တရုတ်နိုင်ငံ တီယန်ကျင်းမြို့ရှိ ဘုန်းကြီးကျောင်း တစ်ခု၏ အရှေ့ လမ်းမပေါ် တွင် ပစ်ထားသော ခေါင်းနှစ်လုံး ပါသည့် ဝက်ကလေး တစ်ကောင် အား အမျိုးသား တစ်ဦး ကတွေ့ရှိ၍ အိမ်သို့ ယူဆောင်လာ ကာ ကြည့်ရှုစောင့်ရှောက် ထားခဲ့ သည်။
အဆိုပါ ဝက်ပေါက်ကလေး သည် အလွန် သေးငယ်ပြီး သူ၏ ခေါင်းနှစ်လုံးမှာ ကြီးနေသော ကြောင့် အလေးချိန် မမျှသဖြင့် မတ်တတ် မရပ်နိုင် ဟု ဆိုသည်။
ယင်းဝက် ကလေးအား ကျန်း မာရေး ပြန်လည် ကောင်းမွန်လာရန် အတွက် ဝက် အစားအသောက် အညွှန်းကိန်း အရ ကလေးနို့ဘူးဖြင့် ပါးစပ်နှစ်ပေါက် စလုံးမှ နို့တိုက်ရ သည်ဟု ဆိုသည်။
ထို့ပြင် ဝက်ကလေးသည် ခေါင်းနှစ်လုံး ပါသောကြောင့် နား ရွက်လည်း သုံးခုပါရှိလေသည်။
လက်ရှိတွင် အဆိုပါ ဝက် ပေါက်ကလေးအား လာရောက် ကြည့်ရှုသူ များပြားလျက်ရှိပြီး ကောက်ယူ မွေးစားထားသည့် မိသားစုက ယင်း ဝက်ကလေးအား အလွန် ချစ်ခင်ကြောင်း ပြောကြား ခဲ့သည်။
ဝက်ပေါက် ကလေးသည် လ သား အရွယ်ခန့်သာ ရှိပြီး မျက်စိ လေး လုံးနှင့် နှုတ်သီး နှစ်ခုပါရှိ သည်။ အလေးချိန် အားဖြင့် သုံး ပေါင် ၃ အောင်စ ရှိကာ စင်တီမီ တာ ၃ဝ ရှည်လျားပြီး ယခုအချိန် အထိ နာမည် မမှည့်ရသေးဟု ဆို သည်။ လာရောက် ကြည့်ရှုကြသူ များထဲမှ အချို့မှာ ဝက်ပေါက် ကလေးအား ဝယ်ယူလိုသည့် ဆန္ဒ ရှိကြကြောင်း ပိုင်ရှင်ဖြစ်သူ ကျန်း က ဆိုသည်။
KTZO
Ref: Mirror
Ref: Mirror
Post a Comment