0

(အားလုံးဥပဒေအတိုင်းဖြစ်အောင် ဆောင်ရွက်သွားပါမယ်။ စိုးရိမ်ကြောင့်ကြနေတာကတော့ တရားမဝင်လုပ်နေတဲ့ ကလေးတွေက ကြောက်တယ်။ အဲဒီအ တွက် မြန်မာ အလုပ်သမားတွေ တရားဝင်အောင် ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်’)
ထိုင်းနိုင်ငံရှိ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် နှင့် အင်တာဗျူး
ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန် စုံတွဲ အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရ သော မြန်မာနိုင်ငံသားနှစ်ဦးကို အခင်း ဖြစ်ပွားရာနေရာသို့ ထိုင်းရဲတပ်ဖွဲ့ က ခေါ်ယူပြီး သ ရုပ်ပြ ခိုင်းသည့် ဓာတ်ပုံများ ယနေ့မီဒီယာပေါ်တွင် အားလုံးတွေ့ရ ပြီးဖြစ်ပါသည်။ ¤င်းသရုပ်ပြပွဲကို ထိုင်း ရဲတပ်ဖွဲ့များ၊ အရာရှိများအပါအဝင် လူ တစ်အုပ်တမကြီးနှင့် လုပ်ေ ဆာင်ပြသ နေပုံမှာလည်း ချဲ့ကား လုပ်ဆောင်နေ သည့်သဘော သက်ရောက်နေသည်။ အမှန်တကယ်တွင် ရဲစခန်းနှင့် ရဲအရာရှိ တစ်ဦးရှေ့မှောက်ဝန်ခံချက်များကို တရား ဥပဒေစိုးမိုးသော နိုင်ငံများတွင် တရား ဥပဒေကြောင်းအရ အမှန်တရားဟု မမှတ်ယူကြပါ။ ရဲတပ်ဖွဲ့က သံသယရှိသူ တစ်ယောက်ကို အမှန်တကယ်ကျူးလွန် သည်ဖြစ်စေ၊ မကျူးလွန်သည် ဖြစ်စေ သံသယရှိခံရသူကိုပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခိုင်းရန်မှာ ယေဘုယျအားဖြင့်ရဲလုပ် သည့်အလုပ်ဖြစ်သည်။ ထိုကဲ့သို့အတင်း အကျပ်စစ်ဆေးဝန်ခံခိုင်းသောနည်းလမ်း တွင်သံသယရှိခံရသူအချုပ်သားကို…
(၁) အထီးကျန်အောင် သီးခြားထား၍ စိတ်ဓာတ်ပျက်ပြားအောင်လုပ်ခြင်း၊
(၂) အမှုကို ရဲက ဇာတ်လမ်းဆင်နှပ် ကြောင်းပေးပြီး အချုပ်သားကို ကြက်တူ ရွေးနှုတ်တိုက် ပြန်လည်ပြောပြစေခြင်း၊
(၃) ပြစ်မှုကျူးလွန်ကြောင်းကို ဝန်ခံလျှင် ပြစ်ဒဏ်သက်သာနိုင်ပြီး ဝန်မခံလျှင် လွတ်လမ်းမရှိဟု ခြိမ်းခြောက်ခြင်းစသည်တို့ကို ရဲလုပ်ငန်းအဖြစ် စနစ်တ ကျ လုပ်ေ ဆာင်လေ့ရှိကြပါသည်။ ထို့ကြောင့် တရားရုံးတစ်ရပ်ရပ်က ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ကို စစ်ဆေးတွေ့ရှိပြီး ပြစ်ဒဏ်မချမှတ်မချင်း ၎င်းမြန်မာ နိုင်ငံ သား များ ကို ပြစ်မှုကျူးလွန်သူများ ဟု မသတ်မှတ်နိုင်ပေ။

