0

ဆီဆိုင် စက်တင်ဘာ ၅
ဒီမိုကရေစီလိုချင်ပါကအရှေ့ကလူတွေကအနောက်ကလူတွေကိုကြည့်မှရမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
အရှေ့ကလူတွေဆိုသည်မှာ ရာထူးအရ၊အာဏာအရအရှေ့ရောက်နေတဲ့သူများနှင့်အချိန်အရအရှေ့ရောက်နေတဲ့လူများ
ဟူ၍နှစ်မျိုးနှစ်စားရှိကြောင်းဒေါ်အောင်စုကြည်မှဆီဆိုင်မြို့တွင်ပြုလုပ်သောရွေးကောက်ပွဲဆိုင်ရာအသိပေးဟောပြောပွဲ
တွင်ပြောကြားခဲ့သည်။
"အရှေ့မှာမဲပေးရမယ့်လူတွေကနောင်လာမယ့်ပြည်သူလူထုရဲ့အနာဂတ်ကိုဦးစားပေးတတ်ရမယ်၊ရွေးချယ်
မှုမှာလည်းအေးအေးဆေးဆေးစဉ်စားပြီးမှမဲပေးကြပါ"ဟု၎င်းကဆက်ရှင်းပြခဲ့သည်။
ထို့ ပြင် NLD အနေဖြင့်အနိုင်ရရှိပါကဖယ်ဒရယ်ပြည်ထောင်စုကိုဦးစားပေး၍လုပ်ဆောင်သွားမည်ဖြစ်
ပြီးပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့စစ်မှန်တဲ့တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလိုလားတဲ့ပါတီတစ်ခုဖြစ်ကြောင်းပြော
ကြားခဲ့သည်။
"ကျွန်မတို့ ပါတီအနေနဲ့တစ်စိုက်မတ်မတ်နဲ့တိုင်းရင်းသားတွေလိုလားတဲ့ဖယ်ဒရယ်ပြည်
ထောင်စုဖြစ်ပေါ်လာအောင်လုပ်ဆောင်နေပါတယ်"ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။
ထို့ ပြင် NLD ပါတီအနေဖြင့်မိမိတို့ ထားရှိသောကတိများအားဖောက်ဖျက်မည်မဟုတ်ကြောင်း၊ပြည်သူလူထုအပေါ်သစ္စာ
ဖောက်မည့်ပါတီမဟုတ်ကြောင်းမိမိအနေဖြင့်အဆိုပါအရာများအားအာမခံကြောင်းပြောကြားခဲ့သည်။
Photos by KyawKyaw
သတင်း ဇေဝေယံ
Popular News Journal

Post a Comment

 
Top