0

Written by Mizzima News
လူမှုကွန်ရက်ပေါ်ကို ရေးတင်နေတဲ့ အကြောင်းအရာအတွက် ဘယ်တော့မှ နှစ်ခါ မတွေးမိဘူးထင်ပါတယ်။ တစ်ချို့ အကြောင်းအရာ
တွေက ပြဿနာမရှိပေမယ့် တစ်ချို့ အကြောင်းအရာတွေက အန္တရယ်ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ဆိုရင် လူမှုကွန်ရက်ကို လွန်လွန်ကဲကဲ အသုံးပြုနေတာတွေ ရှိနေပါတယ်။ ငယ်ရွယ်သူတွေက လူမှုကွန်ရက်ကို အသုံးပြုတဲ့အခါ ဆင်ခြင်သင့်တဲ့ အချက်တွေထဲက ၁၀ ချက်ကို The DISHH ၀က်ဘ်ဆိုက်က ရေးသားဖော်ပြချက်ကို ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
အချစ်ရေးအခြေအနေတွေ မဖော်ပြသင့်ဘူး
လူမှုကွန်ရက်မှာ ကိုယ့်ရဲ့အချစ်ရေးအခြေအနေကို အဆက်မပြတ် ရေးတင်နေကြတာတွေရှိပါတယ်။ ပြဿနာက လူမှုကွန်ရက်ဆိုတာ ကိုယ်တစ်ယောက်တည်းသုံးတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လူမှုကွန်ရက်ပေါ်က မိတ်ဆွေတွေကလည်း ကိုယ့်အချစ်ရေးအဆင်မပြေမှု စိတ်ဆင်းရဲစရာတွေကို တွေ့ချင်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။
ဝတ်လစ်စလစ်ပုံတွေ မတင်သင့်ဘူး
ကိုယ်လုံးအလှကိုပြတဲ့ပုံတွေ မတင်သင့်ဘူးလို့ ဆိုလိုတာပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဘယ်လော်ပဲ လှတယ် ထင်ပေမယ့် လူမှုကွန်ရက်ပေါ်ကသူတွေအားလုံး သိဖို့မလိုပါဘူး။ နောင်တစ်ချိန်မှာ လိင်ပိုင်းဆိုင်ရာ သရုပ်ပြမော်ဒယ်လ် လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုရင်တော့ ကိုယ်လုံးအလှပြတဲ့ ပုံတွေ တင်ချင်လည်းတင်နိုင်ပါတယ်။
မူးယစ်ဆေးဝါးသုံးနေတဲ့ ပုံတွေ မတင်သင့်ဘူး
အရက် ဒါမှမဟုတ် မူးယစ်ဆေးဝါး သုံးနေတဲ့ပုံတွေ မတင်သင့်ပါဘူး။ အလုပ်တစ်ခုလျှောက်လို့ ကုမ္ပဏီက တာဝန်ရှိသူတွေက အလုပ်ခန့်ဖို့ဆုံးဖြတ်တဲ့အခါ ကိုယ့်ရဲ့ လူမှုကွန်ရက်စာမျက်နှာကို ကြည့်ဦးမှာပဲ။ ကောင်းတဲ့ ရလာဒ်ထွက်လာဖို့ လုံးဝမရှိတဲ့ လုပ်ရပ်ပါပဲ။
ကိုယ့်အလုပ်အကြောင်းတွေ မတင်သင့်ဘူး
အလုပ်မှာအဆင်မပြေမှုတွေက လူတိုင်းမှာရှိပါတယ်။ ကိုယ့်အဆင်မပြေမှုကြောင့် အလုပ်ကို မုန်းတီးနေတဲ့စိတ် ဖြစ်နေရင်တောင် အခြားသူတွေကို မမျှဝေသင့်ပါဘူး။ ကိုယ့်အလုပ်ရှင်က တွေ့သွားမယ်ဆိုရင် ပြဿနာပဲ။
ကိုယ့်ရဲ့ငွေကြေးပိုင်ဆိုင်မှုကို မတင်သင့်ဘူး
