လှည်းကူးမြို့နယ်၊ ဂွေးတော်အိုင် ကျေးရွာအုပ်စု၊ ဒေါင်းမီးကွက် ကျေးရွာတွင် စာသင်ကျောင်း ပြင်ဆင်ရန် ရန်ပုံငွေ ခွဲဝေပေးခဲ့သည်။ အမှတ်(၃) အခြေခံပညာ ဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး) ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ် (၀၄၀၂) (၀၄၀၉) (၀၃၁၃) ခေါင်းစဉ်အောက်မှ ရန်ပုံငွေ ခွဲဝေခွင့် ပြုသည့်အခါ စာရင်းတွင် (၆၄-၃၃၀) ကျပ်သိန်း ချထားပေးခဲ့ပါ သည်။ ပြင်ဆင်ရန် အချက်(၈)ချက်လည်း ပါဝင်သည်။
၁။ အမိုးလဲခြင်း ဆိုရာတွင် ကျောင်း၏ တံစက်မြိတ်နှင့် ခေါင်မိုးတစ်ခြမ်းသာ မိုးသွားခြင်း၊
၂။ မျက်နှာကြက် တပ်ဆင်ခြင်း အပိုင်းတွင် ဈေးပေါသော တစ်ချပ်မှ (၈၅၀)ကျပ်သာ ပေးရသော ဂျတ်ဆင်ဘုတ်များ ကိုသာ တပ်သွားခြင်း၊
၃။ ကြမ်းခင်းခင်းခြင်း၊ အချောကိုင်ခြင်းဆိုသည်မှာ မူလကွန်ကရစ်ခင်းပေါ်၌ မဆလာပါးပါး ကျန် သွားခြင်း ဖြစ် ပါသည်။
၎။ ကျည်းပေါင်လဲခြင်းသည် မလဲမဖြစ် ကျိုးပဲ့နေသော သစ်ရိုင်း အနည်းငယ်သာ လဲခြင်းဖြစ်ပါသည်။
၅။ ပြတင်းတံခါး ပြုလုပ်ခြင်း ဆိုသည်မှာ လုံးဝလဲမသွားပါ။ ယခင်ပေါက်နေသော တံခါးများသည် ယခင်အတိုင်း ရှိပါသည်။ အ၀င်တံခါးပေါက်ကြီး၌ မြောက်လက် ကျိုးနေတာတောင် လဲပေးသွားခြင်း မရှိပါ။
၆။ ၀ရံတာအုပ်စီချောခြင်းကို မပြောလိုပါ။
အမိုးတစ်ခြမ်းသာ မိုးသွားသောကြောင့် မိုးရွာသောအခါ၌ မိုးရေများ ယိုစိမ့်ကာ ဈေးပေါသော ဂျတ်ဆင်ဘုတ် မျက်နှာကြက်များ ပြုတ်ကျနေပါသည်။ အချောကိုင်ခြင်း လုပ်ရာတွင် မူလ အုတ်အဆောက်အအုံအား သေချာစွာ ဘရပ်ရှ်တိုက် ချွတ်ခြင်းမရှိ၍ ဆေးသုတ်ထားတာတွေ ကွာကျနေပါသည်။ ကျည်းပေါင်လဲခြင်း၊ ပြတင်းတံခါးများမှာ လုံးဝ လုပ်သွားခြင်း မရှိသည်ကို သက်ဆိုင်ရာမှ ဒေါင်းမီးကွက် ကျေးရွာသို့ လာရောက် စစ်ဆေးပေးစေ လိုပါသည်။ မြေစေအိုင်ကျေးရွာ အ.မ.က ကျောင်းသည်လည်း ကန်ထရိုက်က ထိုနည်းလည်း ကောင်း ပြုလုပ် သွားပါသည်။
မြို့နှင့် လက်လှမ်းဝေးသော ကျေးလက်ဒေသများတွင် သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်များနှင့် ပတ်သက် သော ကန်ထရိုက်များ၊ လှည်းကူး တစ်မြို့နယ်လုံး ကန်ထရိုက်ရသော Esperation ကုမ္ပဏီ တို့၏ ဆောက် လုပ်နေ စဉ် ဆောက်လုပ်ပြီး မည်သူမှ လာရောက် စစ်ဆေးခြင်း မရှိသည့် အတွက် စေတနာမပါ။ အကျိုးအမြတ်သာ ကြည့်ပြီး ဖြစ်သလို လုပ်ဆောင်နေကြောင်း၊ ပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများ သိရှိနိုင်ရန် သံတော်ဆင့်မှ တစ်ဆင့် တင်ပြလိုက်ရပါသည်။
ကျေးရွာသူ/ကျေးရွာသားများကိုယ်စား
ကိုလှသိန်း
ဒေါင်းမီးကွက်ကျေးရွာ၊ ဂွေးတောက်အိုင်အုပ်စု၊ လှည်းကူးမြို့
မြန်မာသံတော်ဆင့်သတင်းဌာန
ACM Credit To ;Myanmartandawsint Newspaper
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.