စည်သူကျော် ၊ ရန်ကုန်၊
လာမည့်နိုဝင်ဘာ ၈ရက်တွင် USDP ပါတီနှင့် NLD ပါတီတို့ နှစ်ပါတီတည်းယှဉ်ပြိုင်ရမည့်နေရာ ၁၈နေရာရှိကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်အတွက် ငါးနေရာ၊ အမျိုးသားလွှတ်တော်အတွက် နှစ်နေရာနှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော်များအတွက် ၁၁ နေရာစုစုပေါင်း ၁၈နေရာတွင် နှစ်ပါတီတည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာဏာရပါတီ USDP နှင့် NLD ပါတီတို့သည် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းကြောင့် မဲဆန္ဒနယ်တူညီနေရ ခြင်းဖြစ်နိုင်သည်ဟု အကဲခတ်သူများကဆိုသည်။ တတိယနေရာအများ ဆုံးယှဉ်ပြိုင်မည့် တစညပါတီကမူ ပါတီမူဝါဒအရ နေရာ ၇ဝဝကျော်သာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်သည်ဟု သိရသည်။
''ကျွန်တော်တို့မူနဲ့ ကျွန်တော်တို့သွားတာပါ။ မဆိုင်ပါဘူး။ ကျွန်တော် တို့က ၂ဝ၁၅၊ ဖေဖော်ဝါရီလောက်ကတည်းက ဘယ်မှာပြိုင်မယ်ဆိုတာ သတ်မှတ်ပြီးသား''ဟု တစညပါတီမှခေါင်းဆောင် ဦးဟန်ရွှေကပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် ကိုယ်စားလှယ် လောင်း ၇၅၆ဦးဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် ကိုယ်စားလှယ်လောင်း တတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီဖြစ်သည်။
USDP ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၈)မှ ဝင် ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ဇေကမ္ဘာဦးခင်ရွှေက ''ကျွန် တော်တို့ပါတီ အပြတ်အသတ်မနိုင်ဘူးဆိုတာ သိပါတယ်။ အကြိတ်အနယ် တော့ ယှဉ်ပြိုင်ရမှာပေါ့''ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၈)မဲဆန္ဒနယ်တွင် NLD ပါတီနှင့် မဲဆန္ဒနယ်တူသည့် ဒလမြို့နယ်အပါအဝင်၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေးနှင့် ကိုကိုးကျွန်း စသည့်မြို့နယ်များ ပါဝင်သည်။
Post a Comment