ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုပြီး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေက ပယ်ချမှုတွေကို အယူခံ ဝင်နေကြတာကြောင့် ကိုယ်စားလှယ်လောင်း စာရင်းအတည်ပြု မကြေညာနိုင်သေးတဲ့ မဲဆန္ဒနယ် ၁၀ ခုရှိသေးတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရပါတယ်။
အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်ပေါင်း ၁၁၇၁ နယ်ရှိပေမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အယူခံဝင်မှုကို စိစစ်နေတာကြောင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ၉ ခုနဲ့ မကွေးတိုင်းဒေသကြီးမှာရှိတဲ့ မဲဆန္ဒနယ် ၁ ခုတို့မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောပါတယ်။
“ကိုယ်တို့တွေလည်း အမြန်ဆုံးစိစစ်နေပါတယ်။ ဒါပေမဲ့ အယူခံဝင်တာက တစ်ယောက်နဲ့ တစ်ယောက် မတူကြတော့ စိစစ်နေတုန်းပဲ ရှိပါသေးတယ်” လို့ သူက ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံကို ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ စုစုပေါင်း ၆၁၈၉ ဦးရှိပေမယ့် ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်နဲ့ ကိုက်ညီမှု မရှိတာကြောင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေမှ ပယ်ချထားတဲ့ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၈၈ ဦးရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.