0


မန္တလေးမြို့တော်တွင် ပဋိပက္ခများ ဖြစ်ပွားပြီး လေးရက်ခန့်အကြာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ပိတ်စွယ်ရပ်ကွက်တွင် ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ဓားပြတိုက်မှု ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရှိရာ ယင်းသတင်းသည် မဟုတ်မှန်ကြောင်း မိုးကုတ်မြို့မ ရဲတပ်ဖွဲ့စခန်း အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။

“ဓားပြတိုက်မှု မဟုတ်ပါဘူး။ ခိုးမှုဖြစ်ပွားတာပါ။ သေနတ် အတိုအရှည်တွေ ပါတယ် ဆိုတာလည်း မဟုတ်ပါဘူး။ လျို့ဝှက်ဖြစ်တဲ့အတွက် ပြောလို့မရပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကမ္ဘာကျော် ပတ္တမြားနှင့် နီလာ ကျောက်မျက်ရတနာများ အဓိက ထွက်ရှိရာ မိုးကုတ်မြို့တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က တစ်ပြိုင်နက်တည်း ရွှေဆိုင်နှစ်ဆိုင်ကို လူခြောက်ဦးက ပစ္စတိုသေနတ် နှစ်လက်ဖြင့် ဓားပြတိုက်ရာ ရွှေ ၆ ပိဿာခန့် ပါသွားပြီး သေနတ်ဒဏ်ရာကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရသွားကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူထံမှ သိရသည်။

ACM Credit To:The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top