0
ဝေးလံတဲ့ တိုင်းရင်းသား ဒေသတွေမှာ သွားရေးလာရေး ခက်တာမို့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ အတွက် မဲဆွယ်စည်းရုံးရေး ကာလ တိုးမြှင့်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်နေတယ်လို့ သိရပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ မဲဆွယ်စည်းရုံးရေး ကာလကို ရက် ၃၀ သတ်မှတ်ထားပေမယ့်လည်း ခု ရက်ပေါင်း ၆၀ အထိ တိုးမြှင့်ပေးဖို့ တိုင်းရင်းသား ပါတီတွေက တောင်းဆိုတာကြောင့် ခုလို စီစဉ်နေတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးကြီးမြင့်က “တချို့ တိုင်းရင်းသား ဒေသတွေမှာ ရာသီဥတုနဲ့ မြေပြင် အခြေအနေအရ ကော်မရှင်က ပေးထားတဲ့ ရက်က နည်းနေတယ်။ ဒါပေမဲ့ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြန်စဉ်းစားပေးမယ်လို့ ပြောသွားပါတယ်” လို့ ဆိုပါတယ်။

မဲဆွယ်ခွင့်ကာလဟာ တိုင်းရင်းသားဒေသတွေအတွက် နည်းနေတာကြောင့် သတ်မှတ်ရက် အတွင်းမှာ မဲဆွယ်ရေး လုပ်ငန်းစဉ်တွေကို အပြီးသတ်ဖို့ ခက်တာကြောင့် ခုလို တိုးမြှင့် တောင်းဆိုနေရတာ ဖြစ်တယ်လို့ ဖက်ဒရယ် မဟာမိတ်ပါတီ FUP ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဆိုပါတယ်။

ACM Credit To : The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top