0
      
NLD ပါတီ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အနာဂတ် ခေါင်းဆောင်မှုကို စဉ်းစားကာ လူငယ်များကို (၈၀)ရာခိုင်နှုန်းအထိ ရွေးချယ်ခဲ့ကြောင်း ယင်းပါတီ၏ ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ပြောဆိုခွင့်ရှိသူ ဦးဝင်းမြင့်က The Messenger Media သို့ပြောသည်။
      “အနာဂတ် မျိုးဆက်အတွက် လုပ်တာ၊ ကျွန်တော်တို့အတွက် လုပ်တာမဟုတ်ဘူး။ ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုပြီး ဆိုရိုးရှိတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်တွေပဲ၊ လူငယ်တွေကို ပြုစုပျိုးထောင်တယ်။ အားပေးတယ်”ဟု ဦးဝင်းမြင့်က ဆိုသည်။
      NLD ၏ မူဝါဒအရ အရည်အချင်း ချင်းတူပါက လူငယ်နှင့် လူကြီးတွင် လူငယ်ကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မည် ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အကျယ်တ၀င့် ဖော်ပြထားကြောင်း၊ လူငယ် လူလတ်များကို NLD အနာဂတ် လုပ်ဆောင်ချက် များတွင်လည်း (၇၅) မှ (၈၀) ရာခိုင်နှုန်း အသုံးပြုမည် ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။
      NLD ပါတီသည် လူငယ်(၈၀) ရာခိုင်နှုန်းခန့် ပါဝင်သော ကိုယ်စားလှယ်လောင်း (၁၁၃၈)ဦးကို ကော်မရှင်သို့ တင်ပြရာ ရှစ်ဦး အပယ်ခံရပြီး အယူခံ သုံးဦးဝင်၍ ရခဲ့ကြောင်း၊ ငါးဦး အပယ်ခံရကြောင်း ယခုအခါ ရွေးကောက်ပွဲတွင် (၁၁၃၃)ဦး ၀င်ပြိုင်မည် ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။
      “ကျွန်တော်တို့ကတော့ အလုပ်လုပ်ရင်း သင်ယူရတာပါ။ တချို့က ပြောကြတယ်။ ကျွန်တော်တို့ ပါတီ လူငယ်မျိုးဆက် ပြတ်တယ်တဲ့။ အုပ်ချုပ်တဲ့ အစိုးရတွေကြောင့် နည်းချင်နည်းလိမ့်မယ်။ မျိုးဆက် ပြတ်ခဲ့တာ မဟုတ်ဘူး။ လူငယ်တွေ အများကြီးပါ”ဟု NLD အောင်နိုင်ရေးမှ လူငယ်တစ်ဦးဖြစ်သူ ဦးမောင်မောင်ဦးက The Messenger Media သို့ပြောသည်။
      NLD ပါတီသည် ၂၀၁၃ ခုနှစ်တွင် လူငယ် ညီလာခံကို ကျင်းပခဲ့ပြီး ယင်းမှ လွှတ်တော်ကိုယ်စားလှယ် လူငယ်များသည် ယခုအခါ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် အများဆုံး ပါဝင်လာကြောင်း၊ ဦးမောင်မောင်ဦးက ဆိုသည်။ NLD တွင် လူငယ်အင်အား တစ်သိန်းကျော် ရှိသည်။
http://messengernewsjournal.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top