0

သီဟကိုကို| ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၉ ရက်၊ ၂၀၁၄ ခုနှစ်

သက်တမ်းလွန် ယာဉ်အိုယာဉ်ဟောင်းများ၊ စက်မှုဇုန်ထုတ်ယာဉ်များနှင့် သုံးဘီးယာဉ်များကို ဖျက်သိမ်းပြီး အစားထိုးယာဉ်များ တင်သွင်းခွင့်ပြုမည်ဟု ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

စီးပွားရေးသမားများက အပ်နှံစလစ်အပေါ် ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းကို တားဆီးရန် လိုအပ်သည့်အတွက် ယာဉ်ဟောင်းအပ်နှံအစားထိုး တင်သွင်းလာသည့် ယာဉ်အမျိုးအစား မှတ်ပုံတင်ခ ရာခိုင်နှုန်း လျှော့ပေါ့ပေးခြင်းကို ၂၀၁၄ ခုနှစ်အတွင်းသာ ဆောင်ရွက်ခွင့်ပြု တော့မည်ဟု ထုတ်ပြန်ခြင်း ဖြစ်သည်။

ကားရောင်းဝယ်ရေးလုပ်ငန်းရှင် ကို အောင်ဇော်ဦး(အရည်ကြို)က “ ကားစလစ်ဈေးက သိန်းတစ်ရာ အထက်တော့ မတက်နိုင်တော့ဘူး။ ကားဈေးပါ အတိုင်းအတာ တစ်ခုအထိ လိုက်ကျလာမှာပါ။ ဘယ် လောက်ကျမလဲက လတ်တလော မှန်းဆရခက်သေးတယ် ” ဟု ပြောသည်။

ဇူလိုင် ၁၄ မှစတင်ကာ ပြည်တွင်းထုတ် စက်မှုဇုန်ကားများကို ဖျက်သိမ်းခွင့်ပြု မည်ဖြစ်ပြီးCIF ၁၅,၀၀၀ အောက်ယာဉ် ကိုသာ တင်သွင်းခွင့်ပြုမည် ဖြစ်သည်။ သြဂုတ်လအတွင်း သုံးဘီးယာဉ်များကို ဖျက်သိမ်း ခွင့်ပြုမည်ဖြစ်ပြီး သုံးဘီးယာဉ် (သို့) CIF ၁၀,၀၀၀ ထက်နည်းသည့် အင်ဂျင်ပါဝါ ၁,၃၅၀ ကားများကို တင် သွင်းခွင့်ပြုမည်ဖြစ်သည်။

အခြားနှစ် ၂၀ သက်တမ်းလွန် ယာဉ် များကို စက်တင်ဘာလမှစ၍ ဖျက်သိမ်း ဆောင်ရွက်ခွင့်ပြုမည်ဟု ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကားတင်သွင်းရောင်းချသည့် Htoo Family Trading ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဝင်းနိုင်က “ သတင်းတွေ ထွက်နေတာ ကကြာပြီ။ မူဝါဒတစ်ခုပြောင်းတာက ခြောက်လလောက်ကြိုပြီး အသိပေးတာ မျိုးလုပ်သင့် တယ်။ ဘာလို့လဲဆိုတော့ အခု စလစ်ဈေးတွေ ကျတော့မယ်။ အရင်စ လစ်ဈေးကြီးမိပြီး ၀ယ်ထားတဲ့ ကားတွေကို ရောင်းဖို့က အခက်အခဲရှိလာတော့မယ်။ ကြိုအသိပေးထားရင် ချိန်ဆပြီးလုပ်လို့ရတာပေါ့ ” ဟု ပြောသည်။

အစားထိုးတင်သွင်းလာမည့် သုံးဘီးယာဉ်များကို မှတ်ပုံတင်ခကောက်ခံရာ တွင် ၄၀ ရာခိုင်နှုန်း လျှော့ပေး မည် ဖြစ်ပြီး သုံးဘီးယာဉ်များကို ၄၀ ရာခိုင်နှုန်း၊ သုံးဘီးအစား အိမ်စီးကားများတင်သွင်းမည်ဆိုလျှင်၂၀ ရာခိုင်နှုန်းလျှော့ပေးမည်ဖြစ်သည်။

ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ ကောက်ခံခြင်းကို စ မှ ပ အက္ခရာအထိ အပ်နှံယာဉ်များကို ၄၀ ရာခိုင် နှုန်း၊ ဗ မှ ၂က အက္ခရာအထိ ၆၀ ရာခိုင်နှုန်း၊ လေလံပြန်လည်မှတ်ပုံတင်ယာဉ်များကို ၆၀ ရာခိုင်နှုန်း၊ တက္ကစီအငှားယာဉ်များကို ၈၀ ရာခိုင်နှုန်း လျှော့ပေးမည်ဖြစ်သည်။

ACM Credit To:Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top