0

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများတွင် ပြည်သူလူထုအကျိုးစီးပွါးနှင့်သက်ဆိုင်သည့် အရေးကြီး အဆိုများ တင် သွင်းခြင်း၊ မေးခွန်းများမေးမြန်းခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်ထောင်စုအစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည်ဟု ဆိုကာ ဘောလီဘောပုတ်ခဲ့သည့် အတွက် လာမည့် ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့က ဦးချစ်မောင်လမ်း၊ တိုက်အမှတ် ၈၈ တွင် အောင်နိုင်ရေးရုံခန်းဖွင့်ပွဲ အခမ်းအနားတွင် ဒေါက်တာညိုညိုသင်းက ထည့်သွင်းပြောကြားခဲ့သည်။
၎င်းအနေဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ နှစ်စဉ်သုံးစွဲခဲ့သည့် ပြည်သူ့ ဘဏ္ဍာငွေနှင့် စပ်လျဉ်း၍ ဘဏ္ဍာငွေစည်းမျှဉ်းချိုး ဖောက် မှုများကို တစ်ဦးတည်း ဒိုင်ခံကန့်ကွက်ဆွေးနွေးခဲ့ပြီးပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု လျှော့နည်းသည့် ဂုံး ကျော်တံတား များအပါအ၀င် လူထုနစ်နာသော ရန်ကုန်မြို့သစ်စီမံကိန်း၊ ဒဂုံစီးတီးစီမံကိန်း၊ ကျိုက္ကဆံကွင်း စီမံကိန်း၊ မြကျွန်းသာစီမံကိန်း၊ သိမ်ဖြူကွင်း၊ပြည်သူ့ဥယျာဉ် အစရှိသည့် ပြည်သူပိုင်ဆိုင်မှုများအား လူတစ်စုမှ ၄င်းတို့၏ အကျိုးစီးပွါးများအတွက် အလွဲအသုံးချရန် ကြိုးပမ်းခြင်းများကို ပြည်သူ့အတွက် မားမားမတ်မာတ်ရပ်တည်ကာ ဝေဖန်ထောက်ပြခဲ့ပြီးမေးခွန်းပေါင်း (၄၀၀ ) နှင့် အဆို (၄၀ )ကျော် မေးမြန်းတင်သွင်းခဲ့သည်ဟု ပြောသည်။
" အဲဒီလို မေးမြန်းခဲ့တဲ့ အခါမှာ အဓိကကျတဲ့ အခက်အခဲတစ်ခုက ဘာလဲဆိုတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ပါ။ခဏခဏ ကျွန်မ ကိုပြောပါတယ်။ဒေါ်ညိုညိုသင်းမေးတဲ့မေးခွန်း၊ဒေါ်ညိုညိုသင်း တင်သွင်းတဲ့ အဆိုတွေ၊ စီမံကိန်းတွေဟာ ဆိုလို့ရှိ ရင် ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ စီရင်ပိုင်ခွင့်ထဲမှာ မရောက်ပါဘူး။ဒါဟာ ပြည်ထောင်စု အစိုးရက ကိုင်တွယ်ပါ တယ်။ပြည်ထောင်စုအစိုးရက ဖြေရှင်းပါတယ်ဆိုပြီး အမြဲတမ်းဘော်လီဘောပုတ်ပါတယ်။အဲတော့ ကျွန်မအနေနဲ့က စဉ်းစားပါ တယ်။နောင်အခါ ကျွန်မကို ဘယ်သူကမှ ဒီလိုမျိုးဘောလီဘောပုတ်ပြီးတော့ လှည့်ဖြားလို့မရအောင် ကျွန်မ ပြည်သူ့လွှတ် တော် မှာ ရှိမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်" ဟု ဒေါက်တာညိုညိုသင်းကပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်လိုသည့် ဆန္ဒရှိနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံဥပဒေ ဇယား ၂ အရ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ပညာရေးစနစ်ပြုပြင် ပြောင်းလဲ ပိုင် ခွင့်မရှိသည့်အတွက်ကြောင့်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။
" မြန်မာနိုင်ငံရဲ့ အောက်တန်းနောက်တန်းကျနေတဲ့ ပညာရေးစနစ်ကို အမြစ်ကနေလှန်ပြီး ပြုပြင်ပြောင်းလဲချင်လို့ ပြည်သူ့ လွှတ်တော်ကို သွားမှာပါ " ဟု ဒေါက်တာညိုညိုသင်းကပြောသည်။
လင်းလင်းအောင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top