0

လာမည့်ရွေးကောက်ပွဲတွင် ဇဗ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လေတပ်ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်းအား ၎င်းယှဉ်ပြိုင်မည့် မြို့နယ်ရှိ အလျင်လိုကျေးရွာတွင် မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၁၀ရက်က တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ) အလျင်လိုကျေးရွာဒေသခံများနှင့်တွေ့ဆုံစဉ် ဦးမြတ်ဟိန်းက “ကျွန်တော်ကတော့ ကျွန်တော့ကိုယ်ကျွန်တော် ယုံကြည်ပါတယ်၊ ကျွန်တော်အခုထိ ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်မှာ အမဲစက်တစ်စက်မရှိခဲ့ပါဘူး၊ ကြွားပြောတာလည်းမဟုတ်ဘူး၊ စုံစမ်းရင် စုံစမ်းကြည့်လို့ရတယ်” ဟု ပြောဆိုသွားသည်။ တပ်မတော်မှ အငြိမ်းစာယူပြီးနောက် ဆက်သွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့သည့် ဦးမြတ်ဟိန်းသည် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဖြိုးဇေယျာသော်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
http://mizzimaburmese.com/photo-essay/4468#

Post a Comment

 
Top