၎င်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန် မြို့ရှိ ထိုင်းသံရုံးကို မေးမြန်းခဲ့သော်လည်း ယခုအချိန်တွင် မည်သည့်မှတ်ချက်မှ မပေးနိုင်သေးကြောင်း ဖြေကြားခဲ့ သည်။ ထိုင်းနိုင်ငံ မြန် မာသံအမတ်ကြီး ဦးဝင်းမောင်အား ၎င်းကိစ္စနှင့်ပတ်သက် ၍ မေးမြန်းရာ ”အားလုံးဥပဒေအတိုင်း ဖြစ်အောင်ဆောင်ရွက်သွားပါမယ်။ စိုး ရိမ်ကြောင့်ကြနေတာကတော့ ဒါတော့ တရားမဝင်လုပ်နေတဲ့ ကလေးတွေက ကြောက်တယ်။ အဲဒီအတွက် မြန်မာ အလုပ်သမားတွေ တရားဝင်အောင် ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ဖြေကြားသွားပါသည်။ အဆိုပါကိစ္စ နှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန် မာသံရုံးက အထူးတာဝန်ပေးသော စုံစမ်းရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကျော် သောင်း အား ပေါ်ပြူလာနယူးစ်က အောက်တိုဘာ ၇ ရက်တွင် ဆက်သွယ် မေးမြန်းခဲ့ပါသည်။
ဒီနေ့ ဦးတို့အဖွဲ့ လိပ်ကျွန်းကိုသွားပြီး ဘာတွေလုပ်ပါသလဲ။
ကျွန်တော်တို့ လိပ်ကျွန်းကို ဒီနေ့ နံနက် ၁၁ နာရီမှာ ရောက်တယ်။ ပထမတော့ ကျွန်းမှာ ရွာသူကြီးနဲ့ ရဲတွေ စောင့်နေကြတယ်။ ပြီးတော့ မှုခင်းဖြစ်တဲ့နေရာ၊ အလုပ်သမားတွေ နေတဲ့နေ ရာ၊ လူသတ်တရားခံလို့ယူဆရတဲ့သုံးဦး ထိုင်ပြီး ဂစ်တာတီးတဲ့နေရာ၊ ပေါက်ပြားထားတဲ့နေရာ အကုန်လုံး ကျွန်တော်တို့ကို လိုက်ပြတယ်။ CCTV ကင်မရာပြတယ်။ ကျွန်းမှာ စကားပြောကြတယ်။ အခုထိလည်း ကျွန်တော်တို့ကျွန်းမှာ ရှိနေပါတယ်။
အမှုနဲ့ပတ်သက်ပြီး ကျွန်းမှာရှိတဲ့ မြန်မာတွေ အထူးသဖြင့်တရားခံလို့ စွပ်စွဲခံထားရတဲ့ သူနှစ်ဦးနဲ့အတူနေတဲ့သူတွေ နဲ့ တွေ့ဖြစ်ပါသလား။ သူတို့တွေဆီက ဘာတွေ မေး လို့ရခဲ့သလဲရှင့်။
အဲဒါ နည်းနည်းပါးပါးပါပဲ။ ကျွန်း မှာ ရှိတဲ့ သာရေးနာရေးအဖွဲ့တွေနဲ့ အလုပ်သမားအရေး ပူးပေါင်းဆောင် ရွက်ကြတဲ့ သူတွေကို ရနိုင်သမျှ သတင်း အချက်အ လက်ေ တွ မေးတယ်။ ဒီကျွန်း မှာရှိတဲ့ မြန်မာတွေက ကြောက်နေကြတယ်။ ကျွန်တော်တို့ မေးတာကို မဖြေ ရဲကြဘူး။ ဒီအမှုနဲ့ ပတ်သက်ပြီး ဖမ်း ဆီးနှိပ်စက်ခံခဲ့ ရတဲ့ ကောင်ေ လးတွေက ဒီကျွန်းက အာဏာပိုင်တွေက မြန်မာ တွေ ဖုန်းဆက်တာတွေ့ရင် ကျွန်းကနှင် ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ် လို့ပြောတယ်။ အမှုနဲ့ပတ် သက်တဲ့ ကလေး တွေနေတဲ့ အခန်းနားက သူတွေရဲ့ ဖုန်းတွေကို အာဏာပိုင်တွေက သိမ်းထားတယ်။ သူတို့တွေ ကြောက်နေကြတယ်။
ဒါဆို ဒီနေ့ ကျွန်းမှာရှိတဲ့ မြန်မာတွေဆီ က မေးလို့မရခဲ့တဲ့ အခြေအနေလား။
ဟုတ်တယ်။ ဘာမှ သိပ်မေးလို့မရဘူး။ ဖြေလည်းမဖြေရဲကြဘူး။
ဦးတို့အနေနဲ့ တရားလိုပြ သက်သေဖြစ် တဲ့ မောင်မောင်ကို တွေ့ခွင့်ရပြီလား။ အမှုတွဲကိုရော ကူးခွင့်ရပြီလားရှင့်။