ကိုယ့်မှာရှိတဲ့ ငွေကြေးပိုင်ဆိုင်မှုကို မဖော်ပြသင့်ပါဘူး။ ဘဏ်အကောင့်ကို ဓါတ်ပုံရိုက်တင်တာပဲဖြစ်ဖြစ်ပေါ့။ လူတစ်ချို့က ကိုယ့်ရဲ့ ဘဏ်အကောင့်ကို နည်းပညာအားကိုးနဲ့ ဖောက်ယူဖို့ ကြိုးစားလာနိုင်တာသတိပြုပါ။ (ငွေသားကို ဓါတ်ပုံရိုက်တင်မယ်ဆိုရင် သူများပိုက်ဆံလာချေးတာခံရနိုင်ပါတယ်။)
သူငယ်ချင်းကို အရှက်ရစေမယ့်ပုံတွေ မတင်သင့်ဘူး
သူငယ်ချင်းကို အရှက်ရစေမယ့် သူ့ရဲ့ ရီမောဖွယ်ပုံတွေမတင်သင့်ပါဘူး။ သူအိပ်တဲ့အခါ ပါးစပ်ကြီးဟပြီး ရယ်စရာဖြစ်နေပေမယ့် ဒါဟာသူ့အတွက် အိမ်သာထဲက သူ့ရဲ့ပုံကို တင်တာနဲ့ အတူတူပါပဲ။ လူမှုကွန်ရက်ပေါ် မှာ သူ့ကို အရှက်ခွဲဖို့မလိုအပ်ပါဘူး။
မူပိုင်ခွင့်မရှိသေးတဲ့ အလုပ်အကြောင်းမတင်သင့်ဘူး
အနုပညာဖန်တီးတာမျိုးလို ကိစ္စတွေမှာ မူပိုင်ခွင့်မရှိသေးဘဲ ကိုယ်ဖန်တီးထားတဲ့ အနုပညာထုတ်ကုန်တစ်ခုကို တင်လိုက်တာဟာ တခြားသူတစ်ယောက်က ကူးယူသွားဖို့ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးက အနုပညာအပိုင်စီးခံရ
နိုင်တာပါပဲ။
ကိုယ်ရေးကိုယ်တာ ပြောဆိုမှုတွေ မတင်သင့်ဘူး
ကိုယ့် လူမှုကွန်ရက်စာမျက်နှာမှာ ကိုယ်ကြိုက်တာရေးတင်နေတာကို ဘယ်သူမှတော့မတားမြစ်ပါဘူး။ ဘယ်သူ့ကိုမှ ထောက်ထားဖို့ မလိုဘူးဆိုပေမယ့် ရိုင်းပျတဲ့စကားလုံးတွေဆိုရင် မတင်သင့်ပါဘူး။ တစ်စုံတစ်ယောက်ကတင်နေတယ် ဆိုရင်တောင် အကောင်းဆုံးနည်းလမ်းက လျစ်လျူရှုလိုက်တာ ဒါမှမဟုတ် ဖျက်ပစ်လိုက်တာပါပဲ။
ကိုယ်လုပ်နေတာတွေအကြောင်း အများကြီး မတင်သင့်ဘူး
လူတွေအကုန်လုံးက ကိုယ်ဘာလုပ်နေတယ်ဆိုတာ သိချင်နေလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒီနေ့ ရေဘယ်နှစ်ခါ ချိုးတယ် စတဲ့ အသေးစိတ်အချက်အလက်တွေက လူမှုကွန်ရက်ပေါ်က မိတ်ဆွေတွေအတွက် စိတ်ပျက်စရာပဲ။
ကိုယ်ရေးအချက်အလက်တွေ အများကြီး မတင်သင့်ဘူး
ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ လူမှုကွန်ရက်လုံခြုံရေးလျှို့ဝှက်နံပါတ် စတာတွေကို ဘယ်တော့မှ မတင်သင့်ပါဘူး။ အသေးစိတ် အချက်အလက်တွေ တင်ထားလို့ ကိုယ့်ကို လူမှုကွန်ရက်ပေါ်က သူတွေယုံကြည်တော့ရော ဘာဖြစ်လာမှာလဲ။ ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။
Ref: The DISHH
106 people reached

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top