ အရင်နှစ်တွေလိုပဲ အလှူအတန်းတွေနဲ့ ဖြတ်သန်းဖြစ်ခဲ့ကြောင်းကို စိုးမြတ် သူဇာ က “ဒီနှစ် ၄၄နှစ်ပြည့်မွေးနေ့က ထွေ ထွေထူးထူး ဘာမှ မလုပ်ဖြစ်ပါဘူး။ မကြီးတို့ လမ်းထိပ်က ဓမ္မာရုံမှာ မနက်ဆို ဆွမ်းလောင်းတယ်။ ဒီနှစ် ဆို ၂၁နှစ်လောက်ရှိ သွားပြီ။ ပြီးတော့ ဒီနှစ်မှာ လုပ်ဖြစ်တာက ရွှေတိဂုံဘုရား သွားပြီး အင်္ဂါထောင့်မှာ ဆီမီးလှူဖြစ်တယ်။ မကြီးရဲ့ မိတ် ကပ်ဆရာဂျိုးဂျိုးက
မကြီးကို မွေးနေ့လက်ဆောင်အဖြစ် လှူပေးတယ်။ မကြီးက ဘုရားသွားပြီး ဆီမီးပူဇော် လိုက် ရုံပါပဲ။ ရေဘေးဖြစ် တုန်းက ပုပ္ပားမှာ ဇာတ်ကားသွားရိုက် ကူးနေတော့ ဘာတစ်ခုမှ ပါဝင်မကူညီဖြစ်ဘူး။ အဲဒါ ကြောင့် ရေဘေးသင့်ပြည် သူတွေပြန် လည်ထူထောင်ရေး အတွက် ၁၅သိန်းနဲ့ ဘိလပ်မြေအိတ် ၂ဝဝလည်းလှူဖြစ် တယ်” လို့ ပြောပါတယ်။
အကယ်ဒမီစိုးမြတ်သူဇာရဲ့ မွေးနေ့မှာတော့ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်မှာ ပရိ သတ်တွေရော၊ ချစ်တဲ့အနုပညာမောင်နှမတွေကရော ဝိုင်း ပြီးမွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။
ပေါ်ပြူလာဂျာနယ်ရဲ့ဖေ့စ်ဘုတ်စာမျက်နှာ ထက်မှာ လည်း မွေးနေ့ဆုတောင်းပေးခဲ့ရာမှာတော့ ပရိသတ်တွေ ကလည်း မွေးနေ့ ဆုတောင်းပေးတဲ့ Comment တွေများစွာရေးခဲ့ကြပြီး Like တွေလည်း အများကြီးရခဲ့တာတွေ့ ရပါတယ်။ တခြားအွန် လိုင်းစာမျ က်နှာတွေထက်မှာလည်း Like တွေ အများအပြားရရှိတာတွေ့ရတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ အများ အပြားပိုင် ဆိုင်ထားသူလို့ ပြောရမှာဖြစ်ပါ တယ်။ အခုလို ပရိသတ်တွေရဲ့ မွေးနေ့ ဆု တောင်းစကားတွေရရှိတဲ့အပေါ်စိုးမြတ်သူဇာ က “မကြီးကို ချစ်ကြတယ်ဆိုတော့ ဝမ်းသာ ရတာပေါ့။ ကျေနပ်ပီတိဖြစ်ရပါတယ်။ အား ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူး အများကြီးတင်ပါ တယ်” လို့ ပြောပါတယ်။
စိုးမြတ်သူဇာက ‘ရှယ်ချွေးမ’ရုပ်ရှင် ဇာတ်ကားမှာ ရန်အောင်၊ အောင်ရဲလင်း၊ ထက်ထက်မိုးဦး၊ ခင်ဝင့်ဝါတို့နဲ့ သရုပ်ဆောင် မှာဖြစ်သလို ဝိညာဉ်စိမ်းရုပ် ရှင်ဇာတ်ကားကို လည်း ကျော်သူ၊ ရန်အောင်၊ မြင့်မြတ်တို့နဲ့ ရိုက်ကူးဖို့ရှိကြောင်း သိရပါတယ်။
ခိုင်ဝေလွင်
Popular Journal

Post a Comment

 
Top