ရန်ကုန်၊ အောက်တိုဘာ ၈
ကျပ် ၁၅ဝဝဖြင့်စီဒီအမ်အေဆင်းမ်ကတ် များ တိုင်းနှင့်ပြည်နယ်အနှံ့ ထပ်မံ ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ သိရသည်။
ဆင်းမ်ကတ်များ ဈေးကွက်သို့ အရေအတွက်များစွာ ဖြန့်ဖြူးနိုင်ရန် အတွက် လက်ရှိတွင် CDMA 800 MHz လိုင်းတိုးချဲ့ခြင်း လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ သည်ဟုသိရသည်။
မြန်မာ့စီးပွားရေး ကော်ပိုရေး ရှင်းမှတာဝန်ရှိသူတစ်ဦးက '' MEC ကတ်တွေကို ထပ်ရောင်းပေးဖို့အ စီအစဉ်ရှိပါတယ်၊ မကြာတော့ပါ ဘူး၊ ရက်အတိအကျကိုတော့ပြောလို့ မရသေးပါဘူး။ လိုင်းတိုးချဲ့တဲ့ပေါ် မှာ မူတည်ပြီးတော့ ဆင်းမ်ကတ်တွေ ကို ချပေးသွားမှာပါ။ ဘယ်လောက် ရောင်းပေးမလဲဆိုတာတော့ မပြော နိုင်သေးဘူး''ဟု ပြောသည်။
ယမန်နှစ်က မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းနှင့်ပူးပေါင်း၍ MEC ကတ်များကို တိုင်းဒေသကြီးအလိုက် ခွဲတမ်းချစနစ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပြီး ယခုရောင်းချမည့် ဆင်းမ် ကတ်များကိုမူ မည်သည့်ပုံစံဖြင့်ရောင်း ချသွားမည်ကို စီစဉ်နေဆဲသာရှိသည် ဟုသိရသည်။
လက်ရှိတွင် MEC ကတ်အ သုံးပြုသူများကို အောက်တိုဘာ ၇ မှ ၃၁ရက်အထိ ငွေဖြည့်သွင်းပါက ကျပ်ငါးထောင်တန်ကို၂ဝရာခိုင်နှုန်း၊ ကျပ်တစ်သောင်းတန်ကို ၃ဝ ရာ ခိုင်နှုန်း အပိုထပ်ဆောင်းအသုံးပြု နိုင်ရန် ဆောင်ရွက်ပေးထားပြီး ယင်း အပိုငွေများကို အောက်တိုဘာ ၃၁ ရက်အထိသာ အသုံးပြုခွင့်ပေးထား ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ဆင်းမ်ကတ်များကို တိုင်းနှင့် ပြည်နယ် အသီးသီးသို့ ခွဲတမ်းစနစ် ဖြင့် မဲနှိုက်ရောင်းချခဲ့ရာ ၂ဝ၁၃ ခု နှစ် ဧပြီမှ ၂ဝ၁၄ခုနှစ် ဇွန်လအထိ CDMA 800MHz ဆင်းမ်ကတ် ပေါင်း ၂၉၉ဝဝဝရောင်းချခဲ့ပြီးဖြစ် ကြောင်းသိရသည်။
PPT
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Aye Chan Mon Credit To;Yangon Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.