0


အာဇာနည်ဗိမာန်တွင် ဗကသကျောင်းသားအလံ လွှင့်တင်ထားစဉ် (ဓာတ်ပုံ − နစ်ကီ)
 ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်ထိပ်အလံတိုင်တွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)အ လံကို စက်တင်ဘာ ၆ ရက် ညနေတွင် လွှင့်တင်ထားခဲ့ကြောင်း တွေ့ရှိရသည်။ သို့သော် မည်သူလွှင့်တင်သည်ကိုမူ မသိရပေ။

အာဇာနည်ဗိမာန်ထိပ်အလံ တိုင်တွင် အနီရောင်အောက်ခံနှင့် ခွပ်ဒေါင်းပုံပါ ဗကသအလံလွှင့် တင်ထားခြင်းကို စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခန့်တွင် လမ်း သွားလမ်းလာအချို့က စတင် သတိထားမိခဲ့ခြင်းဖြစ်သည်။
အာဇာနည်ဗိမာန်ရှိ အလံ တိုင်တွင် ခေတ်အဆက်ဆက်အာ ဇာနည်နေ့ရောက်ရှိချိန်နီးမှ နိုင်ငံ တော်အလံကို တိုင်တစ်ဝက်လွှင့် ထူလေ့ရှိပြီး အခြားအချိန်၌ အလံတိုင်တွင် မည်သည့်အလံမျှ လွှင့်ထူခြင်းမရှိကြောင်း အာဇာနည်ဗိမာန်အနီး၌ နေထိုင်သူများက ပြောသည်။
အဆိုပါ ခွပ်ဒေါင်းအလံကို ညနေ ၆ နာရီခန့်တွင် အာဇာနည် ဗိမာန် လုံခြုံရေးဝန်ထမ်းများက ပြန်လည်ဖြုတ်သိမ်းခဲ့သည်။
လက်သည်မပေါ်သေးသည့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အ ဆင့်မြင့်အရာရှိများထံ သတင်းပို့ ထားကြောင်းနှင့် အာဇာနည်ဗိမာန်ပိတ်ချိန် ညနေ ၅ နာရီခန့်အထိ တိုင်ထိပ်၌ မည်သည့်အလံမှ လွှင့်ထူထားခြင်းကို မတွေ့ရှိ ကြောင်း အာဇာနည်ဗိမာန် လုံခြုံရေးများက ပြောသည်။
ရွှေတိဂုံစေတီတော် မြောက် ဘက်မုခ်အနီးရှိ အာဇာနည်ဗိမာန် ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံး ပိတ်ရက်များမှအပ ကျန်ရက်များ တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အများပြည်သူလာရောက် ဂါရ၀ပြုရန် ဖွင့်လှစ်ထားသည်။ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော် အလံအသစ် ပြန်ပြောင်းပြီးနောက် နိုင်ငံတော်အလံ မှားယွင်းလွှင့်ထူမှုများ မကြာခဏ ဖြစ်ပွားခဲ့ဖူးသည်။
ရန်ကုန်မြို့တော်ခန်းမအနီး ရှိ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော် (ဟိုက်ကုတ်)၌ ဇန်န ၀ါရီ ၁ ရက်က နိုင်ငံတော်အလံအစား ‘‘ကိုးမြီးကွက်ကဒေါင်း’’ပုံစံ ပါသည့် သုံးရောင်ခြယ်အလံကို လွှင့်ထူထားပြီး လူအများ သတိ ထားမိချိန်၌ ပြန်လည်ဖြုတ်သိမ်း ခဲ့သည်။
 ၁၉၄၁-၁၉၄၂ အတွင်း ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)က အသုံးပြုခဲ့သည့် ‘‘ကိုးမြီးကွက်ကဒေါင်း’’အလံလွှင့်တင်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ရဲစခန်းတွင် တိုင်ကြားခဲ့သော် လည်း တရားခံဖမ်းဆီးရမိမှု မရှိသေးပေ။
နိုင်ငံတော်အလံကို အထက် အောက် ပြောင်းပြန်လွှင့်ထူမှုများ သည် ၂၀၁၂ နိုဝင်ဘာ အတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ညီလာခံကျင်းပချိန်နှင့် ၂၀၁၃ မေလက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဆွစ်ဇာလန်အထက်လွှတ်တော် ဥက္ကဋ္ဌ တွေ့ဆုံပွဲတို့၌ ဖြစ်ပွားခဲ့ဖူးသည်။
http://www.7daydaily.com/

Post a Comment

 
Top