0

စည်သူကျော် ၊ ရန်ကုန်၊
နိုင်ငံပိုင်မီဒီယာများအပါအဝင် သတင်းဌာနအချို့၏ ရွေးကောက်ပွဲ ကာလသတင်းဖော်ပြမှုများအား စောင့် ကြည့်သုံးသပ်သွားမည်ဟု Myanmar Institute for Democracy ၏စီမံကိန်း ညှိနှိုင်းရေးမှူး ဦးမျိုးမင်းဇော်က ပြော သည်။
''ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တိကျတဲ့၊ ဘက်မလိုက်တဲ့သတင်းအ ချက်အလက်တွေကို မီဒီယာတွေကပေး မပေးဆိုတာစောင့်ကြည့်တဲ့သဘော ပါ''ဟု ဦးမျိုးမင်းဇော်က ပြောသည်။
နိုင်ငံပိုင်မီဒီယာများဖြစ်သည့် မြန် မာ့အလင်း၊ မြဝတီနှင့်ရေဒီယိုအသံလွှင့် ဌာနများအပါအဝင် ပြည်ပသတင်းဌာန များဖြစ်သည့် VOA ၊ BBC နှင့် RFA သတင်းဌာနများနှင့် အခြားသတင်းဌာန ကို စောင့်ကြည့်လေ့လာမည်ဖြစ်သည်။
MID မှစောင့်ကြည့်လေ့လာမည့် သတင်းဌာနများမှာ ရေဒီယိုအသံလွှင့် ဌာနရှစ်ခု၊ ရုပ်သံဌာနခုနစ်ခု၊ နေ့စဉ် နှင့်အပတ်စဉ်ထုတ်ဝေလျက်ရှိသော သတင်း စာစောင် ၁၄ခု၊ Online မီဒီယာ သုံးခု စသည့်သတင်းဌာနများ ၏ ရွေး ကောက်ပွဲကာလအတွင်း ကိုယ်စားလှယ် လောင်းများ၊ ပါတီများနှင့် ပတ်သက် သည့် ဖော်ပြမှုများ၊ မဲဆွယ်စည်းရုံးမှု များနှင့်ပတ်သက် သည့် ဖော်ပြ မှုများ ကို စောင့်ကြည့်လေ့လာ၍ အစီရင်ခံ စာများ ထုတ်ပြန် သွားမည်ဖြစ် သည်။
သတင်းဌာနများအား ရွေးချယ် စောင့်ကြည့်ရခြင်းနှင့်ပတ်သက်၍ Democracy Reporting Internation(DRI) မှ မီဒီယာစောင့်ကြည့်လေ့ လာ ရေးဆိုင်ရာကျွမ်းကျင်သူ Mr. Rasto Kuzel က ''ကျွန်တော်တို့မှာရှိတဲ့ငွေ အ ရင်းအမြစ်၊ လူသားအရင်းအမြစ်ကြည့် ပြီးမှ ဘယ်မီဒီယာတွေကိုေ စာင့်ကြည့် သင့်တယ်ဆိုပြီး ရွေးချယ်ခဲ့တာပါ''ဟု ပြောသည်။
စောင့်ကြည့်လေ့လာေ ရးစီမံ ကိန်း ကာလအား ယခုလ ၈ရက်မှစ၍ နိုဝင် ဘာ ၈ရက်အထိသတ်မှတ်ထားသည်။
''ကျွန်တော်တို့ဆီက အစီရင်ခံစာ တွေက ရွေးကောက်ပွဲသတင်းအချက် အလက်တွေပေးဖို့ ကြိုးပမ်းတဲ့အခါမှာ မီဒီယာသမားတွေအတွက် အထောက် အကူပြုမှာပါ''ဟု MID ၏ဒါရိုက်တာ ဦးအောင်ကျော်မျိုးက ပြောသည်။
အစီရင်ခံစာအား သုံးကြိမ်ထုတ် ပြန်ရန်စီစဉ်ထားပြီး စက်တင်ဘာလ ကုန်ပိုင်းနှင့်အောက်တိုဘာလဆန်းပိုင်း တွင် ပထမအကြိမ်အစီရင်ခံစာအား ထုတ်ပြန်မည်ဖြစ်ပြီး ရွေးကောက်ပွဲနီး လျှင် ဒုတိယအကြိမ်အစီရင်ခံစာအား ထုတ်ပြန်မည်ဖြစ်သည်။ ရွေးကောက်ပွဲ ပြီးမှ တတိယအကြိမ်အစီရင်ခံစာအား ထုတ်ပြန်မည်ဖြစ်သည်။
မီဒီယာစောင့်ကြည့်လေ့လာရေး စီမံကိန်းနည်းစနစ်များသည် ဆလိုဗက် ကီးယားနိုင်ငံမှမီဒီယာစောင့်ကြည့်လေ့ လာရေးအဖွဲ့ဖြစ်သည့်MEMO 98 ၏ နည်းစနစ်များကို အသုံးပြုထားခြင်း ဖြစ်သည်။
MEMO 98 သည် လွန်ခဲ့သော ၁၇နှစ်က နိုင်ငံပေါင်း ၅ဝ ကျော်တွင် ယခုကဲ့သို့စီမံကိန်းများကို အကောင် အထည်ဖော်ခဲ့သည့်အဖွဲ့ဖြစ်သည်။
Myanmar Institute for Democracy သည် အရပ်ဘက်လူ မှု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂမှရန်ပုံငွေ ပံ့ ပိုးသော STEP Democracy စီမံကိန်းအတွင်းမှ DRI က ပံ့ပိုးကူညီပေးထားသည်။
Yangon Media Group

Post a Comment

 
Top