0


ကိုကာကိုလာဂိုဒေါင် မီးလောင်မှုကို ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် သံဘူးခွံများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ကိုကာကိုလာအချိုရည် ထုတ်လုပ်သည့်ကုန်ကြမ်းများ မီး လောင် ပျက်စီးသွားသော်လည်း အချိုရည်ထုတ်လုပ်မှုကို ထိခိုက်  နိုင်မည်မဟုတ်ကြောင်း Coca-Cola Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
‘‘ကျွန်တော်တို့ကနဦးလေ့ လာသုံးသပ်မှုများအရ မြန်မာနိုင် ငံထုတ်လုပ်ဖြန့်ချိလျက်ရှိတဲ့ ကို ကာကိုလာအချိုရည်ထုတ်လုပ် နိုင်မှုစွမ်းအားကို ချက်ချင်းသက် ရောက်နိုင်မှာ မဟုတ်ဘူးလို့ ယုံ ကြည်ပါတယ်’’ဟု ၎င်းက ပြော ကြားသည်။
ထို့ပြင် ယခု မီးလောင်မှုအ တွင်း ၎င်းတို့၏ဝန်ထမ်းတစ်စုံတစ် ဦးမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ ကြောင်းနှင့် ဝန်ထမ်းအားလုံး၏ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး မှာ Coca-Cola Company ၏ အဓိကအရေးကြီးဆုံးဖြစ်ကြောင်း  အထက်ပါတာဝန်ရှိသူက ပြော သည်။  ယခု မီးလောင်မှုကြောင့် ဒေါ်လာ ၈၅၅,၀၀၀ (မြန်မာငွေ ကျပ်တစ်ဘီလီယံကျော်)တန်ဖိုး ဆုံးရှုံးသွားခဲ့သည်ဟု ပြည်ပသ တင်းဌာနများက စက်တင်ဘာ ၂၅ ရက်တွင် ရေးသားဖော်ပြခဲ့ကြ သည်။ အဆိုပါမီးလောင်မှုတန်ဖိုး ဟုတ်၊ မဟုတ် ကိုကာကိုလာကုမ္ပ ဏီထံ ဆက်သွယ်မေးမြန်းရာ ပျက်စီးဆုံးရှုံးမှုများကို စုံစမ်းစစ် ဆေးနေဆဲဖြစ်ကြောင်း ကုမ္ပဏီ က ပြန်လည်ဖြေကြားသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ဂိုဒေါင်အတွင်းရှိ သကြား အိတ်များ၊ သံဘူးခွံများနှင့်ပလတ် စတစ်အလိပ် စသည့် ကုန်ကြမ်း ပစ္စည်းများ၏ ပျက်စီးဆုံးရှုံးမှုတန် ဖိုးမှာ ကျပ်သိန်း ၁၀၀ သာ ရှိ ကြောင်း  ထုတ်ပြန်ထားသည်။
မီးလောင်မှုအကြောင်းရင်း ကို မသိရှိရသေးဘဲ စက်တင်ဘာ ၂၅ ရက်ထိ စစ်ဆေးနေဆဲ ဖြစ် ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက ပြောသည်။
စက်တင်ဘာ ၂၄ ရက်နံနက် အစောက မင်္ဂလာဒုံ မြို့နယ်ရှိ Coca-Cola Pinya Beverages Myanmar(CCPBM)ဂိုဒေါင် မီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နောက် ဆက်တွဲ ဘေးအန္တရာယ်များအ တွက် မီးသတ်တပ်ဖွဲ့ဝင်များက ဆက်လက်စောင့်ကြည့်လျက်ရှိ ကြောင်း Coca-Cola Myanmar က ပြောသည်။
စက်တင်ဘာ ၂၄ ရက်က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဥယျာဉ် ဝင်းအတွင်း ရန်ကုန်စက်မှုဇုန်(၇) လမ်းရှိ ကိုကာကိုလာကုမ္ပဏီ၏အ ချိုရည်ထုတ်လုပ်သော ကုန်ကြမ်း များထားရှိရာ ဂိုဒေါင်မီးလောင်မှု သည် ငါးနာရီခွဲ ကြာမြင့်ခဲ့သည်။
http://www.7daydaily.com/story/47241

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top