ဖြူသစ်လွင် ၊ ရန်ကုန်၊
ပြည်တွင်းရွှေဈေးကွက်အ တွင်း အခေါက်ရွှေဈေးနှုန်းများ မြင့် တက်လာခြင်းနှင့် ငွေကြေးဖောင်းပွ မှုဖြစ်စဉ်များကြောင့် လာမည့် ၂ဝ၁၆ ခုနှစ်တွင် ရွှေဈေးနှုန်းမှာ တစ်ကျပ် သားလျှင် ကျပ်ရှစ်သိန်းခန့် အထိ ဈေး ပေါက်လာနိုင်သည်ဟု ရွှေလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။
ရွှေဈေးနှုန်းများမှာ ပြီးခဲ့သည့် မေလအတွင်းမှစတင်၍ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ဇွန်လအတွင်းက ဆိုလျှင် သုံးနှစ်အတွင်း အမြင့်ဆုံးနှုန်း ဖြစ်သည့် တစ်ကျပ်သား ကျပ်ရှစ်သိန်း သို့ရောက်ရှိခဲ့ခြင်းဖြစ် သည်။ လက်ရှိ တွင်လည်း ဈေးနှုန်းများအနည်းငယ် လှုပ်ခတ်နေဆဲဖြစ်ပြီး တစ်ကျပ်သား ကျပ် ၇၆၆ဝဝဝ ပေါက်ဈေးရှိနေသည်။
''ခုနစ်သိန်းအထက်မှာပဲရှိတဲ့ ဈေးကို ကျတယ်လို့ ဘယ်ပြောလို့ရ မလဲ။ ဈေးအတက်အကျက စီးပွား ရေးလောကအတွက် ဂယက်မဖြစ်နိုင် ပါဘူး။ လာမယ့်နှစ်ဆို ရွှေတစ်ကျပ် သားကို ကျပ်ရှစ်သိန်း အထိ ဖြစ်လာ နိုင်တယ်။ ရွှေတန်ဖိုးကတက်ပြီး ငွေ ကြေးဖောင်းပွမှုလဲဖြစ်နေတော့ ဒီ ဈေးက ဖြစ်လာနိုင်တယ်''ဟု ရန် ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။
ပြည်တွင်းရွှေဈေးနှုန်းမှာ မြင့် တက်နေသည်ဟုဆိုသော်လည်း ကမ္ဘာ့ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါကကျဆင်းနေ သေးကြောင်း၊ ရွှေဈေးအတက်အကျ ကို အမေရိကန်ဒေါ်လာလဲလှယ်မှုနှုန်း အပေါ်မူတည်၍ စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။
''ဒေါ်လာဈေးငြိမ်မှ အရောင်း အဝယ်ရောဈေးနှုန်းပါ ငြိမ်မှာ။ အခု ဈေးက ဒီနှစ်တွေထဲမှာ အမြင့်ဆုံးလို့ ပြောရမယ်။ အရောင်းအဝယ်လဲသိပ် မကောင်းသေးဘူး။ အဝယ်မရှိဘဲ ပြန် ရောင်းတာများတယ်။ ဒီနှစ်အမြင့်ဆုံး ဈေးကလဲ ကျပ်ရှစ်သိန်းအထိဖြစ်ဖူး တယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုး မြင့်က ပြောသည်။
ပြည်တွင်းရွှေဈေးသည် ၂ဝ၁၃ ခုနှစ် နှစ်စပိုင်းမှစတင်၍ ငွေကျပ် ၇ဝဝဝဝဝ အထိဈေးမြင့်တက်ခဲ့ပြီးယခုလက်ရှိပေါက်ဈေးမှာယင်းဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ကွာဟ လျက်ရှိကြောင်း သိရသည်။
ရွှေဈေးနှုန်းများ မငြိမ်သက်ခြင်း ကြောင့် ၁၃ ပဲရည်နှင့် ၁၄ ပဲရည် အ ရပ်ဘက်ရွှေထည်အရောင်းအဝယ် ဈေးကွက်တွင် အချို့သောရွှေထည် အရောင်းဆိုင်အချို့မှာ ဆိုင်များကို ခေတ္တပိတ်သိမ်းထားရသည်အထိ လုပ် ငန်းများရပ်နားထားရကြောင်း ရွှေ ထည်ပစ္စည်းအရောင်းဆိုင်များမှ သိ ရသည်။
Yangon Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.