0

Byဇွဲရဲဝင့်On Sun, 2015-09-20
မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်ရေးစည်းမျဉ်းများကို လျှော့ပေါ့ ပြင်ဆင်ပေးလိုက်ခြင်း သည် ရဲရင့်သည့် ခြေလှမ်းတစ် ရပ်အဖြစ် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ကြိုဆိုသည်။
အိုင်အမ်အက်ဖ်က စက်တင် ဘာ ၁၈ ရက်တွင် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ရာ မြန်မာ နိုင်ငံအနေဖြင့် ငွေကြေးမူဝါဒများ ကို ပိုမိုကြပ်မတ်ပြီး ကြွေးမြီအ တွက် အတိုးနှုန်း ပေးချေနေရမှုကိုလျှော့ချနိုင်ရေး လိုအပ်ကြောင်း သတိပေး ဖော်ပြထားသည်။
အိုင်အမ်အက်ဖ်၏ အစီရင် ခံစာတွင် မြန်မာ့ငွေကြေး မူဝါဒများကို နောက်ထပ် ပြုပြင်ပြောင်း လဲ ချဉ်းကပ်မှုမျိုး မရှိပါက ရေတိုကာလအတွင်း တိုးတက်မှုနှေး ကွေးမှုများ ရင်ဆိုင်လာဖွယ်ရှိကြောင်း သုံးသပ်ထားသည်။
မြန်မာ၏ နိုင်ငံခြား ငွေလဲ လှယ်ရေး စည်းမျဉ်းများကို အရဲ စွန့် ပြောင်းလဲလိုက်မှုသည် ဘဏ္ဍာရေး လိုငွေပြမှုနှင့် သုံးလပတ်သွင်းကုန်ကဏ္ဍတို့ကို ခြုံငုံမိစေမည် ဖြစ်သည်။
အိုင်အမ်အက်ဖ်က တရား ဝင် ထုတ်ပြန်ထားသည့် လိုငွေပြမှု သည် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းဟု ဖော်ပြထားသည့်တိုင် အမှန်တ ကယ်အားဖြင့် ဂျီဒီပီ၏ ၅ ဒသမ ၅ ရာခိုင်နှုန်းမျှ ရှိမည်ဟု ခန့်မှန်းခဲ့ သည်။ အဆိုပါ တွက်ချက်မှုတွင် ဆက်သွယ်ရေးနှင့် လောင်စာဆီ ကုမ္ပဏီများ၏ လုပ်ငန်းကဏ္ဍကို ထည့်သွင်းမထားချေ။
အိုင်အမ်အက်ဖ်၏ အစီရင်ခံ စာတွင် မြန်မာနိုင်ငံ၏ ယခုနှစ် အတွက် စီးပွားရေးတိုးတက်မှု နှုန်းသည် ၈ ဒသမ ၅ ရာခိုင်နှုန်းမျှ ရှိမည်ဟုလည်း ဖော်ပြထားသည်။
‘‘အခုတိုးမြှင့်သတ်မှတ်တဲ့ စီမံကိန်းအရ ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်မှာ လိုငွေပြမှုဟာ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းလောက်ရှိလာပါမယ်။ ဒီအနေအထားက ခိုင်မာအား ကောင်းတဲ့ ကြွေးမြီတိုးပွားမှုကို လှုံ့ဆော်ပေးနိုင်ပြီး လက်ရှိ လိုငွေ ပြမှု ကိန်းဂဏန်းကလည်း မြင့်တက်လာစေနိုင်ပါတယ်’’ ဟု အဆိုအစီရင်ခံစာတွင် ရေးသားထားသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ် အ နေဖြင့် အဆိုပါ လိုငွေပြမှုကို ကိုင် တွယ်ဖြေရှင်းရန် ပြင်ဆင်ရဖွယ် ရှိနေပြီး နိုင်နင်းစွာ ထိန်းချုပ်မှုမျိုးလိုအပ်ကြောင်း မှတ်ချက်ပေးထားသည်။
အိုင်အမ်အက်ဖ်က မြန်မာ နိုင်ငံ၏ ကုန်ဈေးနှုန်းသည် ၂၀၁၅- ၁၆ တွင် ၁၃ ရာခိုင်နှုန်းမျှ မြင့် တက်လာမည်ဟု ခန့်မှန်းထားပြီး လိုငွေပြမှုသည် ဂျီဒီပီ၏ ၉ ရာ ခိုင်နှုန်းမျှထိ ရှိလာနိုင်ကြောင်း တွက်ချက်ဖော်ပြသည်။
အကျိုးဆက် အနေဖြင့် မြန် မာနိုင်ငံ ဗဟိုဘဏ်၏ အပိုသိုမှီး ထားသည့် ရန်ပုံငွေသည် သွင်း ကုန်ကဏ္ဍနှင့် အချိုးအစားဆက် နွှယ်ကာ လျော့ကျလာနိုင်ကြောင်း လည်း သတင်းရရှိသည်။
နိုင်ငံခြားငွေ လဲလှယ်မှုမူဝါဒ ပိုင်းကို ပြင်ဆင်လိုက်ခြင်းဖြင့် ကျပ်ငွေတန်ဖိုးသည် အပြိုင်ဈေး ကွက်နှင့် နီးစပ်မှု ရှိလာသည် ကို အိုင်အမ်အက်ဖ်က ကြိုဆိုခဲ့သော် လည်း နောက်ထပ် ပြုပြင်ပြောင်း လဲမှုများ လိုအပ်နေဆဲဟု မှတ် ချက်ပေးခဲ့သည်။
‘‘ကျပ်ငွေတန်ဖိုး ကျဆင်းစေ တဲ့ ဖိအားသက်ရောက်မှုတွေဟာ စီးပွားရေး မူဝါဒ မတည်ငြိမ်မှု တွေရဲ့ ရလဒ် ဖြစ်ပါတယ်။ ပြင်ပ ရိုက်ခတ်မှုတွေက အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေတဲ့တိုင် ငွေ ကြေးနဲ့ ဘဏ္ဍာရေး မူဝါဒတွေ ဟာ နိုင်ငံခြားငွေ လဲလှယ်မှု မျှော် မှန်းချက်တွေကို အခြေခိုင်မာစေ ဖို့ဆိုရင် လျော့ရဲလွန်းနေပါသေး တယ်။ လက်ရှိ စီးပွားရေးမူဝါဒ သတ်မှတ်ချက်တွေအရ ငွေတန် ဖိုး ကျဆင်းမှုကို ထိန်းထားခြင်း ဟာ အပိုဆောင်း ရန်ပုံငွေ လျင် လျင်မြန်မြန် လျော့ကျမှုကို ဦး တည်စေနိုင်ပါတယ်’’ ဟု အိုင် အမ်အက်ဖ်က ဆိုသည်။
အဆိုပါ အစီရင်ခံစာက ၂၀၁၄ ၊ စက်တင်ဘာမှစ၍ ကျပ် ငွေတန်ဖိုးသည် ဒေါ်လာနှင့် ယှဉ် လျှင် ၂၀ ရာခိုင်နှုန်းထိ တန်ဖိုးကျ လာကြောင်း ဖော်ပြထားသည်။
—Ref: Reuters

Post a Comment

 
Top