မောင်မောင်ကိုလည်း တွေ့ခွင့် မရသေးပါဘူး။ အဲဒီအတွက် စိတ် မကောင်းဖြစ်မိတယ်။ ဒီကောင်လေးက ဂစ်တာတီးတဲ့အထဲမှာပါခဲ့တယ်။ သူ့ကို ဘယ်လို ခြိမ်းခြောက် ထားလဲ၊ ဘယ်လို ပုံစံမျိုး ဖြစ်နေလဲဆိုတာ တွေ့ချင်တယ်။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေက တွေ့ ခွင့်မပေးဘူး။ အမှုတွဲလည်း ကူးလို့မရ သေးပါဘူး။
အခုဆို ဦးတို့ တရားခံလို့ စွပ်စွဲခံထားရတဲ့သူတွေနဲ့လည်း တွေ့တယ်။ အမှုဖြစ်တဲ့နေရာလည်း ရောက်ခဲ့ပြီးပြီဆိုတော့ ဒီနှစ်ရက်အတွင်း ဘာထူးခြားတာ တွေ့ရလဲရှင့်။
မနေ့က ကလေးနှစ်ယောက်နဲ့ ကျွန်တော်တို့ တွေ့တဲ့အခါ ဒီသေတဲ့သူတွေက မင်းတို့ထက် အရပ်မြင့်တယ်။ ဒီလိုလူတွေကို သတ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတော့ သူတို့ပြောတာတွေ က ရှေ့နောက် မညီတာတွေ့ရတယ်။ အင်္ကျီအနီနဲ့ ကောင်လေးက အဖြူနဲ့ ကောင်လေးနဲ့ ကျွန်တော်တို့ စကားပြောရင် ပေးမပြောဘူး။ ဖြတ်ဖြတ်ပြော တယ်။ အဲဒါနဲ့ ကျွန်တော်တို့ နှစ်ဖွဲ့ခွဲပြီး သူတို့နှစ်ယောကို မေးတဲ့အခါ အဖြူနဲ့ ကောင်လေးက ပုံမှန်စိတ်မဟုတ်တဲ့ ပုံစံမျိုးတွေ့ရတယ်။ သူက ကလေး တစ်ယော က်လို ပြောနေတယ်။ အနီနဲ့ ကောင်လေးက ဖြစ်ချင်ရာဖြစ်ဆိုတဲ့ ပုံစံမျိုးနဲ့ နေတယ်။ ပြီးတော့ သူတို့တွေက ရဲစခန်းမှာအနှိပ်စက်ခံရလို့ကြောက်ပြီး ဝန်ခံတယ် လို့ ပြော တယ်။ နှိပ်စက်လို့ ခြေထောက်နဲ့ကန်လို့ ရတဲ့ဒဏ်ရာကို အနီနဲ့ ကောင်လေးကပြတယ်။ သူတို့ ကို ပုလိပ်နဲ့ ဘာသာပြန်က ရိုက်တယ်။ အမှန်အတိုင်းပြော၊ မပြောရင်သတ် မယ်ဆိုပြီးတော့ ခြိမ်းခြောက်လို့ သူတို့ ဝန်ခံလိုက်တယ်လို့ ပြောတယ်။
ဒါဆို နှစ်ရက်စစ်ဆေးပြီးတဲ့အခါမှာ ဒီဖြစ်စဉ်မှာ မြန်မာတွေမပါဘူးဆိုတာ ပြောနိုင်လား။
အတိအကျပြောဖို့တော့ ခက်တယ်။ ဖြစ်ရင်တောင်မှ သူတို့ချည်းပဲ မဖြစ်နိုင်ဘူး။ သေတဲ့သူနဲ့ သူတို့နဲ့ အလုံးအရပ်ချင်းကွာတယ်။ ကျွန်တော်ဖြစ်တယ်လို့ မပြော ဘူးနော်။ ဖြစ်ရင်တောင်မှသူတို့ဖြစ်တယ်ထားဦး နောက် လူပါရမယ်။ သူတို့ချည်းပဲ မဖြစ်နိုင်ဘူး။
အားလုံး စိတ်ဝင်စားနေတဲ့ တရားလိုပြသက်သေ မောင်မောင်နဲ့လည်း မတွေ့ရဘူး။ ကျွန်းမှာ မေးချင်တာတွေလည်းမရခဲ့ဘူးဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို မှတ် ချက် ပေးချင်ပါသလဲ။ ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။
ထိုင်းအာဏာပိုင်တွေက ဖိအားပေးထားတော့ အမှုမှန်ပေါ်ဖို့ အလှမ်း ဝေးဦးမယ်လို့ ထင်တယ်။ ဒီနေ့ ကျွန် တော်တို့ သွားတော့ မြေပြင်အခြေအနေကို သိရတယ်။ ကျွန်တော်တို့ကတော့ ကောင်လေးတွေ ရှိတဲ့ ကော့စမွီ မှာပဲ စတည်းချမယ်။ မောင်မောင်နဲ့ တွေ့ခွင့်မရရင် ဘယ်လိုပုံစံမျိုးရပ်တည် ပေးမလဲ၊ အခြားအဖွဲ့တွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာ ဒီရက်ပိုင်းအတွင်းမှာ အစည်းအဝေးထိုင်ပြီး ဆက်လုပ်မှာပါ။
မေဇင်ဝင်း တွေ့ဆုံမေးမြန်းသည်။

Aye Chan Mon Credit To;http://www.popularmyanmar.com/
Photo: လိပ်ကျွန်းတွင် အမှန်တရားထွန်းလင်းပါစေသား

Post a Comment

Top