အာကာထက် ၊ ရန်ကုန်၊
ကျူရှင်သွားစဉ် တက္ကသိုလ် ဝင်တန်းကျောင်း သူနှစ်ယောက်ထူး ဆန်းစွာပျောက်ဆုံးခဲ့ကြောင်း ပျောက် ဆုံးသူကျောင်းသူနှစ်ဦး၏မိဘများ ကပြောသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၅ရက် တွင် မြောက်ဒဂုံ ၃၈ရပ်ကွက်ခရေလမ်း (မြတ်ပုည)ကျူရှင်သို့ ပျောက်ဆုံးသူ ကျောင်းသူနှစ်ဦးထွက်သွားရာမှ မွန်း လွဲ ၁နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ ပြီး လူပျောက်အမှတ်စဉ် ၄၇/၂ဝ၁၅ နှင့်တိုင်ချက်ဖွင့်ထားကြောင်း သိရ သည်။
''ဒီနေ့အထိ ပျောက်နေတာပါ။ ရှာလို့လဲမတွေ့ဘူး၊ သတင်းအစအန တောင်မရဘူး''ဟု ၄၅ရပ်ကွက် ဇော် ဂျီလမ်းနေပျောက်ဆုံးသူ ကျောင်းသူ မနေခြည်လင်း၏မိခင် ဒေါ်သီတာ အေးကပြောသည်။
အဆိုပါ ပျောက်ဆုံးသူ မနေ ခြည်လင်းအသက် ၁၅နှစ်(အဖအမည်- ဦးနေလင်းအောင်)နှင့် မနှင်းသဇင် အသက် ၁၇နှစ် (အဖအမည်-ဦး အောင်ထွန်းသိန်း)တို့တွင် ခါးဝတ်ခါး စား၊ ကျောင်းလွယ်အိတ်၊ နားကပ်တစ် ရံနှင့်လက်စွပ်တစ်ကွင်းပါရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းသူနှစ်ဦးမ ပျောက်ဆုံးခင်၌ မူမမှန်မှုများ မရှိခဲ့ ကြောင်း ပျောက်ဆုံးသူနှစ်ဦး၏ မိဘ များနှင့် အနီးပတ်ဝန်းကျင်ရှိနေထိုင် သူများကပြောသည်။
''အနေအေးကြပါတယ်။ ရည်း စားထားတာလဲ မတွေ့မိပါဘူး။ ကျူ ရှင်နားကမုန့်ထွက်ဝယ်နေတုန်း ပျောက် သွားတာပါ''ဟု ၃၈ရပ်ကွက်အင်ကြင်း လမ်းနေ ရာအိမ်မှူးကတော် မခင်ခင် စန်းကပြောသည်။
ပျောက်ဆုံးသူမနေခြည်လင်း သည် ၁ဝတန်း(ဗ)အထက(၅) မြောက် ဒဂုံ၌ တက်ရောက်နေပြီး ပျောက်ဆုံး သူမနှင်းသဇင်မှာ ၁ဝ တန်း(န)အထက (၁)မြောက်ဒဂုံ၌ တက်ရောက်လျက်ရှိ ကြောင်းသိရ သည်။
''ကျောင်းကိုအသိပေးထားရ ပါတယ်။ ခွင့်ပျက်ရက်နဲ့ပဲကျောင်းက ထားပေးပါတယ်။ ကျွန်မတို့ကတော့ ဟိုနေရာကသတင်းကြားလဲသွားရှာ တယ်။ ဒီနေရာကသတင်းကြားလဲ သွားရှာရနဲ့ ကလေးတွေကိုအမြန်ဆုံး ပြန် လာစေချင်နေပါပြီ''ဟု ၃၈ရပ် ကွက်အင်ကြင်းလမ်း မြောက်ဒဂုံနေ ပျောက်ဆုံးသူမနှင်းသဇင်၏မိခင် ဒေါ်ခင်မာဝင်းကပြောသည်။
အဆိုပါကိစ္စနှင့်ဆက်စပ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်) မြို့မရဲ စခန်းမှရဲအုပ်လင်းဟုန်အား သွား ရောက်မေးမြန်းသော် ရဲအုပ်မှာရုံးတွင် မရှိသဖြင့်တွေ့ဆုံမေးမြန်းနိုင်ခြင်းမရှိခဲ့ပေ။
Post a Comment