0


လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင် အား မဲပေးရန် စာသားများပါဝင် သည့် ထီးနှင့် ယပ်တောင်များဖြင့် မဲဆွယ်သောကိစ္စကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒက္ခိဏသီရိမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသော်လည်း   ရဲအရေးပိုင်သည့် အမှုမဟုတ်၍ ပယ်ချလိုက်သည်။
စက်တင်ဘာ ၆ ရက်က ဒက္ခိဏသီရိ မြို့နယ်ရဲစခန်းတွင် အထက်ပါပုဂ္ဂိုလ်နှစ်ဦးအား ယင်း မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒီချုပ်အမတ်လောင်းဦးသန့်ဇင်ထွန်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးက တရားလိုပြု လုပ် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်မှုဆိုင်ရာ အ ခွင့်အရေးအလို့ငှာ ပစ္စည်းအသုံးပြု၍ လာဘ်ပေးခြင်းကို ဆောင်ရွက်သောကြောင့် အရေးယူပေး ရန် တိုင်ကြားခြင်းဖြစ်သည်ဟု တိုင်ကြားစာတွင် ပါရှိသည်။
‘‘မဲရဖို့အတွက် ပစ္စည်းနဲ့ လာဘ်ပေးတဲ့ ပုံစံဖြစ်နေလို့ ရဲအ ရေးပိုင်တဲ့ အမှုဆိုပြီး ရဲစခန်းသွား တိုင်တာပါ’’ဟု တရားလို တိုင် ကြားသူ ဒေါ်သန်းသန်းစိုးက ဆိုသည်။
သို့သော် ဒက္ခိဏသီရိမြို့နယ်စခန်းမှူး  ဒုရဲမှူးစိုးဝင်းကမူ ‘‘ရဲအရေးပိုင်တဲ့ အမှုမဟုတ်တဲ့အတွက် ပယ်လိုက်ပါတယ်။ ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာပို့ပါလို့ ပြောလိုက်ပါတယ်’’ ဟု ပြောသည်။ ‘‘မနက်ဖြန်ကော်မရှင်ကို စာ ပို့မယ်။ ကျွန်မတို့အနေနဲ့ကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်မယ်။ ပြီးမှ အခြေ အနေပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားပါမယ်’’ဟု တရားလိုအဖြစ် တိုင်တန်းသူ ဒေါ်သန်းသန်းစိုးက ဆိုသည်။
ဦးမြင့်လှိုင်သည် ဒက္ခိဏ သီရိမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်း ကောင်း၊ လယ်ဆည်ညွှန်ကြားရေး မှူးချုပ်ဟောင်း ဦးကျော်ဝင်းက အမျိုးသားလွှတ်တော်မဲဆန္ဒနယ် တွင် တစ်သီးပုဂ္ဂလအဖြစ်လည်း ကောင်း ၀င်ရောက်ယှဉ်ပြိုင်ကြ မည် ဖြစ်သည်။
စက်တင်ဘာ ၄ ရက်က ဦးမြင့်လှိုင်သည် ဒက္ခိဏသီရိမြို့ နယ်တွင် ၎င်းအား မဲပေးရန် စာသားများပါဝင်သည့် ထီး၊ ယပ်တောင်၊ ကိုယ်စားလှယ်မှတ်တမ်း၊ဆန်၊ ဆီများကို လယ်ဆည်ညွှန်ချုပ်ဟောင်း ဦးကျော်ဝင်းမှတစ် ဆင့် လိုက်လံဝေငှခဲ့သည်။
ဦးကျော်ဝင်းကလည်း ရွေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရ မည့် ရည်ရွယ်ချက်များ၊ ကိုယ်ရေးအချက်များပါဝင်သည့် လက်ကမ်းစာစောင်များကို ဒေသခံ ပြည်သူများအား ပေးအပ်ခဲ့သည်။
ထို့အပြင် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များတွင် ကျေးရွာမီးလင်းရေးနှင့် အခမဲ့ ဆေးကု သမှုများ ပြုလုပ်ပေးခဲ့သော  ဦးလှဌေးဝင်း၊ ဦးဝေလွင်တို့နှင့် ပတ်သက်၍လည်း ‘‘ဥပဒေကြောင်း အရ သေချာခိုင်လုံမှ တရားစွဲမှာပါ။ မသေချာရင်တော့ မစွဲပါဘူး။ အလှူအတန်းလုပ်တာဆို တော့က ဥပဒေကို အကာအကွယ်ယူပြီး လုပ်တာ။ ဒါပေမဲ့ သဘောတရားကတော့ မဲဆွယ်တဲ့ပုံစံ သက်ရောက်မှု ရှိနေတာပေါ့’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးထွန်းခင်ကဆိုသည်။
ထို့ကြောင့် ဦးဝေလွင်နှင့် ဦးလှဌေးဝင်းတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အသိပေးတိုင်ကြားမှုများ ပြုလုပ် ရန် သက်ဆိုင်ရာကိုယ်စားလှယ် လောင်းများက ဆောင်ရွက်နေ ကြောင်း ဦးထွန်းခင်ကပြောသည်။

http://www.7daydaily.com/

Post a Comment

 
Top