0

ဒေါ်လာတန်ဖိုးမြင့်တက်နေချိန်တွင် ပို့ကုန်တန်ဖိုးကျဆင်းခြင်းမှာ ၀င်ငွေပို၍ လျော့နည်းစေပါသည်။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
 ယခုနှစ် ဧပြီမှ စက်တင် ဘာလဆန်းအထိ ငါးလကျော် အတွင်း ပြည်ပကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံရှိပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါကသန်း ၂၀၀ လျော့နည်းသွားကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

ဘဏ္ဍာနှစ်စမှ ငါးလကျော် ကာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံရှိပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံ ရှိကာ ကုန်သွယ်မှုလိုငွေ သုံးဘီလီ ယံခန့်ရှိကြောင်းစီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
‘‘ပင်လယ်ရေကြောင်း ကုန် သွယ်မှုက လျော့နည်းသွားတယ်။ ပြီးခဲ့တဲ့နှစ်ထက် အမေရိကန်ဒေါ် လာ သန်း ၅၀၀ လောက် လျော့နည်းသွားတယ်။ နယ်စပ်ကုန်သွယ်မှုကတော့ ကာလတူထက် သန်း ၃၀၀ ကျော် ပိုနေတယ်’’ဟုကုန် သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
ပြည်ပနိုင်ငံများသို့ ပင်လယ် ရေကြောင်းနှင့် နယ်စပ်လမ်း ကြောင်းများမှ အမေရိကန်ဒေါ် လာ ၄ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ သည့် ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်း ယှဉ်ပါက ပြည်ပသို့တင်ပို့သည့် ပို့ကုန်တန်ဖိုးမှာ သန်း ၂၀၀လျော့ နည်းနေကြောင်း ကုန်သွယ်မှုစာ ရင်းများအရ သိရသည်။
မြန်မာနိုင်ငံသို့ တင်သွင်း သည့် သွင်းကုန်ပမာဏမှာအမေ ရိကန်ဒေါ်လာ ခုနစ်ဘီလီယံရှိပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်း ယှဉ်ပါက သွင်းကုန်သည်လျော့ နည်းမှုမရှိကြောင်း ကုန်သွယ်မှု စာရင်းများအရသိရသည်။
‘‘သတ္တုတွင်းနဲ့  စက်မှုကုန် ချောကဏ္ဍမှာ တင်ပို့မှုလျော့နည်း သွားတယ်။ ဆန်စပါးတင်ပို့မှုကို တစ်လကြာရပ်ဆိုင်းထားပေမယ့်  လယ်ယာထွက်ကုန်တင်ပို့မှုက တော့ လျော့နည်းမသွားဘူး’’ဟု ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်မှူးတစ်ဦးကပြောသည်။
ယခုဘဏ္ဍာနှစ်အစမှ ငါးလ ကျော်အတွင်း ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်ပစ္စည်း အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီ ယံ၊ တိရစ္ဆာန်ထွက်ပစ္စည်း နှစ် သန်း၊ ရေထွက်ပစ္စည်း သန်း ၁၆၀၊ သစ်တောထွက်ပစ္စည်း ၇၇ သန်း၊ သတ္တုတွင်းထွက်ပစ္စည်း သန်း ၆၀၀ ကျော်၊ စက်မှုကုန် ချောပစ္စည်း ၂ ဒသမ ၃ ဘီလီယံ ကျော်နှင့် အခြားပို့ကုန်သန်း ၁၄၀ ကျော်တင်ပို့ပြီးဖြစ်ကြောင်းစီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာမှ သတင်းရရှိသည်။

http://www.7daydaily.com/story/45991

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top