0

လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲအား တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မဖြစ် သံသယ ဖြစ်ဟု NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှ ဦးဝင်းထိန် က စက်တင်ဘာ ၂၁ ရက် စမ်းချောင်းမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
လက်ရှိအချိန် နောက်ဆုံးအကြိမ် မဲစာရင်း ထွက်လာသော်လည်း မှန်ကန်မူ မရှိသေးပဲ မဲဆန္ဒရှင်ပြည်သူများ၏ အမည်များပျောက်ခြင်း စသည် မဲစာရင်း မှားယွင်းမူများ ကြုံတွေနေရခြင်း များကြောင့် တရားမျှတသည် ရွေးကောက်ပွဲ မဖြစ်မီကို စိုးရိမ်မိကြောင်း ဆိုခြင်းဖြစ်သည်။
ဦးဝင်းထိန်က "နိုင်ငံတကာက ဒေါ်လာသန်းပေါင်းများစွာ နိုင်ငံတော် ဘတ်ဂျတ် ကကော သုံးထားတဲ့ မဲစာရင်း ကအမှားတွေဖြစ်နေတယ်။ ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလဲ ၃၀ ရာခိုင်နှုန်း အာမခံတယ် ပြောတယ်။ မနေ့က ကျတော့ မှတ်ပုံတင်ရှိရင်ပေးလို့ ရတယ် ပြောတယ်။ ဘယ်ဟာ ယုံရမလဲဖြစ်နေတယ်။ လာမယ့် ရွေးကောက်ပွဲက လွတ်လပ် တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်မှဖြစ်ပါ့မလားလို့ သံသယဖြစ်ပါတယ်" ဟု ပြောသည်။
"အမှန်ကန်ဆုံး ဆိုပြီး ထုတ်တဲ့ မဲစာရင်း က အမှားအများဆုံးနဲ့၊ ဒုက္ခ အပေးဆုံး၊ ပြည်သူ အားလုံးကို တော်တော်ကို လုပ်ရကိုင်ရ ရှုပ်ထွေးပြီးတော့ တော်တော့်ကို နားမလည်နိုင်လောက်အောင်၊ ဖြစ်တဲ့ မဲစာရင်း ပါ" ဟု NLD နာယက ဦးတင်ဦးက ဆိုသည်။
ထိုကဲ့သို့ မဲစာရင်း မှားယွင်းခြင်း မိသားစုဝင်အတွင်း အမည်ပိုများပါနေခြင်း၊ အမည်မပါခြင်း တို့များကြောင့် မဲဆန္ဒရှင်များအနေဖြင့် စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်း ပြောဆိုခြင်းများ ရှိသည်ကို တွေ့ရကြောင်း ယင်းအတွက် ရွေးကောက်ပွဲကာလတွင် ထိုကဲ့သိုဖြစ်ပါက ဆူပူမူဖြစ်မည်ကို စိုးရိမ်ကြောင်း ယင်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်းက " ရန်ကုန်းတိုင်း မဲစာရင်း မှာပေါ့ ပထမ တခါသေတဲ့ သူတွေနဲ့ ရပ်ကွက် ပြောင်းသူတွေပါလို့ ကန်ကွက်လွာ တင်တယ်။ နောက်ဆုံး အကြိမ်စာရင်း ထွက်လာတော့ အဲ့ဒီလူတွေက မသေသေးဘူး။ " ဟု ပြောသည်။
"အခြေခံ မဲစာရင်း မှာကတည်းက ဒဂုံမြို့နယ်ထဲက သေဆုံးပြီးသူ ၄၀၀ ကျော် ပါနေတာ။ ထုတ်ဖို့ လျောက်ပြီး သွားပြီ။ ဒါပေမယ့် အခုချိန်ထိ ပါနေတုန်းပဲ၊ ဗိုလ်တစ်ထောင်က အခု ကွန်တိန်နာကွင်း နေရာမှ အရင်က လူ ၂၀၀ လောက်နေတယ်။ အခုကွင်းလုပ်လိုက်လို့ ဒီလူတွေပြောင်းကုန်ပြီ သူတို့တွေ မဲစာရင်းက ထုတ်ဖို့ သတ်မှတ် ပုံစံတွေနဲ့ ကန့်ကွက်တယ် ဒါပေမယ့် သူတို့ပါနေတုန်း" ဟု ဦးဥာဏ်ဝင်းက ရှင်းပြခဲ့သည်။
စိုင်းဟန်
The Ladies News Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top