0
          တာမွေမြို့နယ်ရှိ နေအိမ်တစ်အိမ်အား လူငယ် အမျိုးသားသုံးဦးမှာ မျက်နှာဖုံးစွပ်၍ အနုကြမ်းဝင်စီးမှုမှာ တစ်နှစ်နီးပါး ရှိသော်လည်း အပြစ်ကျူးလွန် သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ၂၀၁၅ ခုနှစ်စတင်ဘာလ (၄) ရက်နေ့တွင် ပြောသည်။
          ““အပြစ်ကျူးလွန် သူတွေကို ဖမ်းဆီးရမိမှု မရှိသေးပါဘူး။ စုံစမ်း စစ်ဆေး ဆောင်ရွက်ဆဲပါ””ဟု ၎င်းကဆိုသည်။
          အဆိုပါ အနုကြမ်းစီးမှုဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ နံနက် (၇း၃၀) ခန့်တွင် တာမွေမြို့နယ် ဗျိုင်းရေအိုးစင် လမ်းရှိနေအိမ်၌ အိမ်ရှင်မိသားစုဝင် များက ပန်းဘဲတန်း မြို့နယ်၌ ဖွင့်လှစ်ထားသော ရွှေဆိုင်သို့ သွားရောက် ခဲ့ကြောင်း၊ ထို့နောက် (၂၇) နှစ်အရွယ်နှင့် အသက် (၁၉) နှစ် အရွယ် အိမ်အကူ အမျိုးသမီး နှစ်ယောက်သာ ကျန်ရှိစဉ်တွင် အိမ်ထဲသို့ မျက်နှာများကို ပ၀ါအနက် စည်းထားသည့် လူငယ်သုံးဦးသည် အိမ်နောက်ဖေးအပေါက်မှ ရောက်လာပြီး ၎င်းတို့ နှစ်ဦးအား ကြိုးဖြင့်တုပ်နှောင်ကာ အိမ်ထဲရှိ မီးခံသေတ္တာသော့နှင့် ငွေ (၁၅) သိန်းအား တောင်းခံကြောင်း သိရသည်။
          ၎င်းမျက်နှာဖုံးစွပ် သူငယ်များက နေအိမ်ရှိငွေစက္ကူ (၇၅၀၀၀) နှင့် အိမ်အကူ နှစ်ဦး ၀တ်ဆင်ထားသည့် ရွှေဆွဲကြိုးတစ်ကုံး၊ ဆင်းကတ်ပါ လက်ကိုးဖုန်း သုံးလုံး စုစုပေါင်းငွေကျပ်တန်ဖိုး (၈၉၃၀၀၀) ခန့် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
          ၎င်းအမှုနှင့် ပတ်သက်၍ တာမွေမြို့မ ရဲစခန်း၌ (ပ) ၆၀၀/ (၁၄)၊ ပြစ်မှုပုဒ်မ ၃၉၂ ဖြင့်အမှုဖွင့် အရေး ယူထားကြောင်း သိရသည်။
http://messengernewsjournal.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top