0
ရန်ကုန်၊ ဇူလိုင် ၈- အိမ်ထောင်စု စာရင်းနှင့်မှတ်ပုံတင်စာရင်း၌လူမျိုး အမည် ရေးသွင်းမှုမှားယွင်းနေပါက အထောက် အထားများဖြင့် သက်ဆိုင် ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနရုံးများတွင် လျှောက်ထားပါက လုပ်ထုံးလုပ်နည်းနှင့် အညီ ပြင်ဆင် ဆောင်ရွက်ပေးနေပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ဇူလိုင်၈ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး တွင် ရှမ်းပြည်နယ်အမျိုးသား လွှတ် တော် မဲဆန္ဒနယ် အမှတ်(၅)က ဦးစိုင်း ဝင်းမောင်မေးမြန်းသည့်လူမျိုးစာရင်း မှန်ကန်မှုပြန်လည်ရရှိစေရန်အတွက်သက်ဆိုင်များမှ ဆောလျင်စွာပြန် လည်ပြုပြင်ပြောင်းလဲပေးနိုင်ခြင်းအစီ အစဉ်ရှိ မရှိနှင့်ပတ်သက်၍မေးခွန်း ကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက ''မှတ်ပုံတင် စာရင်းများမှာ စာရင်းရေးသွင်းရ သည့်အချက်အလက်များဟာ နိုင်ငံ သားအရည်အချင်းရှိ မရှိ ဆုံးဖြတ် ရာ တွင်အချက်အလက်များမှန်ကန် တိကျမှုနှင့် အငြင်းပွားဖွယ်ရာမဖြစ် စေရန်အတွက် ကာယကံရှင်၏တရား ဝင်ပြောဆိုချက်များအား အခိုင်အမာ ရယူကာ မှတ်တမ်းအထောက်အထား များနှင့်တိုက်ဆိုင်စိစစ်၍ မိမိတို့ဝန် ထမ်းပိုင်း က ရေးသွင်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ရေးသွင်းပေး ရခြင်းသာဖြစ်ပြီး ကာယကံရှင်မှ လျှောက်ထားချက်များ မှန်ကန်ကြောင်း တာဝန်ယူလက်မှတ်ရေးထိုးရပါတယ်'' ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ရှမ်းလူမျိုး စာရင်းမှန်ကန်စွာ သိရှိ စေရန်အတွက် ရှမ်းလူမျိုးဦးရေစာရင်း အမှန်ကောက် ယူရေးကော်မတီ (ရန် ကုန်တိုင်းဒေသကြီး) မှ၂၀၁၄ ခုနှစ် အတွင်း တိုက်ကြီး၊ တွံတေးနှင့် ကော့ မှူးမြို့နယ်များတွင် စာရင်းပြု စုကောက် ခံခဲ့ရာ တိုက်ကြီးမြို့နယ်၌ ရှမ်းရွာ၁၃ ရွာကျော်၌ ရှမ်းလူမျိုးအိမ်ထောင်စု ၃၀၀၀ ကျော်အနက် ၂၀၀ဝကျော် တွင် ဗမာဟုဖော်ပြ ထားခြင်းနှင့်တွံ့တေး ရှိရှမ်းရွာငါးရွာနှင့် ကော့မှူးမြို့နယ် ရှိ ရှမ်းရွာခုနစ်ရွာတွင် ရှမ်းအိမ် ထောင်စုပေါင်း၂၀၀ဝကျော် အနက် အိမ်ထောင်စု ၈၀ဝကျော်တို့တွင် ဗမာဟုဖော်ပြထားခြင်းအား တွေ့ရှိရ ကြောင်း ဦးစိုင်းဝင်းမောင် က မေးခွန်း မေးမြန်းရာ၌ ထည့်သွင်းပြောသည်။

''အိမ်ထောင်စုစာရင်းနဲ့မှတ်ပုံ တင်တို့တွင် မှတ်သားထားသောလူ မျိုးစာရင်းမှန်ကန်ပါမှ မိမိတို့ရသင့်ရ ထိုက်သောအခွင့် အရေး၊ ဖြစ်သင့်ဖြစ် ထိုက်သောအခြေအနေများရရှိခံစား ရနိုင်မှာဖြစ်ကြောင်းသိရှိနားလည် မှုနည်းပါးကြပါတယ်''ဟု ဦးစိုင်းဝင်း မောင်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လူမျိုးအမည် မှား ယွင်းရေးသားခြင်းအား ပြန်လည် မှန်ကန်မှုရစေရန်အတွက် ယင်းဒေသ ခံများမှလိုလား လျက်ရှိကြောင်း ၎င်း ကဆက်လက်ပြောဆိုသည်။

''မိမိတို့ရဲ့ လူမျိုး အမှန်ပြန်လည် ဖော်ထုတ်ရေးအတွက် နိုင်ငံသား တိုင်းရဲ့ အခွင့်အရေးဖြစ်ပါတယ်''ဟုယင်းကဆိုသည်။
လူမျိုးစာရင်းသွင်းခြင်းနှင့်ပတ် သက်၍ နိုင်ငံသား၏ကိုယ်ရေးမှတ် တမ်းပုံစံရေးသွင်းခြင်းဆိုင်ရာ ညွှန်ကြား ချက်ငါးချက်အရ မှတ်ပုံတင်သူ၏လူမျိုးအမည်အား အတိအကျရေး သားဖော်ပြရပြီး ကပြားဖြစ်ပါက ဖခင်လူမျိုးအမည်အားရှေ့မှထားပြီး မိခင်လူမျိုးအမည်အား နောက်က ထား၍ရေးသွင်းရကြောင်း ဖခင်နှင့် မိခင်သည် ကပြားဖြစ်ပါက အထက် ကနည်း အတိုင်း ရေးသားရမည်ဖြစ် ပြီးဥပမာ- (ဗမာ+တရုတ်)(တရုတ် +ဗမာ) ဟု ရေးသွင်းရမည်ဖြစ်ကြောင်း တိကျကွဲပြား စွာဖော်ပြရန်ခက်ခဲပါ ကဖခင်၏လူမျိုးအမည်ကို ရေးသွင်း ရန်ဖြစ်ပြီး လျှောက်ထားသူ ကာယကံ ရှင်၏ပြောဆိုချက်အား အထောက် အထားဖြင့်မှတ်တမ်းတင်ရေးသား ရမည်ဖြစ်ကြောင်းဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

အကြောင်းကြောင်းကြောင့် လူ မျိုးမှားယွင်းနေမှုများရှိပါက လူမျိုး မှန်ပြင်ဆင်ပေးနိုင်ရေးအတွက် ဝန် ကြီးဌာနတွင် လုပ်ထုံးလုပ်နည်းများ ရှိပြီး လက်ရှိအချိန်တွင်လည်း ဆောင် ရွက်ပေးလျက်ရှိကြောင်း ပုဂ္ဂိုလ်ရေး အချက်အလက်များ မှန်ကန်စေရန် အတွက် ကာယကံရှင်၏ခိုင်လုံသည့် အထောက်အထားဖြင့် တင်ပြလျှောက် ထားလာပါက ဆောင်ရွက်ပေးလျက် ရှိကြောင်း ဒုတိယဝန်ကြီးကဆက် လက်ပြောသည်။

L A
[--Democracy today Daily Newspaper--]

ACM Credit To:Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top