0


တရုတ်နိုင်ငံသို့ ခိုးထုတ်မည့်သစ်များကို ကချင်ပြည်နယ်တစ်နေရာ မြန်မာ-တရုတ်နယ်စပ်၌ တွေ့ရစဉ်(ဓာတ်ပုံ-EIA)
မြန်မာ-တရုတ် နယ်စပ် တွင်ဖြစ်ပေါ်နေသော တရားမ၀င် မှောင်ခိုသစ်တင်ပို့မှု ရပ်တန့်ရေး၌ ပူးပေါင်းပါဝင်ရန် တရုတ်အစိုးရ အား သမ္မတဦးသိန်းစိန်က ပြော ကြားထားပြီးဖြစ်ကြောင်း ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ် တောရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
စက်တင်ဘာ ၂၄ ရက် နေပြည်တော်တွင် ကျင်းပပြုလုပ် သော မြန်မာ-တရုတ်သစ်ကုန် သွယ်မှု တရားဝင်ဖြစ်လာရေး အလုပ်ရုံဆွေးနွေးပွဲ၌ နိုင်ငံတကာအဖွဲ့အစည်းများကို အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ တွင် မကြာသေးမီ မြန်မာ-တရုတ် မှောင်ခိုဂိုဏ်းတစ်ခုကို ဖော်ထုတ် ခဲ့သည့် လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ် ဆေးရေးအဖွဲ့ အီးအိုင်အေနှင့် ၀ါရှင်တန်ဒီစီအခြေစိုက် forest Trends အဖွဲ့၊ ဥရောပသမဂ္ဂအဖွဲ့ ၀င်တို့အား ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ယခုလဆန်းပိုင်းမှာသမ္မတ နောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်မှာ မြန်မာ-တရုတ် နယ်စပ်မှာဖြစ်နေ တဲ့ သစ်ခိုးထုတ်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်လို့ ပြောပါတယ်’’ဟု အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောပြ သည်။ စက်တင်ဘာ ၄ ရက်က သမ္မတသည် တရုတ်သို့ ဖက်စစ် ဆန့်ကျင်ခြင်းနှင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် (၇၀) ပြည့်အောင်မြင်ခြင်းနေ့အခမ်းအနားတက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်စဉ်  ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နှစ်နိုင်ငံအစိုးရကို မြန်မာ-တရုတ် နယ်စပ်အကြားဖြစ်ပေါ်နေ သော တရားမ၀င်သစ်မှောင်ခို ကုန်သွယ်ရေးလမ်းကြောင်း ရပ် တန့်သွားစေရန် သဘာဝပတ်ဝန်း ကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့က တိုက်တွန်းမည်ဟု စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သော ၎င်းအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ ၌ ထုတ်ဖော်ပြောကြားခဲ့သည်။
‘‘တရုတ်အစိုးရကို မြန်မာ ပြည်အစိုးရက သစ်အလုံးလိုက်တင်သွင်းခွင့် ပိတ်ထားတယ်ဆိုတာ တရားဝင်စာပို့ပေးဖို့ EIA က တိုက်တွန်းထားပါတယ်။ ပြည်ပ အလုံးလိုက်တင်ပို့မှု ပိတ်ထား တယ်ဆိုတာ ကုန်သည်တွေပဲ သိ တယ်။ တရုတ်အစိုးရမသိနိုင်ဘူး။ ဒါကြောင့် ပိတ်ထားတယ်ဆိုတဲ့ အကြောင်း တရုတ်အစိုးရကို တရားဝင်စာပို့ဖို့ တိုက်တွန်းတာ ပါ’’ဟု ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဦးစီးဌာနမှ အရာထမ်းတစ် ဦးက ပြောသည်။
မြန်မာနိုင်ငံဘက်က သစ်ခိုး ထုတ်သော်လည်း တရုတ်နယ်စပ် အကောက်ခွန်ကသူတို့နိုင်ငံအစိုး ရသတ်မှတ်ထားသည့် နည်းလမ်း နှင့် ကိုက်ညီပါက သစ်တင်သွင်း ခွင့်ပေးသည်ဟု ဆိုသည်။
သမ္မw ဦးသိန်းစိန် တရုတ် ခရီးစဉ်မှ  ပြန်ရောက်လာပြီးနောက် မြန်မာနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော သစ်များတင်သွင်းခွင့်ကိုဒီဇင်ဘာအထိ ပိတ်ထားမည်ဟု ယူနန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ စက်တင်ဘာမှ ဒီဇင်ဘာအထိ ပိတ်ထားမည့် နည်းလမ်းသည် တရုတ်နှင့် မြန်မာနယ်စပ်အကြား ဖြစ်ပေါ်နေသော တရားမ၀င်သစ်ကုန်သွယ်ခြင်းကို ထိရောက်စေမည်မဟုတ်ဟု EIA (သဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့)က ဆိုသည်။
‘‘ရာသက်ပန်ပိတ်လိုက်တာ ကောင်းပါတယ်။ လေးလဆိုတာ အရမ်းနည်းပါတယ်။ အပြီးပိတ် လိုက်ဖို့ တိုက်တွန်းပါတယ်’’ဟု အီးအိုင်အေ၏ သစ်တောရေးရာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ခေါင်း ဆောင် မစ္စဖိတ်သ်ဒိုဟာသီက ပြောသည်။
မြန်မာ-တရုတ်နယ်စပ်အ ကြား တရားမ၀င်သစ်ကုန်သွယ် ခြင်းလမ်းကြောင်းသည် နှစ်ပေါင်း ၂၅နှစ်ကျော်ပြီဖြစ်သည်။ အဆိုပါ မှောင်ခို သစ်ကုန်သွယ်မှုသည် ၁၉၉၀ ကတည်းက စတင်ခဲ့ပြီး၂၀၀၅ တွင် အမြင့်ဆုံးရောက်ခဲ့သည်။
တရားမ၀င် သစ်ကုန်သွယ် ကို အစဉ်တစိုက်လေ့လာခဲ့သော EIA အဖွဲ့က ၂၀၁၃ သည် ယခင် သစ်ကုန်သွယ်မှုအမြင့်ဆုံးဖြစ်ခဲ့ သည့် ၂၀၀၅ ကုန်သွယ်မှုထက် ပိုများရှိခဲ့သည်ဟု ဆိုသည်။
၂၀၀၅ တရားမ၀င်သစ်ကုန် သွယ်မှု ကုဗမီတာ ၁ ဒသမ ၆ သန်းရှိခဲ့ပြီး ၂၀၁၃ တွင် ကုဗမီတာ ၁ ဒသမ ၇ သန်းရှိခဲ့သည်။ အ မေရိကန် ဒေါ်လာ ၆၂၀ကျော် ကုန်သွယ်ခဲ့ခြင်းဖြစ်ပြီး တရုတ်တို့ အများဆုံးဝယ်ယူသည့် သစ်များ သည် သစ်နီ ခေါ် တမလန်းသစ်နှင့် ပိတောက်သစ်တို့ဖြစ်ကြသည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top