0

           အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်  ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လာမည့် ရွေးကောက်ပွဲ အပြီးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်သော်လည်း ပြောင်းလဲလိုသူနှင့် ညှိနှိုင်းထား သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က The Messenger Media သို့ပြောသည်။
           ““ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ဖြစ်နိုင်ခြင်း မရှိပေမယ့် ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးကို ဆောင်ရွက်နိုင်မယ့် ပြောင်းလဲလိုတဲ့ ခေါင်းဆောင်ပိုင်းနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ရှိထားသင့်တယ်။ အခြေခံ ပြင်ဆင်ရေး ဆောင်ရွက်ပြီး အစိုးရ သက်တမ်း နှစ်နှစ်ခန့် သမ္မတ ဖြစ်နိုင်ပါတယ်””ဟု ၎င်းကဆိုသည်။
          ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစီးပြီး ဆောင်ရွက် ခဲ့သော်လည်း လွှတ်တော်၏ ပြင်ဆင်မှုများတွင် အောင်မြင်မှု မရရှိခဲ့ပေ။ အများစု ဆန္ဒရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအဖြစ် မပေါ်ထွက်လာဘဲ ယင်းဥပဒေကြောင့်ပင် လာမည့် ရွေးကောက်ပွဲ အလွန်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်နိုင်ခြင်း မရှိသေးပေ။
          ““သူ့အတွေ့အကြုံကလည်း ကမ္ဘာ့ခေါင်းဆောင် တစ်ယောက် အဖြစ် ပါဝင်နေပါတယ်။ ပြီးတော့ တိုင်းပြည် တည်ဆောက်ရေး ကာလလို့ ပြောလို့ရတဲ့ အခုကာလမှာ တိုင်းပြည်ကို သူ့အနေနဲ့ တည်ဆောက်ချင် မှာပါ””ဟု၎င်းကဆိုသည်။
          ဒီမိုကရေစီ အစိုးရနှင့် နောက်တက်မည့် အစိုးရသစ်တို့ အကြား ညင်သာသည့် လွှဲပြောင်းမှုများ ဖြစ်ပေါ်စေရေး အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် ကိုယ်စား တစ်ဦးတို့သည် ခြောက်ပွင့်ဆိုင် တွေ့ဆုံခဲ့သည်။
          ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲလိုပါက တပ်မတော် ပါဝင်မှသာ ပြောင်းလဲ၍ရမည့် အခြေအနေ တစ်ရပ်အဖြစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် အင်အားစုများ လိုက်ပါနိုင်ရန် လိုအပ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို မပြောင်းလဲ လိုသူများက တပ်မတော်အား ကွပ်ကဲနေမည် ဆိုပါက ပြည်သူနှင့် တပ်မတော်ကို အခြေခံ ဥပဒေအရ စည်းခြားထားသလို ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Post a Comment

 
Top