ငါးသိုင်းချောင်း စက်တင်ဘာ ၁၇
ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းနှင့် မွန်းတည့် ၁၂ နာရီတိုင်းထွာချက်အရ စိုးရိမ်ရေမှတ် အထက် ၂ ဒသမ ၅၅ပေတွင် အတက်အကျမရှိ တန့်လျက်ရှိနေပြီး မြစ်ကမ်းဘေး မြေနိမ့်ပိုင်းရှိ ကွင်းလျား ကျေးရွာအုပ်စု ရေကျော်မူလတန်း ကျောင်းမှာ စက်တင်ဘာ ၁၆ ရက်မှ စတင်၍ ယာယီပိတ်ထားရသည်။
အဆိုပါ ကျောင်းပတ်ဝန်းကျင်၌ ရေအနက်မှာ ၁ဝပေမှ ၁၂ပေခန့်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ သွားလာရေး အခက်အခဲရှိနေသဖြင့် ယာယီပိတ်ထားရကြောင်း၊ မြစ်ရေပြန် လည်ကျဆင်းသွားပါက ပြန်လည်ဖွင့် လှစ်သင်ကြားမည်ဖြစ်ကြောင်းနှင့် ကျေးရွာအတွင်း မြစ်ရေအခြေအနေ ကိုလည်း အမြဲမပြတ်သတိထား စောင့်ကြည့်လျက် ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဦးက ပြောသည်။
စိုးမင်းဦး(ပြန်/ဆက်)
Post a Comment