ဘုရင်ကို ဂုဏ်ပြုဖို့နဲ့ တနိုင်ငံတည်းသားတွေ စည်းလုံးညီညွတ်မှုရဲ့ ပြယုဂ်အဖြစ် မွန်တိုင်းရင်းသားတဦးက ကိုယ်ပိုက်ဆံနဲ့ကိုယ် တည်ဆောက်တာလို့ ထိုင်းအခြေစိုက် နေရှင်းသတင်းမှာ ရေးပါတယ်။
၁၅ မီတာမြင့်ပြီး ၂၁ မီတာ ကျယ်တဲ့ ဒီရွှေတိဂုံဘုရားပုံတူဟာ ထိုင်းမှာ အကြီးဆုံး ရွှေတိဂုံပုံတူ ဖြစ်လာမှာ ဖြစ်ပါတယ်။
အသက် ၄၅ နှစ် မွန်တိုင်းရင်းသား ကိုချင်ကိုက တာဝန်ယူတည်ဆောက်နေတဲ့ စေတီဟာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီး နောက်လမှာ အပြီးသတ်မှာ ဖြစ်ပါတယ်။
အနီးပတ်ဝန်းကျင်ကတော့ နောက်ထပ် ၂ နှစ်လောက် မွမ်းမံတည်ဆောက်ရမှာ ဖြစ်တယ်လို့ သတင်းက ရေးပါတယ်။
ကိုချင်ကိုဟာ လွန်ခဲ့တဲ့ ၁၈ နှစ်က ဆောက်လုပ်ရေး အလုပ်သမား တဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ ဆုန်ခလာခရိုင်မှာ ထင်ရှားတဲ့ ဆောက်လုပ်ရေး ကန်ထရိုက်သမားတဦး ဖြစ်လာပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပိုမိုရောက်ရှိလာတဲ့အတွက် ရွှေတိဂုံစေတီပုံတူကို တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဒီဘုရားတည်ဆောက်ဖို့အတွက် ကိုချင်ကိုနဲ့ ဒီအနီးနားမှာ နေထိုင်တဲ့ မြန်မာတိုင်းရင်းသားတွေက ဘတ် ၁၀ သန်း မတည်ခဲ့တာ ဖြစ်ပါတယ်။
ဝပ်ခလွန်ဟဲ ဘုန်းကြီးကျောင်းထိုင် ဆရာတော်ကတော့ ၂၀၀၈ ခုနှစ်ကတည်းက တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် အခက်အခဲတွေကြောင့် အကောင်ထည်မဖော်နိုင်ဘဲ ကိုချင်ကိုက ဘုရားတည်ဆောက်ဖို့ လျှောက်ထားခဲ့တာလို့ ပြောပါတယ်။
http://burmese.dvb.no/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.