0

ရုပ်ရှင်လောကသား စုစုပေါင်း ၁ဝဝခန့် ပါဝင်ကာ စုပေါင်းလက်မှတ် ရေးထိုးထားတဲ့ လက်မှတ်များကို စုစည်းပြီး သရုပ်ဆောင်ရဲတိုက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ဖို့ အတွက် နိုင်ငံတော်သမ္မတကြီးထံ အသနားခံစာတင်ခြင်းကို စက်တင်ဘာလ ၁၄ရက်နေ့မှာ တင်ထားတယ်လို့ ဆာတိုရီရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးရဲ့ ပရိုဂျူဆာ ကိုမျိုး ဇော်က ပြောပြပါတယ်။
” ရုပ်ရှင်ဥက္ကဋ္ဌဦးလူမင်းအနေနဲ့ လည်း တစ်စောင်တင်မှာဖြစ်သလို နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် တွေ၊ ရုပ်ရှင်ထုတ်လုပ်ရေးများ ၊ ဒါရိုက်တာတွေအပြင် ဂီတလောက သားများ လက်မှတ်ရေးထိုးပေးထား တာလည်း ပါဝင်ပါမယ်။ လက်မှတ် ရေးထိုးပေးတဲ့ သူတွေ အ ကုန်လုံးဟာ “ရဲတိုက်” ကို ချစ်ခင်ကြတဲ့သူတွေ ချည်းပါပဲ” လို့ ဦးမျိုးဇော်က ပြောပြ ပါတယ်။
ရုပ်ရှင်ဥက္ကဋ္ဌဦးလူမင်းအနေနဲ့ တင်ပြသွားမယ့် အသနားခံစာမှာ တော့ ” သရုပ်ဆောင်ရဲတိုက်ဟာ ပင်ကိုစိတ်ထားကောင်းမွန်ပြီး အနု ပညာကို မြတ်နိုးခုံမင်သူတစ်ယောက် ပါ။ အများပြည်သူအကျိုးအတွက် ပရဟိတလုပ်ငန်းများကို အားကြိုး မာန်တက် လုပ်ဆောင်နေသူ လူငယ် တစ်ဦး၏ အနာဂတ်အတွက် သမ္မတ ကြီးအနေဖြင့် ထောက်ထားငဲ့ညှာစွာ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် စဉ်းစား သည့်အခါ ဦး စားေ ပးထည့်သွင်းစဉ်း စားပေးပါရန်။ ရုပ်ရှင်လောကသား များ၏ မိဘသဖွယ်ဖြစ်သော ကျွန်တော် များရုပ်ရှင်အစည်းအရုံးအနေဖြင့် အ သနား ခံတင်ပြအပ်ပါသည်” ဆိုပြီး တော့ ရေးသားထားပါတယ်။
စက်တင်ဘာ ၁၄ရက်နေ့မှာ တော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ ရေးသားပေးထားတဲ့ အသနားခံ စာတစ်စောင်၊ ရုပ်ရှင်လောကသား ၁ဝဝခန့်က စုပေါင်းလက်မှတ်ရေးထိုး ပြီး တင်ပြမယ့် အသနားခံစာတစ် စောင် စုစုပေါင်း ၂စောင်ကို အသ နားခံစာ အဖြစ် နိုင် ငံတော် သမ္မတကြီး ထံ တင်ပြသွားမှာဖြစ်ပါတယ်။

Popular Journal

Post a Comment

 
Top