0


ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု တိုးမြှင့်ရန် အထောက်အကူပြုမည့်
သဘောတူညီချက်တစ်ရပ်ကို အာရှဖွံ့ဖြိုး ရေးဘဏ်နှင့် မြန်မာအစိုးရတို့အကြား
စက်တင်ဘာလ ဒုတိယပတ်အတွင်းက သဘောတူ လက်မှတ်ရေးထိုးသည်။
"အဓိကကတော့ ပုဂ္ဂလိကကို ငွေကြေး အထောက်အပံ့ပေးလို့ရတဲ့ သဘောတူညီချက်ပါ"ဟု
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
လက်ရှိတွင် ကုန်သွယ်ရေးကဏ္ဍအတွက် ၀န်ဆောင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံတွင်
ဖွံ့ဖြိုးသည့်အဆင့်တွင်သာ ရှိနေသေးသည်။ ကုန်သွယ်မှုဆိုင်ရာကဏ္ဍ ငွေကြေးဝန်ဆောင်မှုကို
ပိုမိုပေးအပ်နိုင်ခြင်းဖြင့် နိုင်ငံတကာနှင့်ကုန်သွယ်မှု တိုးမြင့်လာစေရန်ရည်ရွယ်ပြီး
ယင်းအစီအစဉ်အရ အာရှဖွံ့ဖြိုး ရေးဘဏ်သည် ကုန်သွယ်မှုဆိုင်ရာကဏ္ဍ ငွေကြေး
ဝန်ဆောင်မှုလုပ်ငန်းများကို အာမ ခံပေးမည်ဖြစ်သည်။ ထို့ပြင် မိတ်ဖက်ဘဏ်များက
ချေးငွေစီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ပေးနိုင်ရန်နှင့် နည်းပညာများ ရရှိနိုင်ရန်
ဆောင်ရွက်သွားမည်ဖြစ်သည်။ ငွေလွှဲစာတမ်းများ အာမခံပေးခြင်းစနစ်သည် ရောင်းသူက
ဝယ်သူထံမှ ငွေကြေးအချိန်မှန်ရရှိစေရန် ဘဏ်က ကြားက အာမခံ ပေးရခြင်း ဖြစ်သည်။
သို့သော် ယခုအချိန် အထိ နိုင်ငံခြားဘဏ်အများစုသည် မြန်မာ ဘဏ်များအာမခံပေးသော
ငွေလွှဲစာတမ်းကို လက်ခံမှုမရှိသေးပေ။ "ကုန်သွယ်မှုကဏ္ဍအတွက် ၀န်ဆောင်မှုဟာ
ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုများလာစေဖို့ အားပေးပြီး မြန်မာ့စီးပွားရေး လုပ်ငန်းတွေနဲ့
လည်း နိုင်ငံတကာဈေးကွက် ကို ထိုးဖောက် ၀င်ရောက်နိုင်စေဖို့ အထောက် အကူပြုပါတယ်" ဟု
အာရှဖွံ့ဖြိုးရေးဘဏ် ၏ အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ် ဂျိမ်းစ်နုဂျန့်က ပြောသည်။
ငွေကြေးဝန်ဆောင်မှုပေးရာတွင် ဘဏ်များမှတစ်ဆင့် ပေး၍ရသကဲ့သို့ ပုဂ္ဂလိက
ကုန်သွယ်မှုပြုလုပ်သူများ သို့လည်း တိုက်ရိုက်ပေး၍ရကြောင်း ဒေါက်တာ မောင်မောင်သိမ်းက
ပြောသည်။ "မြန်မာနိုင်ငံနဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းဆက်သွယ်ဆောင်ရွက်နေသူတွေ
အတွက် နိုင်ငံတွင်းက လက်တွဲဆောင်ရွက် မယ့် ဘဏ်တွေနဲ့ ကုန်သွယ်မှုဆိုင်ရာ ငွေကြေး
ဝန်ဆောင်မှု ပေးအပ်နိုင်စွမ်း ပိုမိုမြင့်မားလာမှာဖြစ်လို့ မြန်မာအစိုးရက ဒီအစီအစဉ်ကို
ကြိုဆိုပါတယ်"ဟု ၎င်းက ပြောသည်။ ကုန်သွယ်မှုကဏ္ဍအတွက် ၀န်ဆောင်မှု အစီအစဉ်သည်
မြန်မာနိုင်ငံဘဏ်များနှင့် နိုင်ငံတကာဘဏ်များအကြား လုပ်ငန်းဆက်သွယ် ဆောင်ရွက်မှု
အသစ်များ ခိုင်မာ လာစေရန် သာမက မြန်မာဘဏ်များ၏ လုပ်ငန်းဆက်သွယ်ဆောင်ရွက်မှု
တိုးပွား ကာ ကုန်သွယ်မှုကဏ္ဍဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများ ပေးအပ်နိုင်စွမ်းလည်း
ပိုမိုမြင့်မားလာစေရန် အထောက် အကူပြုမည်ဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ ယခု
သဘောတူညီချက်သည် ပြည်တွင်းပုဂ္ဂလိကဘဏ်များကို ကူညီပေးနိုင်ရန်ရည်ရွယ်ပြီး
၎င်းသတ်မှတ်ထားသောစံနှုန်းများနှင့် ကိုက်ညီသောဘဏ်များက ထိုငွေကြေး ၀န်ဆောင်မှု
အကူအညီကို ရရှိနိုင်ရန် လျှောက်ထားနိုင်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးညီညီအောင်က
ပြောသည်။
သမ၀ါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က "အာရှဖွံ့ဖြိုးရေးဘဏ်ကပေးမယ့်
ငွေကြေးဝန်ဆောင်မှု အကူအညီရ ဖို့ သမ၀ါယမဘဏ်က အာရှဖွံ့ဖြိုးရေးဘဏ်ကို
လျှောက်ထားပြီး ဖြစ်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း လက်ခံပြီးပါပြီ။ အခုလက်ရှိ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရရှိအောင် စောင့်နေတာပါ"ဟု မြန်မာတိုင်း(မ်)ကို
ပြောသည်။
Trade finance တွင် လိုအပ်နေသော အာမခံပေးသည့်လုပ်ငန်းများတွင် အေဒီဘီဘဏ်၏
အကူအညီကို ပြီးခဲ့သောနှစ်ကပင် ရလိုခဲ့ကြောင်း ၎င်းက ပြောသည်။ "ဒီစီမံကိန်းက အခုမှ
ဆွေးနွေးညှိနှိုင်းဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ အခုမှ စလုပ်နေ တဲ့စီမံကိန်း ဖြစ်နေသေးတဲ့
အတွက် လောလောဆယ်အချိန်မှာတော့ ဒီစီမံကိန်း နဲ့ပတ်သက်ပြီး ကမ္ဘောဇဘဏ်က ဘာမှ
တိတိကျကျ မပြောချင်သေးပါဘူး။ နောက်ပိုင်း တကယ်အကောင်အထည်ပေါ်လာတော့မှပဲ
စဉ်းစားပါမယ်"ဟု အဆိုပါလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့သော ကမ္ဘာဇဘဏ်
တာဝန်ရှိသူတစ်ဦးက ပြောသည်။

http://myanmar.mmtimes.com/

Post a Comment

 
Top